ဇော်မင်း (နိုင်ငံရေးသမား)
ပုံပန်းသွင်ပြင်
ဦးဇော်မင်း | |
|---|---|
| အမျိုးသားလွှတ်တော် ကိုယ်စားလှယ် | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၃ ဖေဖော်ဝါရီ ၂၀၁၆ | |
| မဲဆန္ဒနယ် | စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် ၆ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ၁၇ ဇူလိုင်၊ ၁၉၄၉ မိုးကုတ်မြို့ |
| လူမျိုး | မြန်မာ |
| နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
| ကြင်ဖော် | ဒေါ်ခင်မြင့်နိုင် |
| သားသမီး | ၂ |
| မိဘ | ဦးချစ်ဆွေ ဒေါ်စန်းရီ |
| မိခင်ကျောင်း | ရန်ကုန်တက္ကသိုလ် |
ဦးဇော်မင်း (၁၇ ဇူလိုင် ၁၉၄၉ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား တစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ ကိုယ်စားပြု၍ တာဝန်ထမ်းဆောင်လျက်ရှိသည်။[၁]
အစောပိုင်းဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဦးဇော်မင်းကို ၁၉၄၉ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် မိုးကုတ်မြို့၌ မွေးဖွားခဲ့သည်။ ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိခဲ့သည်။ ၁၉၇၉ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ကသာမြို့တွင် တရားလွှတ်တော် ရှေ့နေအဖြစ်လည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် ရန်ကုန်မြို့တွင် ကုန်သည်အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့သည်။
နိုင်ငံရေး
[ပြင်ဆင်ရန်]သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တစ်ဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၆ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီးနောက် အနိုင်ရ ရွေးကောက်ခံခဲ့ရသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ MP profile (in my)။ Pyidaungsu Hluttaw။ 18 August 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 18 August 2018 တွင် ပြန်စစ်ပြီး။
| ဤ မြန်မာနိုင်ငံ နိုင်ငံရေးသမား ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |