မာတိကာသို့ ခုန်သွားရန်

ကိုနီ (ရှေ့နေ)

ဝီကီပီးဒီးယား မှ
ဦးကိုနီ
ဦးကိုနီ ဗွီအိုအေနဲ့ အင်တာဗျူး ၂၀၁၅ ခုနစ်
မွေးဖွား(1953-02-11)၁၁ ဖေဖော်ဝါရီ၊ ၁၉၅၃
ကသာမြို့နယ်စစ်ကိုင်းတိုင်း[]
ကွယ်လွန်၂၉ ဇန်နဝါရီ၊ ၂၀၁၇(2017-01-29) (အသက် ၆၃)
ရန်ကုန်မြို့
သေဆုံးရခြင်း အကြောင်းရင်းလုပ်ကြံခံရမှု
ထာဝရ နားခိုရာနေရာရေဝေးသုသာန်
နိုင်ငံလူမျိုးမြန်မာ
ပညာရေးB.A. (၁၉၇၅), LL.B. (၁၉၇၆)[]
မိခင်ကျောင်းရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်[]
အလုပ်အကိုင်တရားလွှတ်တော်ရှေ့နေ Chairman of Laurel Law Firm(Myanmar)
တက်ကြွလှုပ်ရှားနှစ်များ၁၉၇၆–၂၀၁၇[]
ကျော်ကြားမှုအရင်းခံစာရေးဆရာ၊ NLD ပါတီ၏ ဥပဒေအကြံပေး
အိမ်ထောင်ဖက်(များ)ဒေါ်တင်တင်အေး[]
သားသမီးယဉ်နွယ်ခိုင်[]
အေးသီခိုင်
သန့်ဇင်ဦး
မိဘများ
  • စူလ်တန် မိုဟာမက် (ဖခင်)
  • ဒေါ်ဟလီမာခင်လှ[] (မိခင်)

ဦးကိုနီ (၁၁ ဖေဖော်ဝါရီ ၁၉၅၃ - ၂၉ ဇန်နဝါရီ ၂၀၁၇) သည် ထင်ရှားသော မွတ်စလင်မ် ရှေ့နေတစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်[] ဥပဒေ အကြံပေး ရှေ့နေတစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်ရာထူးကို ရယူနိုင်အောင် ကြိုးပမ်းခဲ့သူ ဖြစ်သည်။ သူသည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သူလည်း ဖြစ်သည်။[]

ဦးကိုနီသည် အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော Senior Leadership Programme ကို တက်ရောက်ပြီး အပြန် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လုပ်ကြံခံခဲ့ရပြီး ကွယ်လွန်ခဲ့သည်။[]

အဖ ဦးစူလ်တန်၊ မိခင် ဒေါ်ခင်လှ(ခ) ဒေါ်ဟလီမာတို့မှ စစ်ကိုင်းတိုင်းကသာခရိုင်ကသာမြို့နယ်၊ အင်းရွာကျေးရွာတွင် မွေးဖွားခဲ့သည်။[]

ပညာရေး

[ပြင်ဆင်ရန်]

ကသာမြို့ အထက (၁) ကျောင်းမှ ၁၉၇၁ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ကာ ၁၉၇၅ ခုနှစ်တွင် B.A(Law) ဘွဲ့ရရှိခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် LL.B ( ဥပဒေဘွဲ့) ကို ရရှိခဲ့သည်။ ၁၉၇၅−၁၉၇၆ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ် ဥပဒေအသင်းကြီး၏ ဒုဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ၁၉၇၇ မှ ၁၉၇၉ ခုနှစ်အတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် နည်းပညာဆရာအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[]

ရှေ့နေဘဝ

[ပြင်ဆင်ရန်]

၁၉၇၆ ခုနှစ်တွင် ဥပဒေဘွဲ့ရရှိပြီးနောက် အဝေးသင်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရင်း ဆရာကြီးဦးကိုယုထံတွင် အလုပ်သင်ရှေ့နေ၊ အမှုလိုက်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ကာ ၁၉၉၅ ခုနှစ်တွင် Laurel Law Firm ကို တရားဝင်မှတ်ပုံတင်ပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။[]

နိုင်ငံရေးလှုပ်ရှားမှု

[ပြင်ဆင်ရန်]

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ ၂၀၁၃ ခုနှစ် ​အောက်တိုဘာလ ၈ ရက်နေ့တွင် တရားဝင် ဝင်​ရောက်ခဲ့ပြီး[] ဗဟိုဥပဒေ အထောက်အကူပြု အဖွဲ့ဝင်[] တရားလွှတ်တော်ရှေ့နေဖြစ်သည်။ ဦးကိုနီသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲခြင်းထက် အသစ်အစားထိုးရေးဆွဲသင့်သည်ဟု ယုံကြည်ထားသူဖြစ်သည်။[]

မိသားစု

[ပြင်ဆင်ရန်]

ဇနီး ဒေါ်တင်တင်အေးနှင့် သားသမီး ၃ ဦး ရှိပြီး သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်၊ ဒေါက်တာအေးသီခိုင်၊ သားငယ် ကိုသန့်ဇင်ဦး (စင်ကာပူ) တို့ဖြစ်ပြီး ရန်ကုန်တွင် နေထိုင်ခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ပြန်ကြားရေးဝန်ကြီးဌာန၏ (Senior Leadership Program) အင်ဒိုနီးရှားလေ့လာရေးခရီးစဉ်လိုက်ပါပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာစဉ် သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရခြင်းဖြစ်သည်။[] ၂၀၁၇ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ်ရှိပြီဖြစ်သည်။[] ဦးကိုနီ၏ဈာပနသို့ ဘာသာပေါင်းစုံမှ လူ​ပေါင်းထောင်ချီ လိုက်ပါပို့ဆောင်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 4 5 6 7 8 9 10 11 "တရားလွှတ်တော်ရှေ့နေ ဦးကိုနီ၏ ကိုယ်ရေးအကျဉ်း"၊ မဇ္ဈိမ၊ ၂၉ ဇန်နဝါရီ ၂၀၁၇ ၂၉ ဇန်နဝါရီ ၂၀၁၇ တွင် ပြန်စစ်ပြီး
  2. 1 2 National League for Democracy Statement facebook (၂၉ ဇန်နဝါရီ ၂၀၁၇)။
  3. Jagan၊ Larry။ "Will Aung San Suu Kyi be Myanmar’s next president?"၊ The Nation၊ ၁၀ ဖေဖော်ဝါရီ ၂၀၁၆ 30 January 2017 တွင် ပြန်စစ်ပြီး Archived from the original on 2 February 2017။
  4. ရှေ့နေကြီး ဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရ ဘီဘီစီ (၂၉ ဇန်နဝါရီ ၂၀၁၇)။ ၂၉ ဇန်နဝါရီ ၂၀၁၇ တွင် ပြန်စစ်ပြီး။
  5. 1 2 "Obituary: The 'irreplaceable' U Ko Ni"၊ 31 January 2017 11 February 2017 တွင် ပြန်စစ်ပြီး
  6. Myanmar ruling party lawyer shot dead at Yangon airport 23 July 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 January 2017 တွင် ပြန်စစ်ပြီး။
  7. Crouch၊ Melissa။ "A personal tribute to U Ko Ni"၊ 31 January 2017 31 January 2017 တွင် ပြန်စစ်ပြီး