ဇဖား ရှား ဘုရင်

ဝီကီပီးဒီးယား မှ
Bahadur Shah II
17th en:Mughal Emperor of India
နန်းသက်28 September 1837 – 14 September 1857
ရှေ့မင်းဆက်Akbar Shah II
နောက်မင်းဆက်Mughal Empire abolished
Descendants: Sons and daughters, few descendents live to this day.
မွေးဖွား(1775-10-24)၂၄ အောက်တိုဘာ၊ ၁၇၇၅
Delhi, Mughal Empire
ကွယ်လွန်၇ နိုဝင်ဘာ၊ ၁၈၆၂(1862-11-07) (အသက် ၈၇)
ရန်ကုန်မြို့ဗြိတိသျှဘားမား
ထာဝရ အိပ်စက်ရာ နေရာ7 November 1862
Rangoon, British Burma
အိမ်ထောင်ဖက်Ashraf Mahal
Akhtar Mahal
Zeenat Mahal
Taj Mahal
အမည် အပြည့်အစုံ
Abu Zafar Sirajuddin Muhammad Bahadur Shah Zafar
စံအိမ်Timurid
မင်းဆက်Timurid
ခမည်းတော်Akbar Shah II
မယ်တော်Lalbai
ကိုးကွယ်မှုIslam, Sufism

ဘုရင် အဗူ ဇဖား ဆီရာဂျာဒင် မိုဟာမက် ဗဟာဒူး ရှား ဇဖား ခေါ် His Royal Highness Abu Zafar Sirajuddin Muhammad Bahadur Shah Zafar (အူရဒူ: ابو ظفر سِراجُ الْدین محمد بُہادر شاہ ظفر‎), သည် ( ဗဟာဒူးရှား Bahadur Shah သို့ ဗဟာဒူးရှား၂ Bahadur Shah II ) (အူရဒူ: بہادر شاہ دوم‎) ဟု လည်း လူသိများသော အိန္ဒိယ နိုင်ငံ ၏ တီမူရစ် မင်းဆက် မှ နောက်ဆုံး မဂို ဘုရင် ဖြစ်သည်။

အက္ကဘာ ရှား ၂ ဘုရင်၏ သားဖြစ်သည်။ ၁၈၃၇ စက်တင်ဘာ ၂၈ တွင် ခမည်းတော် ဘုရင်ကြီး နတ်ရွာစံပြီးနောက် ရှား ဘုရင်ဖြစ်လာခဲ့သည်။ [၁] ကဗျာစာဆိုတစ်ဦးလည်း ဖြစ်သည်။ ဗြိတိသျှတို့က နိုင်ငံကို သိမ်းပိုက်ပြီး ပုန်ကန်မှုများ မဖြစ်ပွားစေရန် မြန်မာနိုင်ငံ ၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်း ကို အိန္ဒိယ နိုင်ငံ ရတနာဂီရိ သို့ပို့ဆောင်ခဲ့သလို အိန္ဒိယနိုင်ငံ ၏ နောက်ဆုံးမင်း ဖြစ်သော ရှားဘုရင်ကိုလည်း ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့သည်။

ဘုရင်မဖြစ်မီ[ပြင်ဆင်ရန်]

အက္ကဘာ ရှား ၂ သည် ပြိုကွဲနေသော အင်ပါယာ ကြီးကို ၁၈၀၆ နှင့် ၁၈၃၇ အတွင်း အုပ်ချုပ်ခဲ့သည်။ ထိုအတောအတွင်း အရှေ့အိန္ဒိယ ကုမ္ပဏီ က လည်း သူတို့၏ အုပ်ချုပ်မှုအောက်ရှိ နယ်ပယ်များတွင် သုံးစွဲနေသော ငွေကြေးများ မှ ဘုရင့်နာမတော် ကို ဖယ်ရှားခဲ့သည်။

ဘုရင်ကြီး အက္ကဘာ ရှားသည် ဗဟာဒူး ရှား ဇဗား ကို နန်းဆက် ဆက်ခံရန် ရွေးချယ်ထားခြင်း မရှိခဲ့ပေ။ အက္ကဘာရှား ကို မမ်တဇ် ဘီဂမ် ဟုခေါ်သော မိဖုရား တစ်ပါး က သူ၏ သားတော် မီဇ ဂျဟန်ဂျာ ကို နန်းမွေ ဆက်ခံရန် တွန်းအားပေးခဲ့သည်။ အက္ကဘာ ရှား က လည်း ထို တောင်းဆိုချက်ကို လက်ခံနိုင်ခဲ့သည်။

ဘုရင်အဖြစ်သို့[ပြင်ဆင်ရန်]

The Emperor Bahadur Shah II Enthroned

ဗဟာဒူး ရှား ဇဗား သည် ဒေလီ ရှိ ခံတပ်နီ နန်းတော် အပြင်မျှသာ အာဏာသက်ရောက်သော မဂို အင်ပါယာ ကို ဦးဆောင်ခဲ့သည်။ ဗြိတိသျှ တို့ က ၁၉ ရာစု အိန္ဒိယ ၏ နိုင်ငံရေး နှင့် စစ်ရေး ကို ဝင်ရောက်စွက်ဖက် ခဲ့ကြသည်။ ဗြိတိသျှ အိန္ဒိယ နယ်ပယ် ၏ အပြင်ဘက်တွင်မူ တိုင်းနိုင်ငံငယ်များ အုပ်ချုပ်ခံနယ် များ အဖြစ် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်ခဲ့သည်။ ဒေလီရှိ ဘုရင်ကြီး ကို ဗြိတိသျှ တို့ က အချို့ အခွန်ကောက်ခံခွင့်၊ စစ်တပ်အနည်းငယ် ထားရှိခွင့် စသော အခွင့်အရေး တချို့နှင့် လေးစားမှု အနည်းငယ် ပေးခဲ့သည်။ သို့သော် ထိုသို့ စစ်တပ်ထားရှိခွင့် သည် အိန္ဒိယ ကို မည်သို့မျှ စိုးမိုးနိုင်စွမ်း မရှိစေရန် လည်း လုပ်ဆောင်ခဲ့သည်။ ဗဟာဒူးရှား ၂ ကိုယ်တိုင် ကလည်း မည်သည့် တိုင်းရေးပြည်ရာ ကို လည်းကောင်း၊ တော်ဝင် ဆိုင်ရာ ရည်မှန်းချက် ကို လည်းကောင်း စိတ်ဝင်စားမှု မရှိခဲ့ပေ။ စီပွိုင်း တပ်တွင်းပုန်ကန်မှု အပြီးတွင်မှု ဗြိတိသျှ တို့ က ဘုရင်အား ဒေလီမှ ပြည်ပသို့ ပို့ဆောင်လိုက်သည်။ ထိုအကြောင်း ကို ဝီလျှံ ဒယ်ရမ်ပယ် ရေးသော နောက်ဆုံးမဂိုဘုရင် အကြောင်း တွင် သေချာဖော်ပြခဲ့သည်။

ဗဟာဒူး ရှား ဇဗား ကို အူရဒူ ကဗျာဆရာ အဖြစ် အသိအမှတ်ပြုခဲ့ကြသည်။ ကဇယ်(ghazal) ဟု ခေါ်သော အူရဒူ ကဗျာများ အမြောက်အမြား ကို ရေးသားခဲ့သည်။ ၎င်း၏ လက်ရာအချို့သည် ၁၈၅၇ အိန္ဒိယပုန်ကန်မှု အတွင်း ပျက်စီးပျောက်ဆုံး သွားသော်လည်း အများစုမှာ ကျန်ရစ်ခဲ့သည်။ အများစု ကို နောက်ပိုင်း တွင် ကူလီယက် အီ ဇဗား အဖြစ် စုပေါင်း၍ ထုတ်ဝေခဲ့သည်။ ၎င်း၏နန်းတော် သည် ဂါလစ်၊ နာဝပ် မီဇာ ခန်း ဒါ့၊ မူနင် နှင့် ဇက် တို့ကဲ့သို့သော အူရဒူ ကဗျာအကျော်အမော် များ စုဝေးရာ ဖြစ်ခဲ့သည်။

ပါးစပ်ရာဇဝင် အရ သူပြောခဲ့သည်မှာ [၂]

غازیوں میں بو رھےگی جب تلک ایمان کی

تخت لندن تک چلےگی تیغ ھندوستان کی


Ghāzioń méń bū rahegi jab talak imān ki; Takht-e-London tak chalegi tégh Hindustan ki


As long as there remains the scent of faith in the hearts of our Ghazis, so long shall the sword of Hindustan flash before the throne of London


၁၈၅၇ အဖြစ်အပျက်[ပြင်ဆင်ရန်]

Capture of Bahadur Shah Zafar and his sons by William Hodson at Humayun's tomb on 20 September 1857
Bahadur Shah Zafar in 1858, just after his show trial in Delhi and before his departure for exile in Rangoon. This is possibly the only photograph ever taken of a Mughal emperor.

ဘုရင် ဗဟာဒူး ရှား သည် အိန္ဒိယလွတ်လပ်ရေး အတွက် ကြိုးပမ်းခဲ့သူ ဖြစ်သည်။ ၁၈၅၇ တွင် ဖြစ်ခဲ့သော အိန္ဒိယ ပုန်ကန်မှုကြီး ပြန့်နှံ့လာမှုကြောင့်၊ စီပွိုင်းတပ်ရင်း သည် ဒေလီ ကို သိမ်းယူခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ပင် အခြားသော အိန္ဒိယ ဟိန္ဒူ နှင့် မူစလင် ဘုရင် များက ဇဖား ကို အင်ပါယာကြီး၏ ဘုရင် အဖြစ် သတ်မှတ် ခဲ့ကြသည်။[၃] ဇဖားသည် တော်ဝင်မျိုးဆက်များ ၏ နောက်ဆုံး ဘုရင်ဖြစ်သည့် အလျောက် ဗြိတိသျှတို့က စိုးရိမ်ခဲ့သည်။ ဗြိတိသျှတို့ အခြေခိုင်လာသောအခါ ဇဖားသည် ဟူမရန်းအုတ်ဂူတွင် ပုန်းခိုနေခဲ့သည်။ ၂၀ စက်တင်ဘာ ၁၈၅၇ တွင် ဝီလျှံ စတီဖင် ရိင်ကန် ဟော့ဆန် ဦးဆောင်သော ဗြိတိသျှစစ်တပ် က သင်္ချိုင်းကို ဝိုင်း၍ လက်နက်ချခိုင်းခဲ့သည်။ ဟော့ဆန် က နောက်တနေ့တွင် သားတော် မီဇ မူဂယ်၊ မီဇ ခိုင်ဇာ ဆူလ်တန် နှင့် မြေးတော် မီဇ အဗ္ဗူ ဘာခ့် တို့ကို ဒေလီတံခါး အနီးရှိ ခူးနီ ဒါဝါဇ တွင် သတ်ဖြတ်စေခဲ့သည်။

ဗဟာဒူးရှား ၏ အုတ်ဂူတော်

ထိုသတင်းကို ကြားရသောအခါ ရှားဘုရင် သည် တိတ်ဆိတ်စွာ ထိတ်လန့်နေခဲ့သည်။ သို့သော် မိဘုရား ဇီးနတ် မဟယ် က မူ သူ၏သား မှာ ရှားဘုရင်အား ဆက်ခံသူ ဖြစ်လာသဖြင့် ကျေနပ်နေခဲ့သည်။ မေဂျာ ဝီလျှံ စတီဖင် ရိဒ် ဟော့ဆန် က နောရပ်ဇ် ခေါ် အီရန် နှစ်သစ်ကူး လက်ဆောင် အဖြစ် ဘုရင့်သားတော် တစ်ဦး၏ ခေါင်းကို ဆက်သသော အခါတွင် နောက်ပိုင်း ပြောစမှတ် လောက်အောင် ထူးခြားစွာ ပင် ငြိမ်သက်ချုပ်တည်း နေနိုင်ခဲ့သည်။ [၄][၄]

တော်ဝင် မိသားစု အများအပြား ကို ဗြိတိသျှတို့က သတ်ဖြတ်ခဲ့သည်။ ကျန်သူများကို လည်း ထောင်သွင်းအကျဉ်းချခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း တို့ပြုလုပ်ခဲ့သည်။ စစ်ဆေးမှုများ ပြီးဆုံးသောအခါ၊ ရှားဘုရင် ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ သို့ ၁၈၅၈ တွင် ပို့ဆောင်ခဲ့သည်။ ရှားဘုရင် နှင့် အတူ မိဘုရား ဇီးနတ် မဟယ် နှင့် အခြား ကျန်ရစ်သူ မိသားစုဝင်များ ကိုပါ ပို့ဆောင်ခဲ့သည်။ ထိုအခါ အိန္ဒိယ တွင် နှစ်သုံးရာ သက်တမ်းရှိ မဂိုမင်းဆက် အုပ်စိုးမှု အဆုံးသတ်သွားခဲ့သည်။ ရှားဘုရင် သည် ၇ နိုဝင်ဘာ ၁၈၆၂ တွင် သေဆုံးခဲ့သည်။ ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားအနီးတွင် မြှပ်နှံခဲ့သည်။ [၅] မိဖုရား ဇီးနတ် မဟယ် သည်လည်း ၁၈၈၆ တွင် သေဆုံးခဲ့သည်။ [၆] ထို့ပြင် ဘိုးလောင်းတော် ဘေးလောင်းတော်များနှင့် ယှဉ်တူ မြှုပ်နှံချင်သော သူ၏ ဆန္ဒအတိုင်း မရောလီ ရှိ ကွက်ဘတ်ဒင် ဘဒ်သီယာ ကာကီ ၏ သင်္ချိုင်းဗလီနှင့် ဘေးယှဉ်လျှက် အုတ်ဂူလွတ် တစ်လုံးပေါ်တွင် ၎င်း၏ နာမတော် ရေးထိုးထားရှိသည်။

ဂုဏ်ပြုမှုများ[ပြင်ဆင်ရန်]

အိန္ဒိယ[ပြင်ဆင်ရန်]

၁၉၅၉ တွင် အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ ဗဟာဒူးရှား ဇဖား အကယ်ဒမီ ကို ရှားဘုရင် အား ဗြိတိသျှတို့အား ဦးဆုံး အကြီးအကျယ် ဆန့်ကျင်ခဲ့သူ အဖြစ် ဂုဏ်ပြုကာ တည်ထောင်ခဲ့သည်။ နယူးဒေလီလာဟိုးဗာရာဏသီ နှင့် အခြားမြို့များ တွင် လမ်းများ ကို သူ့နာမည် ပေးထားခဲ့သည်။ ဗာရာဏသီ တွင် ရုပ်တု ဆောက်ကာ ဂုဏ်ပြုခဲ့သည်။ ဘင်္ဂလားဒေ့ရှ် ဒါကာ ရှိ ဝိတိုရိယ ပန်းခြံ ကို ဗဟာဒူး ရှား ဇဖား ပန်းခြံ အဖြစ် အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ ပါကစ္စတန် ရှိ မြို့များ လမ်းများ နှင့် ဆိုင်များ တွင်လည်း ဘုရင်ကြီး ၏ နာမည် ကို ထည့်သွင်းကာ ဂုဏ်ပြုထားကြသည်။

မြန်မာ[ပြင်ဆင်ရန်]

အိန္ဒိယဘုရင် ဇဖားရှား၏ ဂူဗိမာန်ကို ဇဖာရ်ရှားလမ်း (ယခု ဇီဝကလမ်း)၌ တွေ့နိုင်သည်။[၇]

မိသားစုများ[ပြင်ဆင်ရန်]

Begum Zeenat Mahal, wife of Bahadur Shah Zafar

ဗဟာဒူး ရှား ဇဖား တွင် မိဖုရား လေးပါး ရှိသည်။ ၎င်းတို့မှာ − [၈]

  • Begum Ashraf Mahal
  • Begum Akhtar Mahal
  • Begum Zeenat Mahal
  • Begum Taj Mahal
Sons of Bahadur Shah. On the left is Jawan Bakht, and on the right is the Mirza Shah Abbas.

တရားဝင် သားတော်များမှာ −

  • Mirza Dara Bakht Miran Shah
  • Mirza Shah Rukh
  • Mirza Fath-ul-Mulk Bahadur (alias Mirza Fakhru)
  • Mirza Mughal
  • Mirza Khazr Sultan
  • Jawan Bakht
  • Mirza Quaish
  • Mirza Shah Abbas

တရားဝင် သမီးတော်များမှာ −

  • Rabeya Begum
  • Begum Fatima Sultan
  • Kulsum Zamani Begum
  • Raunaq Zamani Begum (မြေးတော်ဖြစ်နိုင်)

သားတော်နှင့် သမီးတော် အများစု မှာ ၁၈၅၇ ပုန်ကန်မှု အတွင်း သေဆုံးခဲ့ကြသည်။

အခြားကြည့်ရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Zafar - Name Meaning, What does Zafar mean? Archived 3 August 2011 at the Wayback Machine.
  2. Savarkar၊ Vinayak Damodar (1909, 10 May)။ The Indian War of Independence - 1857 (PDF)။ 22 November 2008 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး3 January 2012 တွင် ပြန်စစ်ပြီး Cite has empty unknown parameter: |coauthors= (အကူအညီ); |authorlink= တန်ဖိုး စစ်ဆေးရန် (အကူအညီ); |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  3. The Sunday Tribune - Spectrum
  4. ၄.၀ ၄.၁ [Page 24 The eighth section of the series on the mutiny of Delhi, Published for the second time in 1922 by Ibne Arbi]
  5. The Dargah of Bahadur Shah Zafar in Rangoon.။ 25 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 January 2012 တွင် ပြန်စစ်ပြီး။
  6. Nawab Zeenat Mahal။ 15 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 January 2012 တွင် ပြန်စစ်ပြီး။
  7. တင်နိုင်တိုး (ဒီဇင်ဘာ ၂၀၁၃)။ မြန်မာပြည်တစ်ခွင် လမ်းညွှန်။ မဇ္ဈိမစာပေ။ p. ၃၃။
  8. Farooqi၊ Abdullah။ Bahadur Shah Zafar Ka Afsanae Gam။ Farooqi Book Depot။ 9 July 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-07-22 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]