ခံတပ်နီ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ခံတပ်နီအဆောက်အဦး*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

Redfortdelhi1.jpg
တည်ရှိသည့် နိုင်ငံ  အိန္ဒိယ
အမျိုးအစား ယဉ်ကျေးမှု
ရွေးချယ်သည့်စံနှုန်း ii, iii,vi
ကိုးကား ၂၃၁
ဒေသ** အာရှ နှင့် ပစိဖိတ်
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၂၀၀၇  (၃၁ ကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ
နှစ်စဉ်နှစ်တိုင်း အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သော ဩဂုတ်လ ၁၅ ရက်တွင် ဝန်ကြီးချုပ်သည် ခံတပ်၏ ဗဟိုဝင်ပေါက်တွင် အိန္ဒိယနိုင်ငံ၏ သုံးရောင်ခြယ်အလံကို လွှင့်တင်လေ့ရှိပြီး ခံတပ်၏ မြေရိုးတံတိုင်းပေါ်မှ တစ်နိုင်ငံလုံးသို့ မိန့်ခွန်းပြောလေ့ရှိသည်။

ခံတပ်နီ သည် အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် တည်ရှိသော သမိုင်းဝင် ခံတပ်တစ်ခု ဖြစ်သည်။ ထိုနေရာသည် မဂိုမင်းဆက်မှ မဂိုဘုရင်တို့၏ နေထိုင်ရာနန်းတော် အဖြစ် နှစ်ပေါင်း ၂၀၀ ခန့်မျှ တည်ရှိခဲ့သည်မှာ ၁၈၅၆ အထိ ဖြစ်သည်။ [၁] ၎င်းသည် ဒေလီမြို့၏ အလယ်ဗဟိုတွင် တည်ရှိပြီး ပြတိုက်အများအပြား တည်ရှိသော နေရာ ဖြစ်သည်။ ဘုရင်များနှင့် ၎င်း၏ အခြံအရံများ နေထိုင်ရာ နေရာ ဖြစ်သည်သာ မကပဲ ခံတပ်နီသည် မဂိုနိုင်ငံတော်၏ ပွဲလမ်းသဘင်များ ဆင်ယင်ကျင်းပရာနှင့် နိုင်ငံရေး အချက်အခြာနေရာ ဖြစ်ခဲ့ပြီး ဒေသအတွင်း သို့ သက်ရောက်မှု ရှိခဲ့သော အဖြစ်အပျက်များ အစပျိုးရာ နေရာ ဖြစ်ခဲ့သည်။[၂]

၁၆၃၉ ခုနှစ်တွင် ပဉ္စမမြောက် မဂိုဘုရင် ရှားဂျာဟန်မှ ၎င်း၏ ခံတပ်မြို့ ရှားဂျာဟာနာဘတ်မြို့၏ နန်းတော်အဖြစ်တည်ဆောက်ခဲ့ပြီး ခံတပ်နီဟု အမည်တွင်ရခြင်းမှာ ပတ်ချာလည်ရှိ တံတိုင်းများမှ ကြီးမားလှသော အနီရောင် သဲကျောက်တုံးကြီးများကြောင့် ဖြစ်ပြီး ၁၅၄၆ ခုနှစ်တွင် အစ္စလာမ် ရှားဘုရင် ဆူရီ မှ တည်ဆောက်ခဲ့သော ပိုမိုရှေးကျသော ဆလင်းဂါခံတပ်နှင့် ကပ်လျှက် တည်ရှိသောကြောင့် ဖြစ်သည်။ တော်ဝင်ခန်းဆောင်များတွင် အရိပ်ခိုနားစရာ မဏ္ဍပ်ကနားများ အတန်းလိုက်တည်ရှိပြီး နိဗ္ဗာန်ဘုံမှ ချောင်း ဟု ခေါ်ကြသည့် ရေမြောင်းများဖြင့် ဆက်သွယ်ထားသည်။ ထိုခံတပ်အဆောက်အဦးသည် ရှားဂျာဟန်၏ လက်ထက်တွင် မဂိုတို့၏ တီထွင်ကြံဆမှု ထိပ်ဆုံးရောက်ကြောင်း ပြသသည့် အဆောက်အဦးတစ်ခု ဖြစ်သည်။ နန်းတော်အား အစ္စလာမ်ပုံစံ အစီအစဉ်ချထားသော်လည်း မဏ္ဍပ်ကနား တစ်ခုချင်းစီတွင် ပုံမှန် မဂိုအဆောက်အဦးများတွင် တွေ့ရလေ့ ရှိသော ပါရှား၊တီမူရစ် နှင့် ဟိန္ဒူတို့၏ ရိုးရာ ဗိသုကာလက်ရာ များကို တွေ့ရသည်။[၃] ခံတပ်နီ၏ ပန်းခြံဒီဇိုင်း အပါအဝင် ဆန်းသစ်သော ဗိသုကာ စတိုင်လ်သည် နောက်ပိုင်းတွင် ဒေလီ၊ ရာဂျက်စသန်၊ ပန်ဂျပ်၊ ကက်ရှမီးယား၊ ဘရက်ဂျ်၊ ရိုဟစ်ဟန်း နှင့် အခြားနေရာများတွင် တည်ဆောက်သော အဆောက်အဦးများပေါ်တွင် ဩဇာလွှမ်းမိုးမှုရှိသည်။[၂]

ခံတပ်အတွင်းရှိ အနုပညာ လက်ရာများနှင့် ရတနာများကို ၁၇၄၇ နာဒါရှားမှ မဂိုအင်ပိုင်ယာသို့ ကျူးကျော်ဝင်ရောက်ချိန်တွင် လုယက်ယူဆောင်သွားခဲ့သည်။ ခံတပ်၏ အဖိုးတန်သော စကျင်ကျောက်သား အဆောက်အဦး အများစုမှာ ၁၈၅၇ ခုနှစ် ပုန်ကန်မှုနောက်ပိုင်းတွင် ဗြိတိသျှတို့ကြောင့် ပျက်စီးခဲ့ရသည်။ [၄] ခံတပ်၏ ကာကွယ်ထားသော တံတိုင်းများမှာမူ ချမ်းသာရာရခဲ့ပြီး ခံတပ်အား ထို့နောက်တွင် စစ်အခြေစိုက်စခန်း အဖြစ် အသုံးပြုခဲ့သည်။[၄] ခံတပ်နီသည် ဗြိတိသျှတို့မှ မဂိုမင်းဆက် နောက်ဆုံးဘုရင်အား ၁၈၅၈ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြည်နှင်ဒဏ်မပေးမီ တရားစွဲဆိုခဲ့ရာ နေရာလည်း ဖြစ်သည်။[၅]

နှစ်စဉ်နှစ်တိုင်း အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သော ဩဂုတ်လ ၁၅ ရက်တွင် ဝန်ကြီးချုပ်သည် ခံတပ်၏ ဗဟိုဝင်ပေါက်တွင် အိန္ဒိယနိုင်ငံ၏ သုံးရောင်ခြယ်အလံကို လွှင့်တင်လေ့ရှိပြီး ခံတပ်၏ မြေရိုးတံတိုင်းပေါ်မှ တစ်နိုင်ငံလုံးသို့ မိန့်ခွန်းပြောလေ့ရှိသည်။[၆]

၂၀၀၇ ခုနှစ်တွင် ခံတပ်နီအဆောက်အဦး၏ တစ်စိတ်တစ်ဒေသ အဖြစ် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Whose fort is it anyway"၊ The Indian Express၊ 3 June 2018။ 
  2. ၂.၀ ၂.၁ ၂.၂ Red Fort ComplexWorld Heritage ListUNESCO World Heritage Centre။ 15 November 2009 တွင် ပြန်စစ်ပြီး။
  3. Red Fort Complex။ UNESCO။ “"each pavilion reveals architectural elements typical of Mughal building, reflecting a fusion of Persian, Timurid and Hindu traditions"”
  4. ၄.၀ ၄.၁ William Dalrymple. "Introduction", The Last Mughal. Penguin, 7. ISBN 978-0-14-310243-4 
  5. (2007) Trials that Changed History: From Socrates to Saddam Hussein. Sarup & Sons, 297. ISBN 9788176257978 
  6. "Singh becomes third PM to hoist flag at Red Fort for 9th time"၊ 15 August 2012။ 17 August 2012 တွင် ပြန်စစ်ပြီး