ဇန်နဝါရီ ၁၉၇၉
၁၉၇၉ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ |
၁ | ၂ | ၃ | ၄ | ၅ | ၆ | ၇ | |||
---|---|---|---|---|---|---|---|---|---|
၈ | ၉ | ၁၀ | ၁၁ | ၁၂ | ၁၃ | ၁၄ | |||
၁၅ | ၁၆ | ၁၇ | ၁၈ | ၁၉ | ၂၀ | ၂၁ | |||
၂၂ | ၂၃ | ၂၄ | ၂၅ | ၂၆ | ၂၇ | ၂၈ | |||
၂၉ | ၃၀ | ၃၁ |
(၁) ရက်
[ပြင်ဆင်ရန်]ကလေးများနှစ်အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ရှိ အမှတ် (၄) မူကြိုကျောင်းတွင် ကျင်းပရာ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာကလေးများနှစ်ကျင်းပရေးအမျိုးသားကော်မရှင်ဥက္ကဋ္ဌ ဝန်ကြီး ဦးမန်းစံမြတ်ရွှေက ဖွင့်လှစ်ပေးသည်။
အမေရိကန်သည် တိုင်းဝမ်အစိုးရကို တရုတ်ပြည်အစိုးရအဖြစ် နှစ်ပေါင်း ၃၀ ကြာ အသိအမှတ်ပြုခဲ့ရာမှ ပြည်သူ့တရုတ်ပြည်အစိုးရကို ပြောင်းလဲအသိအမှတ်ပြုလိုက်သည်။
(၂) ရက်
[ပြင်ဆင်ရန်]ရန်ကုန်တိုင်း မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးပြပွဲပြိုင်ပွဲကို ဦးဝိစာရလမ်း အင်ဗွိုင်းခန်းမတွင် ပြုလုပ်သည်။
(၃) ရက်
[ပြင်ဆင်ရန်]တရုတ်ကွန်မြူနစ်ပါတီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ် ဟွကိုဖုန်းသည် ဗင်္ဂလားဒေ့ရှချစ်ကြည်ရေးအဖွဲ့အား ပီကင်းမြို့၌ တွေ့ဆုံသည်။
အမေရိကန်အာကာသသိပ္ပံဘုတ်အဖွဲ့သည် လာမည့်ဆယ်စုနှစ်တွင် သောကြာဂြိုဟ်နှင့် လကမ္ဘာသို့ အာကာသယာဉ်များပူးပေါင်းလွှတ်တင်ရန် ဆိုဗီယက်ပြည်ထောင်စုသို့ ကမ်းလှမ်းသည်။
(၄) ရက်
[ပြင်ဆင်ရန်]ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ကောင်စီသည် အခြေခံဥပဒေ ပုဒ်မ ၇၃၊ ပုဒ်မခွဲ (ဎ) တွင်အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များအရ အမိန့်ကြော်ငြာစာအမှတ် ၁/၇၉ အရ ဆရာတော်ကြီး ၃ ပါးအား အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်ကိုလည်းကောင်း၊ ဆရာတော်ကြီး ၇ ပါးအား အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းသည်။
အီရန်နိုင်ငံဝန်ကြီးချုပ်သစ်အဖြစ် ဘက်ခ်တီးယားအား ခန့်အပ်လိုက်သည်။
(၅) ရက်
[ပြင်ဆင်ရန်]
(၆) ရက်
[ပြင်ဆင်ရန်]အရှေ့တောင်အာရှ ငြိမ်းချမ်းရေးရှိအောင် ကြိုးပမ်းမည်ဟု ဗီယင်ကျန်းမြို့တော်၌ ထိုင်းဝန်ကြီးချုပ်နှင့် လောဝန်ကြီးချုပ်တို့ လက်မှတ်ရေးထိုးထုတ်ပြန်သည်။
(၇) ရက်
[ပြင်ဆင်ရန်]အမေရိကန်၏စစ်အခြေခံစခန်းထားရှိရေးစာချုပ်ကို ဖိလစ်ပိုင်နိုင်ငံနှင့်အမေရိကန်တို့ သဘောတူလက်မှတ်ရေးထိုးသည်။ ကမ်ပူးချားနိုင်ငံ၏မြို့တော် ဖနွမ်းပင်ကို ဗီယက်နမ်လိုလားသည့်အုပ်စုမှ သိမ်းပိုက်လိုက်သည်။
(၈) ရက်
[ပြင်ဆင်ရန်]အာရှပစိဖိတ်စစ်ဆင်ရေးလုံခြုံမှုအတွက် တရုတ်နှင့်ညှိနှိုင်းရန် အမေရိကန်လွှတ်တော်အမတ် ၄ ဦးသည် ပီကင်းမြို့သို့ ရောက်ရှိသည်။
ဖနွမ်းပင်မြို့ကို သိမ်းပိုက်လိုက်သူများက ပြည်သူ့တော်လှန်ရေးကောင်စီတရပ်ကို ဖွဲ့စည်းလိုက်သည်။
(၉) ရက်
[ပြင်ဆင်ရန်]အင်ဒိုချိုင်းနားအရေးအခင်းကို အမြန်ဆုံးစဉ်းစားရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌက ထုတ်ဖော်ကြေညာသည်။
(၁၀) ရက်
[ပြင်ဆင်ရန်]တရုတ်နှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံလေကြောင်းပျံသန်းမှုကို ရပ်ဆိုင်းလိုက်သည်။
(၁၁) ရက်
[ပြင်ဆင်ရန်]ကမ်ပူးချားနိုင်ငံကို ပြည်သူ့သမ္မတနိုင်ငံအဖြစ်သို့ ပြောင်းလိုက်ကြောင်း အစိုးရသစ်က ကြေညာသည်။
လက်နက်ကန့်သတ်ရေးဆွေးနွေးပွဲ (၂) ပြန်လည်ကျင်းပသည်။
(၁၂) ရက်
[ပြင်ဆင်ရန်]ကမ်ပူးချားပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် အပြင်းအထန်ဆွေးနွေးသည်။
(၁၃) ရက်
[ပြင်ဆင်ရန်]အိန္ဒိယနယ်ခြားဒေသတွင် စစ်တပ်အင်အားတိုးမြှင့်မည်ဟု အိန္ဒိယကာကွယ်ရေးဝန်ကြီး ဂျက်ရှီဘရက်က ပြောကြားသည်။
(၁၄) ရက်
[ပြင်ဆင်ရန်]ကုလသမဂ္ဂအဖွဲ့တွင် ကမ်ပူးချားပြဿနာကို ဆွေးနွေးနေသည်ကို ကမ်ပူးချားအစိုးရသစ်က ကန့်ကွက်လိုက်သည်။
(၁၅) ရက်
[ပြင်ဆင်ရန်]ကမ်ပူးချားပြည်တွင်း၌ တိုက်ပွဲများ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
အဇ္ဇရီရယ်အစိုးရ၏မူဝါဒကို မနှစ်မြို့ခြင်းကြောင့် အဇ္ဇရီရယ်ဝန်ကြီး ၂ ဦး ရာထူးမှနုတ်ထွက်သည်။
(၁၆) ရက်
[ပြင်ဆင်ရန်]အီရန် ရှားဘုရင်နှင့်မိဖုရားတို့ အီရန်နိုင်ငံမှ ထွက်ခွာသည်။
လက်ဗနွန်တောင်ပိုင်း ဒုက္ခသည်စခန်းကို အဇ္ဇရီရယ်စစ်တပ်က ဝင်ရောက်တိုက်ခိုက်သည်။
(၁၇) ရက်
[ပြင်ဆင်ရန်]အဇ္ဇရီရယ်ဝန်ကြီးချုပ်နှင့် အမေရိကန်အထူးသံတမန် အယ်ဖရက်အက်သာတန်တို့ အရှေ့အလယ်ပိုင်းကိစ္စများကို ဆွေးနွေးကြသည်။
(၁၈) ရက်
[ပြင်ဆင်ရန်]နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းသည် မရမ်းကုန်းမြို့နယ်တွင်းရှိ ကုန်ထုတ်သမဝါယမအသင်း ၄ သင်း၏ ကုန်ထုတ်လုပ်ငန်းများကို စစ်ဆေးကြည့်ရှုပြီး လမ်းညွှန်ဆွေးနွေးမှုများပြုလုပ်သည်။
(၁၉) ရက်
[ပြင်ဆင်ရန်]
(၂၀) ရက်
[ပြင်ဆင်ရန်]ကမ်ပူးချားအစိုးရသစ်က မင်းသားကြီး သီဟာနုကို သမ္မတရာထူးကမ်းလှမ်းရာ လက်မခံဟု ပြန်ကြားသည်။
(၂၁) ရက်
[ပြင်ဆင်ရန်]ဓမ္မာစရိယနှင့်ပါဠိပထမပြန်မဟာဘွဲ့နှင်းသဘင်အခမ်းအနားများကို မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီး ၄၅ တာအတွင်းရှိ ရတနာဗိမာန်အဆောက်အအုံ၌ ကျင်းပသည်။
ခမာနီတပ်များသည် ဆက်လက်တိုက်ပွဲဝင်ဆဲဟု ဒုတိယဝန်ကြီးချုပ် အီယန်ဆရီက ပီကင်းမြို့တွင် ပြောကြားသည်။
(၂၂) ရက်
[ပြင်ဆင်ရန်]အင်ဒိုနီးရှားနိုင်ငံ ပြည်သူ့လွှတ်တော်၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစံသာအောင်ဦးဆောင်သော အဖွဲ့ဝင် ၈ ဦးပါဝင်သည့်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာသည်။
(၂၃) ရက်
[ပြင်ဆင်ရန်]
(၂၄) ရက်
[ပြင်ဆင်ရန်]လက်နက်ဖျက်သိမ်းရေးဂျီနီဗာညီလာခံကျင်းပသည်။
အီဂျစ်-အဇ္ဇရီရယ်အရေးတွင် အမေရိကန်က ကြားဝင်ညှိနှိုင်းရန် အမေရိကန်အထူးသံတမန် အက်သာတန်သည် ဂျရူးဆလမ်းမြို့မှ အီဂျစ်သို့ ထွက်ခွာသွားသည်။
(၂၅) ရက်
[ပြင်ဆင်ရန်]ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ လေကြောင်းစာချုပ်ပြင်ဆင်ချက်ကို လေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်းခန်းမတွင် နှစ်နိုင်ငံကိုယ်စားလှယ်တို့ လက်မှတ်ရေးထိုးကြသည်။
(၂၆) ရက်
[ပြင်ဆင်ရန်]
(၂၇) ရက်
[ပြင်ဆင်ရန်]
(၂၈) ရက်
[ပြင်ဆင်ရန်]ခမာနီတပ်များသည် ဗီယက်နမ်များစိုးမိုးထားသည့်ဒေသများကို ဆက်လက်တိုက်ခိုက်နေသည်ဟု ခမာနီအသံလွှင့်ဌာနက ကြေညာသည်။
တရုတ်ဒုတိယဝန်ကြီးချုပ် တိန့်ရှောင်ဖိန်နှင့် အမေရိကန်သမ္မတ ကာတာတို့သည် ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးကြသည်။
(၂၉) ရက်
[ပြင်ဆင်ရန်]ကမ်ပူးချားအစိုးရသစ်ကို ထိုင်းနိုင်ငံက အသိအမှတ်မပြုဟု ထိုင်းအစိုးရက ကြေညာသည်။
(၃၀) ရက်
[ပြင်ဆင်ရန်]နိုင်ငံတော်သမ္မတကြီး ဦးနေဝင်းသည် အင်းလျားကန်ဟိုတယ်၌ ခင်းကျင်းပြသထားသော (၁၆) ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲ၏ ပဏာမကြိုတင်ခင်းကျင်းပြသမှုကို ကြည့်ရှုသည်။
(၃၁) ရက်
[ပြင်ဆင်ရန်]