ဇန်နဝါရီ ၁၉၇၇
၁၉၇၇ : ဇန်နဝါရီ • ဖေဖော်ဝါရီ • မတ် • ဧပြီ • မေ • ဇွန် • ဇူလိုင် • ဩဂုတ် • စက်တင်ဘာ • အောက်တိုဘာ • နိုဝင်ဘာ • ဒီဇင်ဘာ |
၁ | ၂ | ၃ | ၄ | ၅ | ၆ | ၇ | |||
---|---|---|---|---|---|---|---|---|---|
၈ | ၉ | ၁၀ | ၁၁ | ၁၂ | ၁၃ | ၁၄ | |||
၁၅ | ၁၆ | ၁၇ | ၁၈ | ၁၉ | ၂၀ | ၂၁ | |||
၂၂ | ၂၃ | ၂၄ | ၂၅ | ၂၆ | ၂၇ | ၂၈ | |||
၂၉ | ၃၀ | ၃၁ |
(၁) ရက်
[ပြင်ဆင်ရန်]နော်ဝေးအစိုးရသည် ပင်လယ်ငါးဖမ်းဒေသကို ကမ်းလွန်မိုင် ၂၀၀ သတ်မှတ်လိုက်ခြင်းဖြင့် ဥရောပ၌ အကြီးမားဆုံး ငါးဖမ်းနိုင်ငံဖြစ်လာသည်။
(၁၀) ကြိမ်မြောက် မြန်မာနိုင်ငံသုတေသနကွန်ဂရက်၏ ၃-ရက်ကြာ စာတမ်းဖတ်ပွဲ ပြီးဆုံးသည်။ သုတေသနအဖွဲ့ ၁၄ ဖွဲ့မှ နောက်ဆုံးနေ့တွင် စာတမ်း ၁၀၁ စောင် ဖတ်သည်။
(၂) ရက်
[ပြင်ဆင်ရန်]ဗင်္ဂလားဒေ့ရှနိုင်ငံ စစ်အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဂျီယာအူးရ်ရာမန် ဦးဆောင်သည့် ဗင်္ဂလားဒေ့ရှနိုင်ငံ ကိုယ်စားလှယ်အဖွဲ့ ပီကင်းမြို့သို့ ရောက်ရှိသည်။
(၃) ရက်
[ပြင်ဆင်ရန်]
(၄) ရက်
[ပြင်ဆင်ရန်]ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၏ ၂၉ ကြိမ်မြောက် လွတ်လပ်ရေးနှစ်ပတ်လည်နေ့ဖြစ်သည်။
အီဂျစ်အစိုးရက တောင်းခံလျှင် ပြင်သစ်က မီးရပ်-၂၀၀၀ လေယာဉ်သစ်များ အီဂျစ်သို့ ပေးကမ်းကောင်းပေးကမ်းမည်ဟု ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဗုဂတ်စက ပြောကြားသည်။
(၅) ရက်
[ပြင်ဆင်ရန်]ရုရှနိုင်ငံတွင် ၁၉၇၆ ခုနှစ်အတွက် ကောက်ပဲသီးနှံတန်ချိန် ၂၂၃.၈ သန်းထွက်ရှိကြောင်း ကြေညာသည်။
(၆) ရက်
[ပြင်ဆင်ရန်]ဆီးရီးယားနိုင်ငံ ဒမက်စပ်နှင့် အလက်ပိုတီမြို့တွင် ဗုံးဖောက်ခွဲခဲ့သူ ၃ ဦးအား လူမြင်ကွင်းတွင် ကြိုးပေးသတ်လိုက်ကြောင်း ကြေညာသည်။
(၇) ရက်
[ပြင်ဆင်ရန်]လက်ဗနွန်နိုင်ငံအတွင်းရှိ ပယ်လက်စတိုင်လွတ်မြောက်ရေးတပ်ဖွဲ့များအား လက်ဗနွန်နိုင်ငံတွင်းမှ ဇန္နဝါရီလ ၁၃ ရက်နေ့ နောက်ဆုံးထား၍ ထွက်ပေးရမည်ဟု လက်ဗနွန်သမ္မတ အီလီယာပ်ဆာကစ်က အမိန့်ထုတ်ပြန်သည်။
(၈) ရက်
[ပြင်ဆင်ရန်](၉) ရက်
[ပြင်ဆင်ရန်](၁၀) ရက်
[ပြင်ဆင်ရန်]အင်ဒိုနီးရှားနိုင်ငံမှ ပြည်ပသို့ တင်ပို့ရောင်းချသော ရေနံစိမ်းဈေးကို ဇန္နဝါရီ ၁ ရက်နေ့မှစ၍ ရေနံအမျိုးအစားအလိုက် မြှင့်တင်ရန်ဆုံးဖြတ်ကြောင်း ကြေညာသည်။
ရွေးကောက်ပွဲကော်မရှင်သည် ၁၉၇၆-၇၇ ဘဏ္ဍာနှစ်အတွက် ကြားရွေးကောက်ပွဲများပြုလုပ်ရန်ပြင်ဆင်ရေးနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့်အတွက် ရွေးကောက်ပွဲလုပ်ရေးအတွက် တိုင်းနှင့်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ရန်ကုန်မြို့တွင် ဆွေးနွေးကြသည်။
(၁၁) ရက်
[ပြင်ဆင်ရန်]ဗီယက်နမ်အမျိုးသားလွှတ်တော်တွင် ဒုတိယငါးနှစ်စီမံကိန်း (၁၉၇၆-၈၀) ဆွေးနွေးပွဲကို ဖွင့်လှစ်သည်။
(၁၂) ရက်
[ပြင်ဆင်ရန်]လောပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ ဆူဗန်နိုဖောင်သည် အိန္ဒိယနိုင်ငံသို့ အစိုးရဧည့်သည်တော်အဖြစ် ၈-ရက်ကြာ လည်ပတ်ရန်အသွား မန္တလေးမြို့သို့ ခေတ္တဝင်ရောက်ရပ်နားသွားသည်။
(၁၃) ရက်
[ပြင်ဆင်ရန်]အမေရိကန်သမ္မတ ဖို့ဒ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကစ်ဆင်းဂျားအား အမေရိကန်ပြည်ထောင်စု၏ အရပ်သားအမှုထမ်းများအတွက် အမြင့်ဆုံးဘွဲ့တံဆိပ်ဖြစ်သော လွတ်လပ်ရေးတံဆိပ်ကို ချီးမြှင့်သည်။
(၁၄) ရက်
[ပြင်ဆင်ရန်]အိန္ဒိယနိုင်ငံသည် ကမ်းရိုးမှ ပင်လယ်များအထိ ရေမိုင် ၂၀၀ ကို စီးပွားရေးဇုံအဖြစ်သတ်မှတ်ကြောင်း တရားဝင်ကြေညာသည်။
(၁၅) ရက်
[ပြင်ဆင်ရန်]သီရိလင်္ကာသမ္မတ ဝီလျံဂိုပါလာဝါက သီရိလင်္ကာ၏ရေပိုင်နက်မှာ ရေမိုင် ၁၂ မိုင်၊ ပင်လယ်ရေနက်ပိုင်းနှင့်ဆက်စပ်နေသောဇုံကို ရေမိုင် ၂၄ မိုင်၊ စီးပွားရေးဇုံ ရေမိုင် ၂၀၀ ထိ ရှိသည်ဟု ပြဋ္ဌာန်းကြေညာသည်။
(၂၆) ကြိမ်မြောက် ကယားပြည်နယ်နေ့ ကျင်းပသည်။ ထိုနေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ လေယာဉ်ဆိပ်အဆောက်အအုံသစ်ဖွင့်လှစ်ပွဲ ကျင်းပသည်။
(၁၆) ရက်
[ပြင်ဆင်ရန်]အိန္ဒိယနိုင်ငံဝန်ကြီးချုပ် အင်ဒီရာဂန္ဓီက အိန္ဒိယနိုင်ငံအထွေထွေရွေးကောက်ပွဲကို လက်ရှိလွှတ်တော်ဖျက်သိမ်းပြီးနောက် မတ်လတွင် ကျင်းပမည်ဟု ကြေညာသည်။
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ ပီလခတ်ကျေးရွာမှ စပါးအဝယ်ဒိုင်အား မြန်မာတနိုင်ငံလုံးတွင် ၁၉၇၅-၇၆ ခုနှစ်အတွင်း စပါးဝယ်ယူရရှိမှုအများဆုံးဒိုင်အဖြစ် ချီးကျူးဂုဏ်ပြုပွဲကျင်းပရာ ကုန်သွယ်ရေးဝန်ကြီး ဦးလှအေး တက်ရောက်မိန့်ခွန်းပြောကြားသည်။
(၁၇) ရက်
[ပြင်ဆင်ရန်]ဒေသကောလိပ်များအကြောင်းကို နိုင်ငံတော်ဝန်ကြီးအဖွဲ့၊ လူမှုရေးရာနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး ဦးကိုကို၊ ပညာရေးဝန်ကြီး ဦးခင်မောင်ဝင်းတို့သည် မြန်မာ့အသံခန်းမတွင် သတင်းစာဆရာများနှင့် တွေ့ဆုံပြောကြားသည်။
(၁၈) ရက်
[ပြင်ဆင်ရန်]ယူဂိုစလားဗီးယားဝန်ကြီးချုပ် ဗီသီဒစ်နှင့်ဇနီးအပါအဝင် လူပေါင်း ၈ ဦး လေယာဉ်ပျက်ကျရာတွင် ကွန်လွန်သွားသည်။
၁၉၇၅-၇၆ ခုနှစ်တွင် ရွေးချယ်ခံရသော စံပြလုပ်သားများအား စံပြလုပ်သားစီမံကိန်းဗဟိုကော်မတီနာယက သတ္တုတွင်းနှင့်အလုပ်သမားဝန်ကြီးဌာနဝန်ကြီး ဦးမောင်မောင်ခ ညစာစားပွဲဖြင့် ဂုဏ်ပြုဧည့်ခံသည်။
(၁၉) ရက်
[ပြင်ဆင်ရန်]လောနိုင်ငံရှိ လယ်သမားများသည် လယ်ယာစိုက်ပျိုးခွန်များ ပေးကြရတော့မည်ဖြစ်ကြောင်း ပသက်လောသတင်းဌာနဖြစ်သော ခါအိုဆန်သတင်းဌာနမှ ကြေညာသည်။
လောနိုင်ငံဝန်ကြီးချုပ် ဆူဗန်နိုဖောင်သည် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်သမ္မတကြီး ဦးနေဝင်း၏ ဖိတ်ကြားချက်အရ လာရောက်လည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။
(၂၀) ရက်
[ပြင်ဆင်ရန်]ဂျင်မီကာတာသည် အမေရိကန်နိုင်ငံ၏ ၃၉ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသည်။
မျက်ခမ်းစပ်ရောဂါတိုက်ဖျက်ရေး နှစ်ပတ်လည်ညှိနှိုင်းဆွေးနွေးပွဲကို ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဌာန၌ ကျင်းပသည်။
(၂၁) ရက်
[ပြင်ဆင်ရန်](၂၂) ရက်
[ပြင်ဆင်ရန်]အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အေစီယင်) ဝင် နိုင်ငံများအချင်းချင်း ကုန်သွယ်ရာတွင် ဦးစားပေးကုန်သွယ်ရေးစနစ်ဖြင့် လုပ်ဆောင်ကြရန် အေစီယင်ကုန်သွယ်ရေးဝန်ကြီးများက သဘောတူညီကြသည်။
ပြင်သစ်သမ္မတ ဂစ်စကတ်ဒက်စတိုင်းသည် ဆအူးဒီအာရေဗျနိုင်ငံတွင် အစိုးရဧည့်သည်တော်အဖြစ် ၃-ရက်ကြာ လည်ပတ်ရန် ရီယဒ်မြို့သို့ ရောက်သည်။
(၂၃) ရက်
[ပြင်ဆင်ရန်](၂၄) ရက်
[ပြင်ဆင်ရန်]ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးကော်ပိုရေးရှင်း စာပေဗိမာန်အဖွဲ့က ကြီးမှူး၍ ၅-ရက်ကြာ ကျင်းပမည့် သုတစာပေဆွေးနွေးပွဲကို ရွှေတိဂုံဘုရားလမ်းရှိ ဂျူဗလီခန်းမ၌ စတင်ကျင်းပသည်။
မြန်မာနိုင်ငံရှိ ဆေးပညာသင်ကြားရေးကို လေ့လာကြည့်ရှုရန် ရောက်ရှိနေသော ဆာ ရောဗတ်ရိုက် ခေါင်းဆောင်သည့် ဗြိတိန်နိုင်ငံ အထွေထွေဆေးကောင်စီ ကိုယ်စားလှယ်အား ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး ဦးကြည်မောင်က လက်ခံတွေ့ဆုံသည်။
(၂၅) ရက်
[ပြင်ဆင်ရန်](၂၆) ရက်
[ပြင်ဆင်ရန်](၂၇) ရက်
[ပြင်ဆင်ရန်]အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အေစီယင်) ရှိ အမျိုးသားသတင်းဌာနများနှင့် အစိုးရပြန်ကြားရေးဌာနများမှ အုပ်ချုပ်ရေးမှူးများညီလာခံကို ဂျကာတာမြို့၌ ကျင်းပသည်။
နိုင်ငံတော်ကောင်စီအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး စန်းယုသည် မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဥပဒစ်ပချာရီယန်ကွန်အား လက်ခံတွေ့ဆုံသည်။
(၂၈) ရက်
[ပြင်ဆင်ရန်]ဥရောပဘုံဈေးအဖွဲ့ (အီးအီးစီ) ၏ ရေပြင်ပိုင်နက် ၂၀၀ အတွင်း ငါးဖမ်းနေကြသော ရုရှ၊ ပိုလန်နှင့် အရှေ့ဂျာမနီနိုင်ငံများပိုင် ငါးဖမ်းသင်္ဘောစင်းရေကို လျှော့ချရန် ဘုံဈေးအဖွဲ့က သက်ဆိုင်ရာနိုင်ငံများသို့ အကြောင်းကြားစာများ ပေးပို့သည်။
(၂၉) ရက်
[ပြင်ဆင်ရန်]အိန္ဒိယနိုင်ငံဝန်ကြီးချုပ် အင်ဒီရာဂန္ဓီသည် မတ်လ၌ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်လုပ်ငန်းများကို စတင်ပြုလုပ်သည်။
အခွန်နှစ်ထပ်ကွမ်းကောက်ခံမှုမရှိစေရန်နှင့် ဝင်ငွေခွန်မှရှောင်တိမ်းမှုကိုကာကွယ်ရန်အတွက် စင်္ကာပူနှင့်ဖိလစ်ပိုင်နိုင်ငံတို့သည် အကောက်ခွန်သဘောတူစာချုပ်တရပ်ကို လက်မှတ်ရေးထိုးကြသည်။
(၃၀) ရက်
[ပြင်ဆင်ရန်]
(၃၁) ရက်
[ပြင်ဆင်ရန်]ဗီယက်နမ်အမျိုးသားညီညွတ်ရေးတပ်ဦး၏ညီလာခံကို ဟိုချီမင်းမြို့တော်၌ ကျင်းပသည်။
ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီစည်းရုံးရေးကော်မီတီနှင့်ရုပ်ရှင်လုပ်ငန်းပညာသည်များ၏ ပထမအကြိမ်ဆွေးနွေးပွဲကို ကျင်းပသည်။