မာတိကာသို့ ခုန်သွားရန်

မင်းထင်ကိုကိုကြီး

ဝီကီပီးဒီးယား မှ
မင်းထင်ကိုကိုကြီး
မွေးဖွား(1962-03-25)မတ် ၂၅၊ ၁၉၆၂
မင်းဘူးမြို့မကွေးတိုင်းဒေသကြီး
ကွယ်လွန်ဇွန် ၂၊ ၂၀၂၆(2026-06-02) (အသက် ၆၄)
နိုင်ငံလူမျိုးဗမာ
အလုပ်အကိုင်ရုပ်ရှင်ဒါရိုက်တာ၊ ကဗျာဆရာ
သားသမီးမယ်မင်းထင်
မိဘ(များ)ဦးပန် (ဖခင်)
ခင်အိ (မိခင်)

မင်းထင်ကိုကိုကြီး (၂၅ မတ် ၁၉၆၂ - ၂ ဇွန် ၂၀၂၆) သည် ရုပ်ရှင်ဒါရိုက်တာနှင့် ကဗျာဆရာ[] ဖြစ်သည်။[] ယင်းအပြင် လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးထုတ်လုပ်ခဲ့သည့် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံ[] ကို တည်ထောင်သူလည်း ဖြစ်သည်။

ငယ်ဘဝ နှင့် ဘဝ ဖြတ်သန်းမှုများ

[ပြင်ဆင်ရန်]

ဒါရိုက်တာ၊ ကဗျာဆရာ မင်းထင်ကိုကိုကြီးသည် မကွေးတိုင်းဒေသကြီးမင်းဘူးမြို့ ဇာတိသားတစ်ဦးဖြစ်ပြီး၊ မိဘများမှာ ဦးပန်နှင့် ဒေါ်ခင်အိ တို့ ဖြစ်ကြသည်။ ငယ်စဉ်ကပင် စာပေဝါသနာပါခဲ့သူဖြစ်ကာ ရန်ကုန်မြို့တွင် အင်ဂျင်နီယာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သော်လည်း ၎င်း၏ စိတ်ဝင်စားမှုရှိရာ ကဗျာနှင့် ရုပ်ရှင်အနုပညာလောကသို့သာ စတင်ခြေချခဲ့သည်။ အနုပညာသက်တမ်းတစ်လျှောက် လူ့အခွင့်အရေး၊ လူမှုဘဝနှင့် နိုင်ငံရေးဆိုင်ရာ မှတ်တမ်းတင်ရုပ်ရှင် (Documentary Film) ဒါရိုက်တာတစ်ဦးအဖြစ် ထင်ရှားကျော်ကြားလာခဲ့ပြီး မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကိုလည်း ဦးဆောင်တည်ထောင်ခဲ့သည်။ သို့သော် ၂၀၁၉ ခုနှစ်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ ရပ်တည်မှုကို လူမှုကွန်ရက် (Facebook) ပေါ်တွင် ဝေဖန်ရေးသားခဲ့သည့် အချက် ၁၁ ချက်ကြောင့် ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် အင်းစိန်ရဲစခန်း၌ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဦးစွာအမှုဖွင့်ခံခဲ့ရသည်။ ထို့နောက် တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီးလင်းထွန်းက တရားလိုပြုလုပ်၍ အင်းစိန်မြို့နယ်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ထပ်မံတိုင်ကြားခဲ့သဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ ၁၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ၎င်းတွင် အသည်းကင်ဆာဝေဒနာ ခံစားနေရသဖြင့် ကျန်းမာရေးဆိုးရွားနေသော်လည်း တရားရုံးက အာမခံပေးရန် ငြင်းပယ်ခဲ့သောကြောင့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင် နှင့်အတူ အင်းစိန်အကျဉ်းထောင်တွင်းမှနေ၍ ၄ လကျော်ကြာ အမှုရင်ဆိုင်ခဲ့ရပြီး၊ ၂၀၁၉ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် အင်းစိန်မြို့နယ်တရားရုံးက ၎င်းအား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၁) နှစ် ချမှတ်ခဲ့သည်။[]

ကဗျာခရီးလမ်း

[ပြင်ဆင်ရန်]

၁၉၉၀ ပြည့်နှစ်က စပြီး မဂ္ဂဇင်းများတွင်  ကဗျာများ စရေးသည်။ ကိုကိုကြီး ( မြန်မာ့ရုပ်သံ)၊ သင့်ကိုကိုကြီး ( မြန်မာ့ရုပ်သံ)၊ မင်းဒင်ကိုကိုကြီးစသည့် ကလောင်အမည်များ သုံးခဲ့သည်။ ကဗျာအပြင် အက်ဆေးအချို့လည်း ရေးသည်။ မင်းထင်ကိုကိုကြီးအမည်ကို ၁၉၉၄ ခုနှစ် အောက်တိုဘာလထုတ် ရှေ့ပြေးမဂ္ဂဇင်းတွင် မျိုးကျော့မြိုင်ည ကဗျာ တွင် စတင် အသုံးပြုခဲ့သည်။

အနုပညာလမ်းခရီး

[ပြင်ဆင်ရန်]

၂၀၀၀ ပြည့်နှစ်ကျော်ကတည်းက မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးလာခဲ့သူ ဖြစ်သည်။ ၂၀၀၃ – ၂၀၀၄ ခုနှစ်က “မောင်ရာဇာနေဝင်းကလုံး” ဆိုသည့် ဒီဗီဒီကားဖြင့် ဒါရိုက်တာဘဝကို စတင်ခဲ့သည်။[] ပွဲဦးထွက် ဇာတ်ကားမှာ ပရိသတ်လက်ခံမှု ရာနှုန်းပြည့် မရခဲ့သော်လည်း ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဆိုသည့် နာမည်တခုကို စတင် ထူထောင်နိုင်ခဲ့သည်။ ၎င်း၏ မှတ်တမ်းရုပ်ရှင် လက်ရာအများစုသည် နိုင်ငံတကာစင်မြင့်တွင် နေရာရယူနိုင်ခဲ့သည်။သူ၏ အစောပိုင်းလက်ရာများအနက် ထိုင်းနိုင်ငံအတွင်း ပြောင်းရွှေ့အခြေချသည့် လူနည်းစုတိုင်းရင်းသားမျိုးနွယ် ပဒေါင်လူမျိုးများအကြောင်း ရိုက်ကူးထားသည့် မနုဿလှောင်ချိုင့် “Human Zoo”၊ အင်းလေးဒေသမှ ခရမ်းချဉ်သီးစိုက်ပျိုးရေးနှင့် ဂေဟစနစ်ပျက်စီးမှုအကြောင်း ရိုက်ကူးထားသည့် အင်းသီး “The Floating Tomatoes” မှတ်တမ်းရုပ်ရှင်များမှာ ထင်ရှားသည်။[] ၂၀၁၀ နောက်ပိုင်းတွင် ထင်ရှားသည့် ဇာဂနာ (ခ) ဒါရိုက်တာမောင်သူရနှင့်အတူ The Art of Freedom ရုပ်ရှင်ပွဲတော်ကို ရန်ကုန်တွင် စီစဉ်ကျင်းပခဲ့ပြီး ၎င်း၏ လက်ရာများကို မြန်မာပရိသတ်က ကြည့်ရှုခွင့်ရခဲ့သည်။

မင်းထင်ကိုကိုကြီးသည် လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံအား ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော် တစ်ခုဖြစ်သည့် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကိုလည်း ကျင်းပသည်။သူသည် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်တမ်းရုပ်ရှင်ကိုလည်း ရိုက်ကူးခဲ့သည်။ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးတွင် ဒါရိုက်တာအဖြစ် အစောဆုံး ပါဝင်ခဲ့သေးသည်။[] သို့သော်လည်း နောက်ပိုင်း နုတ်ထွက်သွားခဲ့သည်။

တက်ကြွလှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

မင်းထင်ကိုကိုကြီး[] သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အား အမာခံ ထောက်ခံသူတစ်ဦးအဖြစ် ထင်ရှားသည်။[]

ယင်းအပြင် စစ်တပ်ကိုလည်း ပြင်းပြင်းထန်ထန်ဝေဖန်မှုများ မကြာခဏဆိုသလို ပြုလုပ်သည်။ အထူးသဖြင့် ၂၀၁၉ ခုနှစ် တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သတ်ပြီး တပ်မတော်၏ရပ်တည်မှုနှင့်ပတ်သက်ကာ ဆိုရှယ်မီဒီယာ ဖေ့စ်ဘုတ် ပေါ်တွင် ဝေဖန်ရေးသားမှုများပြုလုပ်ခဲ့ရာ တပ်မတော်က မင်းထင်ကိုကိုကြီးအား ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခြင်းကို ရင်ဆိုင်ခဲ့ရသည်။ ထိုအမှုဖြင့် ၂၀၁၉ခုနှစ် ဩဂုတ်လ ၂၉ရက်နေ့ တွင် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရသည်။[၁၀]

၂၀၂၁ စစ်အာဏာသိမ်းခြင်းတွင်လည်း နိုင်ငံရေးသမားများနှင့်အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းတွင် အစောဆုံး ဖမ်းဆီးခြင်းခံရသူထဲ ပါဝင်ခဲ့ကာ ပုဒ်မ ၅၀၅ (ခ) ဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။[၁၁] ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ရက်တွင် ပြန်လွတ်လာခဲ့သည်။[၁၂]

မိသားစုဘဝ

[ပြင်ဆင်ရန်]

မင်းထင်ကိုကိုကြီးသည် အိမ်ထောင်ပြုခဲ့ပြီးနောက် ကွာရှင်းခဲ့သည်။သမီးတစ်ဦး ထွန်းကားခဲ့သည်။

ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့တွင် အသည်းကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။[၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. မော်ကွန်းတင်ပြီးမိတ္တူ 15 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2022 တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ 15 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2022 တွင် ပြန်စစ်ပြီး။
  3. မော်ကွန်းတင်ပြီးမိတ္တူ 15 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2022 တွင် ပြန်စစ်ပြီး။
  4. ဒါရိုက်တာမင်းထင်ကိုကိုကြီး၏ ကိုယ်ရေးအကျဉ်း (in bu) (2020-01-22)။ 2026-06-04 တွင် ပြန်စစ်ပြီး။
  5. မော်ကွန်းတင်ပြီးမိတ္တူ 15 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2022 တွင် ပြန်စစ်ပြီး။
  6. မော်ကွန်းတင်ပြီးမိတ္တူ 15 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2022 တွင် ပြန်စစ်ပြီး။
  7. မော်ကွန်းတင်ပြီးမိတ္တူ 15 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2022 တွင် ပြန်စစ်ပြီး။
  8. မော်ကွန်းတင်ပြီးမိတ္တူ 15 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2022 တွင် ပြန်စစ်ပြီး။
  9. မော်ကွန်းတင်ပြီးမိတ္တူ 15 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2022 တွင် ပြန်စစ်ပြီး။
  10. မော်ကွန်းတင်ပြီးမိတ္တူ 15 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2022 တွင် ပြန်စစ်ပြီး။
  11. မော်ကွန်းတင်ပြီးမိတ္တူ 15 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2022 တွင် ပြန်စစ်ပြီး။
  12. မော်ကွန်းတင်ပြီးမိတ္တူ 15 November 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 November 2022 တွင် ပြန်စစ်ပြီး။
  13. ၂၀၂၆ ခုနှစ်၊ ဇွန် ၂ ရက် ဘီဘီစီတိုက်ရိုက်သတင်းထုတ်လွှင့်ချက် - ရွှေလီတစ်ဖက်ခြမ်း နမ့်ခမ်းမြို့က ပေါက်ကွဲမှုအလွန် လိုအပ်တာကူညီမယ်လို့ တရုတ်ပြော (in my) (2026-06-02)။ 2026-06-02 တွင် ပြန်စစ်ပြီး။