ဆောဖလိုင်းပိုးကောင်
ပုံပန်းသွင်ပြင်
| ဆောဖလိုင်းပိုးကောင် (Sawfly) | |
|---|---|
| Tenthredo mesomela | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Arthropoda |
| မျိုးပေါင်း: | Insecta |
| မျိုးစဉ်: | Hymenoptera |
| မျိုးစဉ်သေး: | Symphyta Gerstäcker, 1867[၁] |
| မျိုးရင်းကြီးများ | |
ဆောဖလိုင်းပိုးကောင် (Sawfly) သည် ပုရွက်ဆိတ်၊ ပျား၊ နကျယ်ကောင်တို့နှင့်အတူ ‘ဟိုင်မင်နော့တာရာ’ မျိုးစဉ်ထဲတွင် ပါဝင်သည်။ ခူ ဘဝမှ တဆင့်ကြီးရသော အကောင်မျိုးဖြစ်သည်။ ပုရွက်ဆိတ်၊ ပျား၊ နကျယ်ကောင်တို့ကဲ့သို့ ခါးမသေးပေ။ ယင်း၌ အလင်းပေါက်သော အတောင်ပံ ၄ ခုရှိသည်။ အတောင်ပံများတွင် ထူးခြားသော အမှတ်အသားများမပါချေ။ ဥအုသောအင်္ဂါတွင် လွှသွားကဲ့သို့ထက်သော အစိတ်အပိုင်းများရှိသည်။ ထိုအစိတ်အပိုင်းဖြင့် သစ်ရွက်၊ ပင်စည်တို့တွင် ရှရာပေး၍ ဥများကိုထည့်ထားတတ်သည်။ ၎င်းပိုးကောင်များသည် သစ်ပင်၊ ချုံပင်တို့ကို အကြီးအကျယ်ဖျက်ဆီးတတ်သည်။ ယင်းတို့ကို အနောက်နိုင်ငံများတွင်တွေ့ရသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Gerstäcker, C.E.A. (1867). "Ueber die Gattung Oxybelus Latr. und die bei Berlin vorkommenden Arten derselben" (in de). Zeitschrift für die Gesammten Naturwissenschaften 30 (7): 1–144.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
| ဤ အင်းဆက်နှင့် ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |