ဆေဗယ်တောဆိတ်
ဆေဘယ်တောဆိတ်ကို ဆေဘယ်ဆိတ်သမင်ဟုလည်း ခေါ်တွင်သည်။ အာဖရိကတိုက်တွင် တွေ့ရသော တောဆိတ် (အန်တီလုပ်) တစ်မျိုး ဖြစ် သည်။ အာဖရိကတိုက်အရှေ့ပိုင်းတွင် ကင်ညာနိုင်ငံ၏တောင်ဘက်ရှိ သစ် တောဖုံးလွှမ်းနေသော ဆာဗားနားမြက်ခင်းပြင်များတွင် လည်းကောင်း၊ အာဖရိကတိုက်တောင်ပိုင်းတွင်လည်းကောင်း တွေ့ရသည်။ မျိုးစိတ်ခွဲလေးမျိုး ရှိသည်။
အာဖရိကတိုက်ရှိ တောဆိတ် (အန်တီလုပ်)များအနက် အလှပဆုံး ဖြစ်သည်။ အကောင် ၂၀ သို့မဟုတ် ၃၀ ခန့်ရှိသည့် ဆေဗယ်တောဆိတ်မနှင့် တောဆိတ်ကလေး များ တစ်အုပ်တွင် ဆေဗယ်တောဆိတ်သို့ တစ်ကောင်သာ ပါလေ့ရှိသည်။ ဆေဗယ်တောဆိတ်သည် မြင်းပုနီးပါးမျှကြီးသည်။ ယင်း၌ တောက်ပြောင်သော အမွေးနက်များနှင့် ခါးဘက်တွင် အမွေးဖြူများ ရှိသည့်ပြင် လည်ဆံမွေးနက်များလည်းရှိသည်။ ဦးချိုများသည် တကိုက်မျှရှည်ပြီးလျှင် နောက်ဘက်သို့ ကောက်လျက်ရှိသည်။ ဆေဗယ်တောဆိတ်မများ၏ အရောင်မှာ အညိုရင့်ရောင် ဖြစ်သည်။ ယင်းတို့၌ လှပသည့် ဦးချိုများ ရှိသည်။ သို့သော် အဖို၏ဦးချိုလောက်ကား မသန်မာကြချေ။
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)