ဆီလန်နိုင်ငံ

ဝီကီပီးဒီးယား မှ
Principality of Sealand
Micronation
Sealand၏ အလံတော်
အလံတော်
Sealand၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
ဆောင်ပုဒ်: E Mare Libertas  (လက်တင်)
"From the sea, Freedom"[၁]
နိုင်ငံတော် သီချင်း: "From the sea, Freedom"
Sealand၏ တည်နေရာ
ဆီလန်အား ကောင်းကင်မှ မြင်တွေ့ရပုံ (၁၉၉၉)
ဆီလန်အား ကောင်းကင်မှ မြင်တွေ့ရပုံ (၁၉၉၉)
ဖွဲ့စည်းပုံစည်းမျဉ်းခံဘုရင်စနစ်[၂]
တည်ထောင်
• ကြေညာ
၂ စက်တင်ဘာ ၁၉၆၇;
၅၆ နှစ် အကြာက
 (၁၉၆၇-၀၉-02)[၃]
ပိုင်ဆိုင်သည်ဟုဆိုသော ဧရိယာ
• စုစုပေါင်း
၀.၀၀၄ km2 (၀.၀၀၁၅ sq mi)
(approx. 1 acre)
လူဦးရေ
• ခန့်မှန်း
၂ (၂၀၁၅)[၄]
Purported currencyဆီလန်ဒေါ်လာ
ဝက်ဘ်ဆိုဒ်
sealandgov.org

ဆီလန်နယ် (အင်္ဂလိပ်: Principality of Sealand; /ˈsˌlænd/) သည် အင်္ဂလန်နိုင်ငံ၊ ဆာ့ဖစ်ကမ်းရိုးတန်းမှ တစ်ဆယ့်နှစ် ကီလိုမီတာ (  ရေမိုင်) အကွာခန့်၊[၃] မြောက်ပင်လယ်အတွင်းတည်ရှိသော အသိအမှတ်မပြုထားသည့်၊ နိုင်ငံဟု ကိုယ်တိုင်ထုတ်ဖော်ကြေညာထားသည့် (Roughs Tower ဟု သိကြသော) HM Fort Roughs ကမ်းလွန်ပလက်ဖောင်းတစ်ခုဖြစ်သည်။[၅] Roughs Tower သည် ဒုတိယကမ္ဘာစစ်အတွင်းက အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်တွင် ဗြိတိသျှတို့ တည်ဆောက်ခဲ့သော ပင်လယ်ခံတပ်တစ်ခု ဖြစ်သည်။ ၁၉၆၇ ခုနှစ်မှစ၍ အသုံးမပြုတော့သော Roughs Tower အား ပတ်ဒီ ရွိုင် ဘိတ် နှင့် မိသားစုတို့က ဝင်ရောက်နေထိုင်ကာ အချုပ်အခြာပိုင် နိုင်ငံအဖြစ် ကြေညာခဲ့သည်။ ဘိတ်သည် ၁၉၆၇ ခုနှစ်တွင် လိုင်စင်မဲ့ ရေဒီယိုထုတ်လွှင့်သည့် အုပ်စုတစ်ခုထံမှ Roughs Tower ကို သိမ်းပိုက်ခဲ့ကာ ကိုယ်ပိုင်စခန်းအဖြစ် အသုံးချရန် ကြံစည်ခဲ့သည်။ ဆီလန်အား ၁၉၇၈ ခုနှစ်တွင် ကြေးစားစစ်သားများက ကျူးကျော်ခဲ့သော်လည်း တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့သည်။ ယူနိုက်တက်ကင်းဒမ်းသည် ယင်း၏ ရေပိုက်နက်ကို ရေမိုင် ၁၂ မိုင်အထိ တိုးချဲ့ခဲ့သည့် ၁၉၈၇ ခုနှစ်မှစ၍ အဆိုပါပလက်ဖောင်းသည် ဗြိတိသျှပိုင်နက်အတွင်း ကျရောက်ခဲ့သည်။

တရားဝင်မှု အခြေအနေ[ပြင်ဆင်ရန်]

ယူနိုက်တက်ကင်းဒမ်းနှင့် ဆီလန်တို့၏ မြေပုံ

၁၉၈၇ ခုနှစ်တွင် ယူနိုက်တက်ကင်းဒမ်းသည် ၎င်း၏ ရေပိုင်နက်ကို ၃ to ၁၂ ရေမိုင် (၆ to ၂၂ ကီလိုမီတာ) တိုးချဲ့သည့်အချိန်မှစ၍ ဆီလန်သည် ဗြိတိသျှရေပိုက်နက်တွင် ကျရောက်ခဲ့သည်။[၆] ဥပဒေကျွမ်းကျင်သူ ဂျွန်ဂစ်ဘ်ဆင်၏ အမြင်အရ ဆီလန်သည် လူလုပ်အဆောက်အဦတစ်ခုဖြစ်သည့်အတွက် နိုင်ငံတစ်ခုအဖြစ် အသိအမှတ်ပြုရန် မဖြစ်နိုင်ဟု ဆိုသည်။[၆]

ဆီလန်သည် "နိုင်ငံအဖြစ် ကြေညာသည့် အသေးဆုံး ဧရိယာ" ဟူသော ဂင်းနက် ကမ္ဘာ့စံချိန်ကို ရရှိထားသည်။[၇]

အသိအမှတ်ပြုမှု[ပြင်ဆင်ရန်]

ဩစတြေးလျန်း သတင်းစာနှင့် Red Bull တို့က ဆီလန်အား ကမ္ဘာ့အသေးဆုံးနိုင်ငံအဖြစ် ဖော်ပြခဲ့သော်လည်း[၈][၉] ဆီလန်အား မည်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံကမှ တရားဝင်အသိအမှတ်ပြုခြင်း မရှိပေ။ သို့သော်လည်း ဆီလန်အစိုးရကမူ ယင်းထံသို့ သံတမန်တစ်ကြိမ် စေလွှတ်ခဲ့ခြင်းကြောင့် ယူနိုက်တက်ကင်းဒမ်းနှင့် ဂျာမနီနိုင်ငံတို့မှ အသိအမှတ်ပြုသည်ဟု ထုတ်ဖော်ကြေညာခဲ့သည်။[၁၀]


ကိုးကား[ပြင်ဆင်ရန်]

  1. Braun၊ Adee (30 August 2013)။ From the Sea, FreedomLapham’s Quarterly။ 1 November 2021 တွင် ပြန်စစ်ပြီး။ “Roy Bates died in 2012, and was succeeded by Prince Michael...”
  2. Principality of Sealand။ Artists' Association MUU (2003)။ 15 October 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 September 2023 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ "Sealand: A peculiar 'nation' off England's coast" (in en)၊ BBC Travel၊ BBC၊ 5 July 2020။ 
  4. Eveleth၊ Rose (2015-04-14)။ 'I rule my own ocean micronation'။ BBC။
  5. Cawley၊ Laurence။ "The off-shore fort 'state' of Sealand marks 50 years" (in en-GB)၊ BBC News၊ BBC၊ 2017-09-02။ 
  6. ၆.၀ ၆.၁ Ward၊ Mark။ "Offshore and offline?"၊ BBC News၊ BBC၊ 5 June 2000။ 
  7. Guinness World Records 2008။ Guinness World Records။ 2007။ p. 131။ ISBN 978-1-904994-18-3
  8. Skateboarding the World's Smallest Country: Red Bull All Access။ RedBull Skateboarding။ Nov 12, 2008 – via YouTube။
  9. "One the heap: JOURNEYS – THE SPIRIT OF DISCOVERY: Simon Sellars braves wind and waves to visit the unlikely North Sea nation of Sealand"၊ The Australian၊ 10 November 2007။ 13 September 2023 တွင် ပြန်စစ်ပြီး။ Archived from the original on 5 December 2008။ 
  10. Ryan၊ John; Dunford၊ George; Sellars၊ Simon (2006)။ Micronations။ Lonely Planet။ p. 11ISBN 978-1-74104-730-1