မြောက်ပင်လယ်

ဝီကီပီးဒီးယား မှ

မြောက်ပင်လယ် ။ ။ မြောက်ပင်လယ်သည် အတ္တလန္တိတ် သမုဒ္ဒရာ၏ လက်တက်တစ်ခုဖြစ်၍ ဂရိတ် ဗြိတိန်ကျွန်းနှင့် ဥရောပတိုက် ကုန်းမအကြား၌ တည်ရှိ၏။ ယင်း၏ ကမ်းရိုးတန်းသည် မိုင် ၄ယ ဝဝဝ ကျော်မျှ ရှည်လျား၍ စတုရန်းမိုင် ၂၂၂ယ ဝဝဝ ကျော်မျှ ကျယ်ဝန်းရာ အလျားသည် မိုင် ၆ဝဝ ဖြစ်၍ အနံသည် မိုင် ၄ဝဝ ခန့် ဖြစ်သည်။

မြောက်ပင်လယ်သည် ရေတိမ်သော ပင်လယ်ဖြစ်သည်။ တောင်ပိုင်းတွင် ပျမ်းမျှခြင်းအားဖြင့် ပေ ၁ဝဝ၊ အလယ်ပိုင်း တွင်ပေ ၂၅ဝ နှင့် မြောက်ပိုင်းတွင် ပေ ၄ဝဝ နက်သည် အချို့နေရာများတွင် ဤမျှလောက်ပင် မနက်ချေ။ ရေအနက်ဆုံး နေရာများတွင် ဤမျှလောက်ပင် မနက်ချေ။ ရေအနက်ဆုံး အပိုင်းမှာ နော်ဝီဂျီယန် ရေလက်ကြားဖက်တွင် ဖြစ်ရာ၊ ထိုနေရာတွင် ၂ယ ၁၆၅ ပေ ခန့်မျှနက်လေသည်။ ရေတိမ်သည့် ပင်လယ်ဖြစ်၍လည်း လှိုင်းလေထန်၏။ ဤ ပင်လယ်နေရာသည် တစ်ခါက ကုန်းမြေဖြစ်ခဲ့သည်။ အတ္တလန္တိတ်သမုဒ္ဒရာမှ ရေများလွှမ်းမိုး၍ ပင်လယ်ဖြစ်ပေါ်လာသော အချိန်အခါသည် ကမ္ဘာကြီး၏ သက်တမ်းနှင့် စာသော်မကြာလှသေးချေ။

မြောက်ပင်လယ်တွင်းသို့ မြစ်ကြီးများစွာ စီးဝင်သဖြင့် အခြား ပင်လယ်များနှင့် နှိုင်းစာလျှင် ရေငန်လှခြင်း မရှိပေ။ စီးဝင်ကြသော မြစ်များမှာ အဂ‡လန်ပြည်ဖက်မှ ဟမ်းဗားနှင့် တင်းမြစ်၊ ဥရောပတိုက်ဖက်မှ ရိုင်း၊ အဲ့လဗ၊ ဗေဇာ၊ အမ်းနှင့် ဆကဲ့မြစ်တို့ ဖြစ်ကြလေသည်။

စကက်ဂါရက် အမည်ရှိသော လက်တက်တစ်ခုနှင့် ကီးရေလက်ကြားကြီးတို့သည် မြောက်ပင်လယ်နှင့် ဗောလတစ်ပင်လယ်တို့ကို ဆက်စပ်ထား၏။ အဂ‡လိပ် ရေလက် ကြားကြီးကမူ ထိုပင်လယ်နှင့် အတ္တလန္တိတ်သမုဒ္ဒရာတို့ကို ဆက်စပ်ထားလေသည်။ ယင်းသို့ အခြားပင်လယ် သမုဒ္ဒရာများနှင့် ဆက်စပ်နေသဖြင့် မြောက်ပင်လယ်တွင် ပင်လယ်ရေစီးကြောင်း အမျိုးမျိုး ဖြစ်နေသည်။

အေးချမ်းသာယာသည့် အချိန်အခါများတွင် မြောက်ပင်လယ်မှာ ကုန်သဘေ‡ာကြီးများ၊ လူစီးသဘေ‡ာကြီးများ ကူးသန်းသွားလာကြခြင်းဖြင့် များစွာ စည်ကားလေသည်။ ကမ္ဘာပေါ်တွင် ရေကြောင်းဖက်၌ ထင်ရှားသောနိုင်ငံကြီးများ၏ သဘေ‡ာဆိပ်မြို့များသည်ယင်းပင်လယ်၏ ကမ်းခြေတွင် တည်ရှိ ကြ၏။ အဂ‡လန်၊ ဂျာမနီ၊ နော်ဝေး၊ နယ်သာလန်နှင့် ဒိန်းမတ်နိုင်ငံတို့၏ သဘေ‡ာဆိပ်မြို့များသည် မြောက်ပင်လယ် ၏ နယ်နိမိတ်များ ဖြစ်၏။ ပင်လယ်ကမ်းရိုးတန်း တစ်လျှောက်တွင် တံငါလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင် ကြ၍၊ တစ်ကမ္ဘာလုံး သုံးစွဲရန်အတွက် ဟဲရင်းငါးများကို မြောက်ပင်လယ် ကမ်းခြေဖက်ကျသော နော်ဝေး တံငါလုပ်ငန်းများက ဖမ်းဆီးရရှိ၏။ မြောက်ပင်လယ် ဖက်ကျသော အဂ‡လန်နှင့် စကော့တလန်ပြည်၏ အရှေ့ဘက် ကမ်းခြေ ဒေသများတွင်လည်း တံငါလုပ်ငန်း ကြီးကျယ်လေသည်။

မြောက်ပင်လယ်၏ တည်နေပုံသည် စစ်အတွက် အရေးပါသောကြောင့် စစ်တွင်းကာလများ၌ မြောက်ပင်လယ်ကို ယင်း၏ကမ်းခြေရှိ နိုင်ငံကြီးများက ကြပ်တည်းစွာ စောင့်ထိန်းထားကြ၏။ စစ်သဘေ‡ာများက ကင်းလှည့်နေ၍ ရေမြု|ပ်ဗုံးများကိုလည်း ချထားလေသည်။ အကြောင်းမှာ ပထမကမ္ဘာစစ်ကြီးအတွင်က အဂ‡လန်ပြည်သည် ထိုပင်လယ်ကို ကြီးစိုးနေခဲ့၍၊ ထိုပင်လယ်မှ ဗေလတစ်ဖက်သို့ ရန်သူတို့၏ ကူးသန်းသွားလာခြင်းကို အဆက်ဖြတ်ထားနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီး အတွင်း၌ကား ဂျာမန်နှင့် အဂ‡လိပ် ရေတပ် နှစ်ခုစလုံးကပင် မြောက်ပင်လယ်၌ ရေကြောင်း ပိတ်ဆို့ရန် ကင်းလှည့်၍ ရေမြု|ပ်ဗုံးများကို ချထားခဲ့သည်။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)