ဆလမန္ဒာကောင်

ဝီကီပီးဒီးယား မှ
ဆလမန္ဒာကောင် (Salamander)
Temporal range:
Late JurassicPresent,[၁] 160–0 Ma
Spotted salamander, Ambystoma maculatum
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Amphibia
Clade: Caudata
မျိုးစဉ်: Urodela
Duméril, 1806
မျိုးစဉ်ခွဲများ

Cryptobranchoidea
Salamandroidea

Native distribution of salamanders (in green)

ဆလမန္ဒာကောင် (Salamander) သည် ပုံသဏ္ဌာန်အားဖြင့် အိမ်မြှောင်နှင့် တူသည်။ ခြေလေးချောင်းရှိ၍ အမြီးရှည်သည်။ ဖားရေပုတ်သင်တို့နှင့် အမျိုးနီးစပ်၏။ ရေကိုနှစ်သက်သော သတ္တဝါမျိုး ဖြစ်သည်။ များသောအားဖြင့် အရွယ်ငယ်၏။ သို့ရာတွင် ဂျပန်နိုင်ငံ၌ ၅ ပေ ရှည်သော ဆလမန္ဒာကောင်မျိုး ရှိသည်။ ဆလမန္ဒာကောင်သည် ကြောက်တတ်၏။ ဖြည်းညှင်းစွာ ကိုင်တွယ်လျှင် ဘာမျှပြန်၍ မလုပ်တတ်ပေ။ သို့သော် ကြမ်း ကြမ်းတမ်းတမ်း ကိုင်တွယ်လျှင် အရေခွံမှ အဆိပ်ပါသည့် အဖြူရည်ကို ပက်ထုတ်တတ် သည်။ ဆလမန္ဒာအမသည် အိုင်ထဲ၊ စမ်းထဲသို့ ဥများကို အုချသည်။ ရက်သတ္တစ်ပတ် ၂ ပတ်မှ ၄ ပတ်အတွင် ဥများမှ အကောင်ကလေးများ ပေါက် လာကြသည်။ ဆလမန္ဒာကောင်ကလေးသည် ပါးဟက်ဖြင့် အသက်ရှူသည်။ ခြေလေးချောင်းရှိ၏။ သို့သော် ငယ်ရွယ်စဉ် ရေထဲ၌ပင် ငါးကဲ့သို့နေသည်။ ကြီးပြင်းလာသောအခါမှ ကုန်း ပေါ်၌နေသည်။ အကွက်အပြောက်များရှိသော ဆလမန္ဒာကောင်မျိုးကို ဥရောပတိုက်၊ အမေရိကတိုက်၊ အာရှမိုင်းနား နယ်တို့တွင် တွေ့ရသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. "Fossils, molecules, divergence times, and the origin of Salamandroidea" (2012). Proceedings of the National Academy of Sciences 109 (15): 5557–5558. doi:10.1073/pnas.1202491109. PMID 22460794. Bibcode2012PNAS..109.5557A. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)