ဆရာကာပြန် အာခေါင်လှံစူး
ဆရာကာပြန် အာခေါင်လှံစူး ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။
ရှင်းလင်းချက်
[ပြင်ဆင်ရန်]ဗျိုင်းကို ဆရာအဖြစ် အသိအမှတ် မပြုသော လှံကစားသမားသည် အာခေါင်လှံစူး၍ သေရသကဲ့သို့ ဆရာကို ဖက်ပြိုင် အန်တုသူသည် နောက်ဆုံးတွင် ပျက်စီးရသည်။ [၁]
ရှေးအခါက ယောက်ျားတစ်ယောက်သည် မြစ်အနီးရှိ ကတွတ်ပေါက်၌ ငါးကို မြှောက်ကစားနေသော ဗျိုင်းကို မြင်တွေ့ရာ အတုယူပြီး သစ်ချွန်များကို ကောင်းကင်သို့ ပစ်မြှောက်၍ မြေသို့ မကျမီ ပါးစပ်ဟခံယူနိုင်အောင် လေ့ကျင့်လေသည်။ ထိုမှတစ်ဆင့် အုတ်ခဲ၊ လှံတံ၊ သန်လျက် စသည်တို့ကို ပစ်မြှောက်ပြီး မြေသို့ မကျမီ ပါးစပ်ဖြင့် ကိုက်နိုင်အောင် လေ့ကျင့်လေသည်။ ထိုသူသည် မိမိ၏ ကျွမ်းကျင်မှုကို တစ်ရွာဝင် တစ်ရွာထွက် ပြသရာ လူအများသဘောကျ၍ ဆုလာဘ်များစွာရ ရှိလေသည်။ ထိုယောက်ျား၏ သတင်းကို ပြည့်ရှင်မင်းကြားသော် မင်းပွဲသဘင် မင်းရင်ပြင်သို့ ဝင်ရောက်ပြသစေသည်။ ထိုသူ၏ အဲ့မခန်းသည့် ပညာစွမ်းကို မင်းကြီးမြင်၍ အသင်၏ ဆရာသည် မည်သူနည်းဟုမေးရာ ထိုသူက ဗျိုင်းထံမှ ရကြောင်း ဝန်မခံလိုဪ သူ့မှာ ဆရာမရှိကြောင်းဖြေကြားလေသည်။ ထို့နောက်တစ်ဖန် လှံကစားပြန်သော် လှံသွားသည် အာခေါင်၌ စူးဝင်ကာ သေဆုံးရလေသည်။ [၂]
မူလရင်းမြစ်
[ပြင်ဆင်ရန်]- "ဆရာကိုပယ်၊ ကိုယ်ဝယ်လှံစူး၊ အထူးမျက်မှောက်၊ မန္တန်ပျောက်နှင့်၊ အုတ်ကျောက်ခဲပြို၊ မြေခွဲမျို၍၊" [၁၂၆၆] မဃ * ၂၅၅။
- အဲဒါ ဆရာကို ကာပြန်လို့ အာခေါင်ကို လှံစူးတာပဲ။ ဆရာဆိုတာ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတဲ့ကွဲ့။ ... ဆရာသုံးပါးစလုဲးရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ရဘူး။" [၁၃၁၆] စာဗိမာန်၊ ၃၊ ၃။ ၁၆။