လှံ

ဝီကီပီးဒီးယား မှ

လှံ[ပြင်ဆင်ရန်]

တုတ်အရှည် ရှစ်ပေမှ ကိုးပေအထိနှင့် ထိပ်ဖက်တွင်း စူး၍ ဝင်နိုင်သည့် အချွန်ရှိသော တိုက်ခိုက်သည့် ကိရိယာကို လှံဟုခေါ်သည်။ လှံကို အသုံးပြုရာတွင် မြားကဲ့သို့ လေးမှပစ်၍မလွှတ်ဘဲ လက်ဖြင့်သာ ပစ်၍ထိုးရသည်။

ရှေးအခါက လှံ၏အဖျားသည် သာမန်ချွန်ထားခြင်းမျှသာ ဖြစ်ပြီး လျှင် ထိုအချွန်ကိုမာစေရန် မီးသင်း၍ ထားကြပေလိမ့်မည်။ ထို့နောက်မှ အရိုးချွန်ကို ထည့်နိုင်ခဲ့ကြသည်။ ထိုလက်နက်မျိုးကို ယခုတိုင် ရှေးဆန် သည့်လူမျိုးများ သုံးစွဲလျက်ရှိကြသေးသည်။ အလယ်ခေတ်စစ်သားများ၏ လှံသည် ၁၆ ပေရှည်၏။ ယခု ခေတ် အလံကိုင်မြင်းစီးစစ်သားများ၏ လှံအရှည်မှာ ရှစ်ပေခွဲမှ ၁၁ ပေ အထိရှိသည်။ ထိုလှံများ၏ ထိပ်ဖက်တွင် အလံကလေးများ ချိတ်ဆွဲထားကြ လေသည်။ ပါးရှင်းစစ်သားများ၏ လှံထိပ်တွင် အသွားနှစ်ခွ၊ တစ်ခါတစ်ရံ တွင် သုံးခွရှိသောလှံများကို အလှသက်သက် ပြုလုပ်ထားကြသည်။ လူရိုင်း ၏လှံအဖျားတွင် ငါးရိုးကိုဖြစ်စေ၊ အခြားအရိုးတစ်ခုခုကိုဖြစ်စေ ချည်ထား တတ်ကြသည်။ ထိုလှံများကို အမဲလိုက်ရာတွင်ဖြစ်စေ၊ စစ်တိုက်ရာတွင်ဖြစ် စေ အသုံးပြုကြသည်။ စစ်တိုက်ရာတွင်သုံးသည့် လှံများ၏အဖျားတွင် တစ် ခါတစ်ရံ အဆိပ်သုတ်လိမ်းထားတတ်ကြသည်။ လှံသွားများကို ကြေးညိုဖြင့် ပြုလုပ်လေ့ရှိကြသည်။ တောဝက်သိုးများနှင့် အခြားအမဲကောင်ကြီးများကို လိုက်ရာတွင် လှံများကို ယခုတိုင်ပင် အသုံးပြုလျက်ရှိကြသေးသည်။ ရုရှနှင့် အနောက်ဥရောပနိုင်ငံရှိ မြင်းစီးတပ်များတွင်လည်းကောင်း၊ အိန္ဒိယ မြင်းစီး တပ်များတွင်လည်းကောင်း ယခင်က လှံများကို လက်နက်အဖြစ် အသုံးပြု ခဲ့ကြသော်လည်း ယခုအခါတွင်မူ လှံများကို အခမ်းအနားများတွင်သာ အသုံးပြုကြတော့သည်။

ရှေးမြန်မာစစ်သားများသည် လှံထိုးနှင့် ဓားခုတ်ကျင်လျင်ကြ သည်ဟု အဆိုရှိသည်။ ဆယ့်နှစ်ရာသီ ပွဲတော်အလိုက် ပြာသိုလတွင် မြင်း ခင်းစက်သွင်းပွဲတော် ကျင်းပရာ၌ 'မြေနန်းတော် လက်ဝဲဘက်တွင် အမြင့် တစ်ဆယ့်ငါးတောင်ကစ၍ နှစ်ဆယ်၊နှစ်ဆယ့်ငါးတောင်၊ သုံးဆယ်၊ငါးဆယ်၊ အနောက်က အရှေ့သို့ အတည့်အတန်း စက်တိုင်ငါးစိုက်ထူပြီးလျှင် .... မင်း ညီမင်းသား၊ ဝန်ကြီး၊ အတွင်းဝန်၊ ဝင်းတော်မှူး၊ မှူးတော်မတ်တော်၊ လက် သုံးတော်၊ လက်စွဲတော်တို့ သနားတော်မြတ်ခံရသည့်မျဉ်း၊ မောက်တို၊ စစ် ဝတ်တန်ဆာ ဆင်ယင်ပြီးလျှင် မြငိးကြိုးကစုံများကို စီးနင်း၍ တစ်ကိုယ် လျှင် ဆယ်ခေါက်ကျ လှံလျင်ဆယ်စင်းစီကုန်အောင် ထိုးကြရသည်။ .... စက်စွဲသည့် မင်းညီမင်းသား၊ မှူးတော် မတ်တော်လက်သုံးတော် လက်စွဲ တော်တို့မှာ တစ်လက်စွဲလျှင် ငွေပွင့ထိုးပန်းပုဝါတစ်၊ သဇင်ပန်းခိုင်တစ်စီ သနားတော်မူသည်' ဟု ကုန်းဘောင်ဆက် မဟာရာဇဝင်ကြီးတွင် ဖော်ပြ ထားလေသည်။

၁၂၂၇ ခုနှစ်က မင်းတုန်းမင်းကြီးသည် ကျောက်တော်ကြီးဘုရား ကိုဖူးမြော်ရန် ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ်၊ ဆင်တပ်၊ မြင်းတပ် ရထားတပ်၊ ခြေသည်တပ်တည်းဟူသော စစ်အဂ‡ါလေးပါးခင်း၍ ထွက်တော် မူသည်။ ထိုသို့ ထွက်တော်မူကြီး ထွက်တော်မူရာတွင် စစ်သည်တော်တို့ သည် လေး၊ မြား၊ သေနတ်၊ အမြောက် စသော လက်နက်အမျိုးစုံတို့ကို စွဲကိုင်ဆောင်ကြဉ်းကြသည်။ ထိုလက်နက်အမျိုးမျိုးတွင် လှံသည် အလွန် အရေးပါ အရာရောက်ပုံရ၏။ အကြောင်းမူ ဆင်တပ်တွင်လည်း လှံပါရ သည်။ မြင်းတပ်တွင်လည်း လှံပါရသည်။ ရထားတပ်တွင်လည်း လှံပါရ သောကြောင့် ဖြစ်လေသည်။

ဆင်တပ်တွင် ဆင်တစ်စီးတစ်စီးလျှင် ဆင်ခြေဖုံးမိုးနဲရွှေလှံကိုင် ဆယ်ယောက်စီ ခြံရံလိုက်ပါရသည်။ မြင်းတပ်တွင် မြင်းတစ်စီးတစ်စီးလျှင် စီးသူတစ်ယောက် တစ် ယောက်ပါသည်။ ထိုးမြင်းစီးသူရဲသည် လက်ချည်းသက်သက် ဖြစ်သည် လည်းရှိ၍ အဲမောင်းကိုင်ထားသည်လည်းရှိ၏။ မြင်းတစ်စီးလျှင် လှံကမ်းသူ နှစ်ယောက် နောက်ကပါရသည်။

ရထားတပ်တွင် သူရဲစီးမြင်းက ရထားတစ်စီးလျှင် ဝဲယာနားပန်း စောင့် လှံကိုင်သူရဲနှစ်ယောက် ပါရသည်။ ခြေသည်တပ်တွင်ကာ လှံကိုင်သူရဲ အများအပြားပါဝင်သည်။ များသောအားဖြင့်ကား လှံရှည်ကိုင်၊ ရွှေဒိုင်း၊ ရွှေလွှား၊ ရွှေကာစွဲသူရဲတို့ဖြစ် ၏။ သို့သော်လည်း အတွင်းကိုယ်ရံတော်တပ်တို့တွင်မူ ရွှေလှံကိုင်သူရဲတို့ ပါသည်။

ပုဂံဝန်ထောက်မင်း ဦးတင်၏ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း စတုတ္ထပိုင်းစာမျက်နှာ ၈ဝ ၌ လှံအကြောင်း ဤသို့ ဖော်ပြပါရှိသည်။ လှံသည် (၁) လှံလျင်၊ (၂) ခြေသည်ကိုင်လှံ၊ (၃) မြင်းသည် ကိုင်လှံ၊ (၄) ဆင်သည်ကိုင်လှံဟူ၍ လေးမျိုးပြားသည်။
(၁) လှံလျင်ဆိုသည်မှာ အဝေးရှိရန်သူကိုလည်း ထိုးနိုင်သည်။ လက်ထဲတွင် အစွဲအမြဲကိုင်၍လည်း ထိုးနိုင်သည်။ ထိုကြောင့် ပါဠိတွင် မုတ္တာမုတ္တလက်နက်ဟုခေါ်သည်။ လှံလျင်ထိုးနည်းတွင် လက်တစ်ဖက်လျှင် လှံ ၁ဝ စင်းစီကိုင်ထားပြီးမှ တစ်စင်းစီ နှစ်စင်းစီ တစ်ဖက်ရန်သူရှိရာ ထိုး နိုင်သော အတတ်မျိုးလည်းပါသည်။ လှံလျင်ဖြင့် အဝေးကိုတွင်မက အမြင့် ကိုလည်း ထိုးနိုင်သည်။
(၂) ခြေသည်ကိုင်လှံဆိုသည်မှာ ယခုကာလ ကိုင်ကြသော လှံမျိုး ပင်ဖြစ်သည်။ သို့ရာတွင် စွဲကိုင်သူ၏အင်အားအလျောက် လှံသွား အကြီး အသေး ကွာခြားသည်။
(၃) ဆင်ထိုးလှံဆိုသည်ကား များသောအားဖြင့် လှံမများပင်ဖြစ် သည်။ အရိုးရှည်၊ အရိုးတို အသွားအရွက်များမှာလည်း ကိုင်လိုသူ၏ အင် အားအလိုက် အရွယ်အစား ကွဲပြားသေးသည်။ လှံမဆိုသည်မှာ လှံကြီးကို ဆိုလိုသည်။
(၄) မြင်းသည် ကိုင်လှံကို အဲမောင်းလည်းခေါ်သည်။
[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)