ဆမ်ဆောင်း
![]() ဆိုးလ်မြို့ရှိ Samsung Town | |
အမျိုးအစား | စီးပွားရေးလုပ်ငန်းများစွာ တည်ထောင်ထားသော လုပ်ငန်းစုကြီး |
---|---|
တည်ထောင်သည့်နှစ် | ၁၉၃၈ |
တည်ထောင်သူများ | လီဗျောင်ချူး |
ဌာနချုပ် | ဆိုးလ်မြို့၊ ![]() |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာတစ်ဝှန်း |
အရေးပါ ပုဂ္ဂိုလ်များ | လီကွန်ဟီး (ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီ၏ ဥက္ကဋ္ဌ) |
ထုတ်ကုန်ပစ္စည်း | အဝတ်အစား၊ ဓာတုပစ္စည်းများ၊ လူသုံးအီလက်ထရွန်းနစ်ပစ္စည်းများ၊ အီလက်ထရွန်းနစ်ဆက်စပ်ပစ္စည်းများ၊ ဆေးပစ္စည်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ သင်္ဘောများ၊ ဆက်သွယ်ရေးပစ္စည်းများ |
ဝန်ဆောင်မှု | ကြော်ငြာ၊ ဆောက်လုပ်ရေး၊ ဖျော်ဖြေရေး၊ ငွေကြေးဝန်ဆောင်မှု၊ ဆေးရုံ၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ဆောင်မှု၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှု၊ လက်လီရောင်းချခြင်း |
ဝင်ငွေ | ![]() |
အသားတင် ဝင်ငွေ | ![]() |
ရင်းနှီးမြှုပ်နှံမှု | ![]() |
စုစုပေါင်း ရှယ်ယာတန်ဖိုး | ![]() |
အလုပ်သမားဦးရေ | ၄၂၇,၀၀၀ (၂၀၁၃)[၁] |
ကုမ္ပဏီခွဲ | ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီ ဆမ်ဆောင်း အသက်အာမခံ လုပ်ငန်း ဆမ်းဆောင်း မီးနှင့်ရေကြောင်းအာမခံ လုပ်ငန်း ဆမ်ဆောင်းအကြီးစားစက်မှုလုပ်ငန်း ဆမ်ဆောင်း စီအန်တီ ကော်ပိုရေးရှင်း ဆမ်ဆောင်း SDS ဆမ်ဆောင်း Techwin . |
ဝက်ဘ်ဆိုက် | Samsung.com |
ဆမ်ဆောင်း လုပ်ငန်းစု (Samsung သို့ 삼성) သည် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့၌ အခြေစိုက်သော နိုင်ငံပေါင်းများစွာတွင် စီးပွားရေးလုပ်ငန်းများစွာ တည်ထောင်ထားသည့် တောင်ကိုရီးယားလုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။
၁၉၃၈ ခုနှစ်တွင် လီဗျောင်ချူးမှ ကုန်သွယ်ရေးကုမ္ပဏီ အဖြစ် စတင်တည်ထောင်ခဲ့သည်။ တည်ထောင်ပြီးနောက် ဆယ်စုနှစ် သုံးခုကျော်ခန့်တွင် အစားအသောက်၊ အထည်အလိပ်၊ အာမခံ စသည့်လုပ်ငန်းများကိုပါ လုပ်ကိုင်လာခဲ့သည်။ ၁၉၆၀ ခုနှစ်နောက်ပိုင်းတွင် အီလက်ထရွန်းနစ်လုပ်ငန်း၊ ၁၉၇၀ ခုနှစ်တွင် ဆောက်လုပ်ရေးလုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်ခဲ့သည်။ ၁၉၈၇ ခုနှစ်၊ လီဗျောင်ချူးကွယ်လွန်ပြီးနောက်တွင် ဆမ်ဆောင်းအုပ်စု၊ ရှင်စီဂေ့အုပ်စု၊ စီဂျေ အုပ်စု၊ ဟန်ဆောအုပ်စု ဟူ၍ လေးစု ကွဲထွက်သွားခဲ့သည်။ ဆမ်ဆောင်းအုပ်စုသည် ၁၉၉၀ ခုနှစ်မှစ၍ အဓိကဝင်ငွေလုပ်ငန်းများဖြစ်သော အီလက်ထရွန်းနစ်၊ မိုဘိုင်းလ်ဖုန်းနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရေးကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။
ဆမ်ဆောင်း၏ အရေးပါသော လက်အောက်ခံလုပ်ငန်းများမှာ ဆမ်ဆောင်း အီလက်ထရွန်းနစ် ကုမ္ပဏီ (၂၀၁၂ ခုနှစ် စာရင်းများအရ ကမ္ဘာ့အကြီးဆုံး အိုင်တီကုမ္ပဏီနှင့် ဈေးကွက်တွင်း စတုတ္ထနေရာ)[၂]၊ ဆမ်ဆောင်း အကြီးစားစက်မှုလုပ်ငန်း (၂၀၁၀ စာရင်းများအရ ကမ္ဘာ့ဒုတိယအကြီးဆုံး သင်္ဘောတည်ဆောက်သူ)[၃]၊ ဆမ်ဆောင်းအင်ဂျင်နီယာလုပ်ငန်း နှင့် ဆမ်ဆောင်း ဆောက်လုပ်ရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း တို့ဖြစ်ကြသည်။
၂၀၁၃ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး မိုဘိုင်းလ်ဖုန်းစက်ရုံကို ဗီယက်နမ်နိုင်ငံ၊ ထိုင်းနုရမ် စီရင်စုတွင် ဆမ်ဆောင်းမှ စတင်တည်ဆောက်လျက်ရှိသည်။[၄]
ကိုးကား[ပြင်ဆင်ရန်]
- ↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ Samsung။ bloomberg.com။ 2014-05-13 တွင် ပြန်စစ်ပြီး။
- ↑ Dhaka and Shibaloy။ "The path through the fields"၊ The Economist၊ The Economist Newspaper Limited၊ 3 November 2012။ 2 October 2013 တွင် ပြန်စစ်ပြီး။
- ↑ Park၊ Kyunghee။ "July 29 (Bloomberg) – Samsung Heavy Shares Gain on Shell’s Platform Orders (Update1)"၊ Bloomberg၊ 2009-07-28။ 2010-11-11 တွင် ပြန်စစ်ပြီး။
- ↑ Maierbrugger၊ Arno (18 May 2013)။ Big names ready to enter Vietnam။ Inside Investor။ 30 May 2013 တွင် ပြန်စစ်ပြီး။
ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]
![]() |
ဝီကီမီဒီယာ ကွန်မွန်းစ်တွင် Samsung နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |