လူထုစည်းမျဉ်းသုံးရပ်
လူထုစည်းမျဉ်းသုံးရပ် | |||||||||||||||||||||||||||||||
လူထုစည်းမျဉ်းသုံးရပ်ကို ချမှတ်ခဲ့သူဆွန်ယက်ဆင် | |||||||||||||||||||||||||||||||
ရိုးရာ တရုတ် | 三民主義 | ||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 三民主义 | ||||||||||||||||||||||||||||||
|
လူထုစည်းမျဉ်းသုံးရပ်၊ လူထုအခြေခံမူသုံးရပ် (တရုတ်: 三民主義; ပင်ယင်: Sān Mín Zhǔyì၊ အင်္ဂလိပ်: Three Principles of the People တစ်နည်း Tridemism (တြိဒေမင်ဝါဒ)[၁]) သို့မဟုတ် ဆန်မင်ကျူယီသည် ဒေါက်တာဆွန်ယက်ဆင်မှ ရီပတ်ဘလီကန်ခေတ်တွင် တရုတ်နိုင်ငံကိုတိုးတက်စေရန်အလို့ငှာ ချမှတ်ပေးခဲ့သော နိုင်ငံရေးအတွေးအခေါ်ဖြစ်သည်။ ထိုစည်းမျဉ်းသုံးရပ်တို့မှာ "အမျိုးသားရေး"၊ "ဒီမိုကရေစီ"နှင့် "လူနေမှုဖူလုံရေး"တို့ဖြစ်ကြသည်။ ဤအတွေးအခေါ်သည် ကူမင်တန်တို့ကကျင့်သုံးသည့် နိုင်ငံတော်မူဝါဒ၏ အုတ်မြစ်ဖြစ်သည်ဟု ဆိုကြသည်။ တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်သီချင်းတွင်လည်း "ဆန်မင်ကျူယီ" ဟူ၍အစချီထားသည်။
ရင်းမြစ်
[ပြင်ဆင်ရန်]၁၈၉၄ ခုနှစ်တွင် ဆွန်ယက်ဆင်မှ တရုတ်ပြန်လည်ရှင်သန်ရေးအဖွဲ့ကို ဖွဲ့စည်းသောအခါ အမျိုးသားရေးဝါဒနှင့် ဒီမိုကရေစီ သဘောတရားနှစ်ခုသာရှိခဲ့သည်။ ၁၈၉၆ မှ ၁၈၉၈ ခုနှစ်ထိ ဥရောပသို့ သုံးနှစ်ကြာခရီးစဉ်အတွင်း တတိယသဘောတရားဖြစ်သော လူမှုဖူလုံရေးကို ဖြည့်စွက်ခဲ့သည်။[၂] ၁၉၀၅ ခုနှစ် နွေဦးရာသီတွင် ဥရောပသို့ ခရီးထက်မံသွားနေစဉ် ထိုသဘောတရားသုံးခုစလုံးကို ကြေညာခဲ့သည်။ ဘရပ်ဆဲလ်မြို့တွင် သူ၏"လူထုစည်းမျဉ်းသုံးရပ်"အကြောင်းကို သူ့ဘဝ၏ ပထမဆုံးမိန့်ခွန်းအနေဖြင့် ဟောပြောခဲ့သည်။ သူသည် ဥရောပမြို့များစွာတွင် တရုတ်ပြန်လည်ရှင်သန်ရေးအဖွဲ့သို့ လူများကိုစုစည်းနိုင်ခဲ့သည်။ ထိုအချိန် ဘရပ်ဆဲလ်ဌာနခွဲတွင် ဘာလင်၌ ၂၀ ဦး နှင့် ပဲရစ်၌ ၁၀ ဦး၊ စုစုပေါင်း ဦးရေ ၃၀ ရှိလာခဲ့သည်။[၃] တုန်မန်ဟွေ့အသင်းကို ဖွဲ့စည်းပြီးနောက် ဆွန်ယက်ဆင်သည် "လူထုသတင်းစာ" (民報) တွင် အယ်ဒီတာ့အာဘော်ကို ထုတ်ဝေခဲ့ရာ သူ၏သဘောထားများကို ပထမဆုံးအကြိမ်အဖြစ် ရေးသားဖော်ပြခြင်းလည်းဖြစ်သည်။ ထိုသတင်းစာ၏ နှစ်ပတ်လည်နေ့တွင် လူထုစည်းမျဉ်းသုံးရပ်နှင့်ပက်သက်သည့် မိန့်ခွန်းရှည်ကိုပုံနှိပ်ခဲ့ပြီး သတင်းစာအယ်ဒီတာများကလည်း တရုတ်ပြည်သူများ၏ စားဝတ်နေရေးကိစ္စကို ဆွေးနွေးခဲ့ကြသည်။[၂]
ဤသဘောထားများသည် အမေရိကန်ပြည်ထောင်စုအတွင်း သူ၏အတွေ့အကြုံများမှ ဖြစ်လာခဲ့ပြီး အမေရိကန်နိုင်ငံ၏ တိုးတက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သော အေဘရာဟမ် လင်ကွန်းမှ အရင်းခံသည်ဆိုသည်။ လင်ကွန်း၏ ဂယ်တီစဘတ်မိန့်ခွန်းလာ "ပြည်သူအတွက် ပြည်သူမှဖွဲ့စည်းသည့် ပြည်သူ့အစိုးရ" ဟူသောစကားရပ်သည် ဆွန်ယက်ဆင်၏ လူထုစည်းမျဉ်းသုံးရပ်အတွက် အတုယူဖွယ်ဖြစ်လာခဲ့သည်။[၃]
စည်းမျဉ်းများ
[ပြင်ဆင်ရန်]မင်ဆူကျူယီ (လူထုအမျိုးသားရေး)
[ပြင်ဆင်ရန်]မင်ဆူကျူယီ (民族主義၊ Mínzú Zhǔyì) ကို အများအားဖြင့် "အမျိုးသားရေး"ဟု ဘာသာပြန်လေ့ရှိသည်။
အမျိုးသားလွတ်လပ်ရေး
[ပြင်ဆင်ရန်]ဆွန်ယက်ဆင်သည် တရုတ်ပြည်သည် နယ်ချဲ့တို့၏ ဖျက်ဆီးခြင်းကိုခံရမည့် ခြိမ်းခြောက်မှုအောက်တွင် ရှိနေသည်ဟုရှုမြင်သည်။[၄] ထိုသို့ကျဆင်းမှုလမ်းကြောင်းမှ နောက်ပြန်လှည့်ရန်အလို့ငှာ တရုတ်နိုင်ငံသည် အတွင်းနှင့်အပြင်နှစ်ခုစလုံးတွင် လွတ်လပ်မှုရရှိရန် လိုအပ်သည်ဟုသုံးသပ်ခဲ့သည်။
အတွင်းလွတ်လပ်ရေးဆိုသည်မှာ မန်ချူးချင်းမင်းဆက်မှ လွတ်လပ်ရေးကိုဆိုလိုသည်။[၅] ဆွန်ယက်ဆင်သည် ဟန်တရုတ်လူမျိုးများသည် မိမိတို့လူမျိုးမရှိသော လူမျိုးများဖြစ်သည်ဟု ယုံကြည်၍ မန်ချူးအာဏာပိုင်များကို တော်လှန်သင့်ကြောင်း ယူဆခဲ့သည်။[၅][၆]
အပြင်လွတ်လပ်ရေးဆိုသည်မှာ နယ်ချဲ့အင်အားစုများထံမှ လွတ်လပ်ရေးကိုဆိုလိုသည်။ နယ်ချဲ့တို့သည် စီးပွားရေးအရဖိနှိပ်မှု၊ နိုင်ငံရေးအရရန်လိုမှုနှင့် လူဦးရေတိုးနှုန်းနှေးကွေးမှု စသောနည်းလမ်းသုံးမျိုးဖြင့် တရုတ်နိုင်ငံအား ခြိမ်းခြောက်နေသည်ဟု ဆွန်ယက်ဆင်ကယုံကြည်ခဲ့သည်။[၇] တရုတ်နိုင်ငံသည် မညီမျှစွာကုန်သွယ်ခြင်းဖြင့် စီးပွားရေးအရ အမြတ်ထုတ်ခံနေရသည် ဟူ၍လည်းကောင်း[၇] တရုတ်နိုင်ငံမှ လက်မှတ်ရေးထိုးထားသည့် မတရားသည့်စာချုပ်က နိုင်ငံရေးအရကျဆင်းမှု၏ တရားခံဖြစ်ကြောင်း ရှုမြင်ခဲ့သည်။ ထို့အပြင်သူသည် တရုတ်နိုင်ငံအနေဖြင့် အနောက်တိုင်းနိုင်ငံများကို ယှဉ်တိုက်နိုင်ကြောင်းလည်း ယုံကြည်ခဲ့သည်။[၆]
မင်ချွမ်ကျူယီ (အုပ်ချုပ်နိုင်ခွင့်)
[ပြင်ဆင်ရန်]မင်ချွမ်ကျူယီ (民權主義၊ Mínquán Zhǔyì) ကို အများအားဖြင့် "ဒီမိုကရေစီ" သို့မဟုတ် "ပြည်သူ့အာဏာ"ဟု ဘာသာပြန်လေ့ရှိသည်။ ဆွန်ယက်ဆင်အနေဖြင့် ဤစည်းမျဉ်းသည် အနောက်နိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာအစိုးရကို ကိုယ်စားပြုသည်။ သူသည် တရုတ်နိုင်ငံအတွက် နိုင်ငံရေးအာဏာနှင့် အုပ်ချုပ်ရေးအာဏာဟူ၍ နှစ်မျိုးခွဲခဲ့သည်။
ပြည်သူ့အခွင့်အရေးလေးရပ်
[ပြင်ဆင်ရန်]နိုင်ငံရေးအာဏာ (တရုတ်: 政權; ပင်ယင်: zhèngquán) သည် ပြည်သူများ၏နိုင်ငံရေးဆန္ဒကို ဖော်ပြရန်နှင့် အုပ်ချုပ်သူများအား ထိန်းချုပ်ရန်ဖြစ်သည့်အလျောက် အခြားနိုင်ငံများတွင် ထိုအာဏာကို လွှတ်တော်များတွင် အပ်နှင်းထားသကဲ့သို့ အမျိုးသားလွှတ်တော်သည် ထိုနိုင်ငံရေးအာဏာကိုကိုယ်စားပြုသည်။ ပြည်သူ့အာဏာကို ရွေးကောက်ခြင်း (選舉)၊ ပြန်လည်ခေါ်ယူမှုခြင်း (罷免)၊ ကမကထပြုခြင်း (創制) နှင့် ဆန္ဒခံယူခြင်း (複決) ဟူလေးပိုင်းခွဲခြားခဲ့သည်။[၈]
မင်ရှန်းကျူယီ (လူနေမှုဖူလုံရေး)
[ပြင်ဆင်ရန်]မင်ရှန်းကျူယီ (民生主義၊ Mínshēng Zhǔyì) ကို အများအားဖြင့် "လူနေမှုဖူလုံရေး" သို့မဟုတ် "ဆိုရှယ်လစ်ဝါဒ"ဟု ဘာသာပြန်လေ့ရှိသည်။ ဆွန်ယက်ဆင်သည် အဝတ်အထည်၊ အစားအသောက်၊ အိုးအိမ်၊ သွားလာရေးဟူ၍ လေးမျိုးခွဲခြားပြီး တရုတ်ပြည်သူများကို စောင့်ရှောက်ပေးနိုင်မည့်အစိုးရတစ်ရပ်ကိုလည်း အကြံထုတ်ခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Stéphane Corcuff, Robert Edmondson Memories of the Future: National Identity Issues and the Search for a New Taiwan p. 77. ISBN 0765607921
- ↑ ၂.၀ ၂.၁ Li Chien-Nung, translated by Teng, Ssu-yu, Jeremy Ingalls. The political history of China, 1840–1928. Princeton, NJ: Van Nostrand, 1956; rpr. Stanford University Press. ISBN 0-8047-0602-6, ISBN 978-0-8047-0602-5. pp. 203–206.
- ↑ ၃.၀ ၃.၁ Sharman၊ Lyon (1968)။ Sun Yat-sen: His life and its meaning, a critical biography။ Stanford: Stanford University Press။ pp. 94, 271။
- ↑ Wikisource ၊ (တရုတ်ဘာသာစကားဖြင့်) – via
- ↑ ၅.၀ ၅.၁ 三民主义与五权分立——在东京《民报》创刊周年庆祝大会的演说 - 主要著述 - 孙中山故居纪念馆_伟人孙中山။ 2022-04-09 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ Ling, Yu-long (2012). "Dr. Sun Yat-sen's Doctrine and Impact on the Modern World". American Journal of Chinese Studies 19 (1): 1–11. ISSN 2166-0042.
- ↑ ၇.၀ ၇.၁ Weaver, William C. (1939). "The Social, Economic, and Political Philosophy of Dr. Sun Yat-Sen". The Historian 1 (2): 132–141. doi: . ISSN 0018-2370.
- ↑ Wikisource ၊ (တရုတ်ဘာသာစကားဖြင့်) – via