ဆင်ဖြူရှင်အရေးတော်ပုံ

ဝီကီပီးဒီးယား မှ

ဆင်ဖြူရှင်အရေးတော်ပုံ[ပြင်ဆင်ရန်]

မြန်မာသမိုင်း အမှတ်အသားတို့တွင် ဓညဝတီအရေးတော်ပုံရာဇာဓိရာဇ်အရေးတော်ပုံဟံသာဝတီဆင်ဖြူရှင်အရေးတော်ပုံအလောင်းမင်းတရားကြီးအရေးတော်ပုံညောင်ရမ်းမင်းတရားအရေးတော်ပုံဟူ၍၊ အရေးတော်ပုံ ငါးစောင် ထင်ရှားခဲ့လေသည်။ ထိုအရေးတော်ပုံတို့မှာ ရခိုင်၊ မွန်၊ မြန်မာ ရှေးမင်းတို့သည် မိမိတို့၏ နိုင်ငံတော်ကို စည်းလုံးညီညွှတ် အောင် ကြိုးပမ်းသည့်အရေးတော်ပုံများ ဖြစ်သည်။


၁၉၂၃ ခုနှစ် သုဓမ္မဝတီတိုက်ထုတ် 'အရေးတော်ပုံ ၅ စောင်တွဲ'ကျမ်း၌ ဆင်ဖြူရှင် အရေးတော်ပုံကျမ်းကို သံတော် ဆင့် လက်ဝဲနော်ရထာ ရေးသားသည်ဟု ဖော်ပြပါရှိသည်။ သို့သော် ဦးကျော်ဒွန်း ပြုစုသော မြန်မာစာညွန့်ပေါင်းကျမ်း (တတိယတွဲ)၌မူကား၊ သံတော်ဆင့် လက်ဝဲနော်ရထာသည် အလောင်းမင်းတရားကြီး ၏ အရေးတော်ပုံကျမ်းကို ပြုစုသည် ဟုသာ ဆိုသည်၊ ဦးဖေမောင်တင်၏ မြန်မာစာပေ သမိုင်း၌ လည်း ပိဋကတ်သုံးပုံ စာတမ်းပုဒ်ရေ ၂ဝ၃၅ ၌ အလောင်းမင်း တရားကြီး၏ အရေးတော်ပုံကျမ်းကို သံတော်ဆင့် လက်ဝဲ နော်ရထာ စီရင်သည်ဟု ပါရှိကြောင်းကိုသာ ဖော်ပြထားသည်။ ဆင်ဖြူရှင် အရေးတော်ပုံကို မည်သူ စီရင်သည်ဟု မဖော်ပြ ထားချေ။

ဟံသာဝတီဆင်ဖြူရှင်သည် မြန်မာ့သမိုင်းတွင် ဘုရင့်နောင် ဟူ၍လည်း ကျော်ကြားသည်။ ပုဂံခေတ် ကျန်စစ်မင်းသည် မြန်မာနိုင်ငံတော် စည်းလုံးခိုင်မြဲရေးကို လုပ်ဆောင်ဘိသကဲ့သို့ တောင်ငူခေတ်တွင် ဆင်ဖြူရှင်မင်းတရားသည် တစ်မျိုးသားလုံး ကို စည်းလုံးစေ၍၊ မြန်မာနိုင်ငံတော်ကို ညီညွှတ်သော အင်အား တစ်ရပ်ဖြစ်စေအောင် လုပ်ဆောင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၉၁၁ ခုနှစ်တွင် တစ်ပင်ရွှေထီး နတ်ရွာစံသောအခါ၊ ကျန်စစ်သားမင်းတည်ထောင်ခဲ့သော မွန်မြန်မာစည်းလုံးမှုသည် ထီးပြိုင် နန်းပြိုင်တို့ကြောင့် ပြိုကွဲအံ့သကဲ့သို့ ရှိသည်။ ထို့ကြောင့် ဆင် ဖြူရှင်သည် ရာမညတိုင်း ဒလမြို့ကို ကိုယ်တော်တိုင်ချီတက်၍၊ မွန်မြန်မာတို့ကို လိုက်လိုသ၍ခေါ်ငင်ပြီးလျှင်၊ တောင်ငူမြို့ကို လက်ရသိမ်းပိုက်၍၊ တစ်ပင်ရွှေထီး ထီးနန်းကို ဆက်ခံသည်။

ထို့နောက် ပြည်ကိုအောင်မြင်ပြီးသော်၊ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတို့ကို စည်းရုံးတော်မူလေသည်။ ထို့နောက် ဟံသာဝတီ ပဲခူးကို ချီတက်၍၊ သမိန်ထောရာမကို အောင်မြင်လေသည်။ ထို့နောက်၌ကား ကစဉ့်ကလျားဖြစ်နေသော အင်းဝကို ပြန်လည်ဖွဲ့စည်းပြီးသော်၊ ရှမ်းပြည်တစ်ခုလုံးကို သိမ်းသွင်း၍၊ ဇင်းမယ်ပြည်၊ ကသည်းပြည်၊ လင်းဇင်း၊ ယိုးဒယား၊ ငသည် ဝီပြည်၊ ခန္တီပြည်စသည်တို့ကို အောင်မြင်တော်မူလေသည်။ ဤသို့ တိုင်းပြည်နိုင်ငံကို တစ်လုံးတစ်စည်းတည်းဖြစ်အောင် လွန်ကဲသော ဥဿဟဖြင့် ဆင်ဖြူရှင်မင်းတရား ကြိုးပမ်းခဲ့ သည်တို့ကို ဆင်ဖြူရှင်အရေးတော်ပုံသည် မှတ်တမ်းတင်လေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)