အလောင်းမင်းတရားကြီးအရေးတော်ပုံ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အလောင်းမင်းတရားကြီး အရေးတော်ပုံ[ပြင်ဆင်ရန်]

မြန်မာသမိုင်း အမှတ်အသားတို့တွင် ထင်ရှားလှသော အရေးတော် ပုံကျမ်းများ အနက် အလောင်းမင်းတရားကြီး အရေးတော်ပုံသည် တစ်ခု အပါအဝင် ဖြစ်သည်။

ယင်းသည့် အရေးတော်ပုံ ကျမ်းများအနက် နောက်ဆုံးပေါ်သောကျမ်း ဖြစ်သဖြင့်လည်း အခြားကျမ်းများထက် စုံစုံလင်လင် ရှိသည်။ အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်းကို ပိဋကတ် သမိုင်းစာတမ်း ပုဒ်ရေ ၂ဝ၃၅ ၌ အလောင်းမင်း တရားကြီး လက်ထက် သံတော်ဆင့် လက်ဝဲနော်ရထာ စီရင်သည်ဟုပါ၍ ပုဒ်ရေ ၂ဝ၃၆ ၌ အလုံမြို့ အထက်တိုက် မောင်းထောင်ရွာ ဇာတိ တွင်းသင်းတိုက်ဝန်မင်း မဟာစည်သူ စီရင်ကြောင်းဖြင့် ဆိုသည်။


ထွန်းညို၊ ဦး၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ ယင်းကိုထောက်၍ အလောင်းမင်းတရားကြီး အရေးတော်ပုံ ကျမ်းနှစ်စောင်ရှိကြောင်း ထင်ရှား၏။ ၁၉၂၃ ခုနှစ် သုဓမ္မဝတီ တိုက်ထုတ် အရေးတော်ပုံ ငါးစောင်တွဲကျမ်း၌လည်းကောင်း၊ ၁၉၄၃ ခုနှစ် ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်ထုတ် အလောင်း မင်းတရားကြီး အရေးတော်ပုံ၌လည်းကောင်း၊ တွင်းသင်းတိုက် ဝန် မဟာစည်သူ ရေးသားသည်ဟု ဖော်ပြလေသည်။ သို့သော် ဦးကျော်ထွန်း ပြုစုသော မြန်မာစာညွန့်ပေါင်းကျမ်း တတိယ တွဲ၌မူကား သံတော်ဆင့် လက်ဝဲနော်ရထာ ပြုစုသည်ဟုသာ ဆိုသည်။ အချို့ဆရာတို့ကမူ အလောင်းမင်းတရားကြီး အရေး တော်ပုံနှင့် ယိုးဒယားနိုင် မော်ကွန်းတို့ကို ရေးသားသော လက်ဝဲနော်ရထာဟူသည်မှာ လက်ဝဲသုန္ဒရဘွဲ့ကိုရပြီးမှ လက်ဝဲ နော်ရထာဘွဲ့ကို ထပ်မံရပြန်သည်။ လက်ဝဲနော်ရထာဘွဲ့ခံ ၃ အခြားသူမရှိဟု မှတ်ယူပြောဆိုကြသည်။ လက်ဝဲ နော်ရထာ လျှောက်ထုံးကျမ်း၏ နိဂုံး၌ ခမည်းတော် အလောင်းမင်တရား ကြီး လက်ထက် လက်ဝဲနော်ရထာ ဟူသော ဘွဲ့ကိုရ၍ သား တော်ကြီး ကန်တွင်းစည်းခုံစေတီတော် ဒါယကာ မင်းတရား လက်ထက် စည်သူ ကျော်ထင်ဘွဲ့ကိုရသော ပညာရှိအမတ် သည့်စသည်ဖြင့် ဖော်ပြထားသည်ကိုထောက်၍ အလောင်း မင်းတရားကြီး လက်ထက်တွင် လက်ဝဲ နော်ရထာဘွဲ့ရ၍၊ သား တော်ကြီးလက်ထက် စည်သူ ကျော်ထင်ဘွဲ့ကိုရသော အမတ် တစ်ဦးရှိကြောင်း ထင်ရှားသိသာသည်။ ထိုနိဂုံး၌ လက်ဝဲသုန္ဒရ ဘွဲ့ကို ရသည်ဟု ကား မဖော်ပြချေ။ သို့ရာတွင် ကုန်းဘောင် ဆက် မြန်မာရာဇာဝင်၌ သက္ကရာဇ် ၁၁၁၉ ခု ကဆုန်လပြည့် ကျော် ၁ဝ ရက်နေ့တွင် အလောင်းဘုရား ဟံသာဝတီ တစ်မြို့ လုံးကို သိမ်းယူတော်မူပြီးနောက် ဝါဆိုလဆန်း ၁၄ ရက်နေ့ တွင် မှူးမတ်တော်တို့ကို ဘွဲ့အမည်အရည် သနားတော်မူသော အခါ လက်ဝဲသုန္ဒရကို လက်ဝဲနော်ရထာဘွဲ့၊ ဝေလုရာဇာကို လက်ယာနော်ရထာဘွဲ့ပေးကြောင်း ဖော်ပြထားသဖြင့် ထို အမတ်သည် လက်ဝဲ သုန္ဒရဘွဲ့ရပြီး အမတ်ဟု ယူကြသည်။ သို့ရာတွင် ထိုလက်ဝဲသုန္ဒရသည် မန်ကျည်းတုံ ဦးမြတ်စံ မဟုတ်ဘဲ ကျောက်စာ၊ ခေါင်းလောင်းစာ၊ မော်ကွန်းစာများအရ မုံရွေးလက်ဝဲသုန္ဒရသာ ဖြစ်လေသည်။


စင်စစ် သေချာစွာ သုတေသနပြုသောအခါ အစအဆုံး အရေးအသားနှင့် ဖော်ပြပုံခြင်း လုံးဝမတူသော အလောင်းမင်း တရားကြီး အရေးတော်ပုံကျမ်း စာမူ နှစ်စောင်ရှိသည်ကို တွေ့ရ ရာ၊ ပိဋကတ်သမိုင်း စာတမ်း၌ ဆိုထားသည့်အတိုင်း ပုဂ္ဂိုလ် နှစ်ဦး သီးခြားစီ ပြုစုထားသော ကျမ်းနှစ်စောင်ရှိသည်မှာ အမှန်ဖြစ်ကြောင်း ထင်ရှားလေသည်။ ကျမ်းတစ်စောင်က ရတနာပူရ အဝမင်းတို့၏ အစသ်ကို ပြဆိုပြီးဟူ၍ အစချီ ပြီးလျှင် ကျန်တစ်စောင်ကမူ အောင်သူတကာတို့၏ အထွတ် ဟူ၍ အစချီလေသည်။ အတွင်းစာသား ဖော်ပြပုံတို့၌ လည်း ကွာခြားသည်။ ကျမ်းတစ်စောင်တွင်ပါသော တပ်အမည်သည် ကျန်တစောင်၌ မပါဘဲရှိသည်ကို တွေ့ရသည်။ ရဲမက်တို့အမည် လည်း တစ်စောင်၌ပါ၍ တစ်စောင်၌ မပါချေ။ ပုံစံအားဖြင့် ဆိုရသော် ရေး၊ ထားဝယ်၊ မြိတ်၊ တနင်္သာရီမြို့များ မကျိုးမနွံ ရှိသည်ကို နှိမ်နင်းရန် ချီတက်သည့်အခါ အင်းဝ၌ထားခဲ့သည့် တပ်များအမည်၌ ကျမ်းတစ်စောင်တွင် သမိန်ဇိပ်ဗြဲတတပ်၊ ပိုက်သီဟတစ်တပ်၊ အဲနရဲတစ်တပ်၊ တလပန်းနှင့်လည်း ဆယ့်နှစ်တပ်သည် တပ်ပေါင်း ဆယ့်ငါးတပ်တွင် စစ်သည် လေးသောင်းငါးထောင် ဆယ်လုံး မြင်းရင်းနှင့်တကွ တလ ပန်းကို ဗိုလ်ချုပ်ခန့်ခြဲ့ပီးလျှင် အင်းဝမြို့တွင်ထားခဲ့၍ ဟု ပါရှိပြီးလျှင် ကျမ်း တစ်စောင်၌မူ အဲကံကောင်းတပ်၊ ဇိပ်ဗြဲတပ်၊ ပိုက်သီဟတပ်၊ အဲနရဲတပ်နှင့် တပ်ပေါင်း ဆယ့် ငါးတပ်၊ စစ်သည်သူရဲ လေးသောင်းငါးထောင်ကို တလပန်း အုပ်ချုပ်၍ မုဆိုးဖိုမှစ၍ ရန်ဆူးရန်ညှောင့် ရန်ငုတ်တို့ကို သုတ်သင်ရမည်ဟု ပါရှိလေသည်။

တစ်စောင်နှင့်တစ်စောင် ဖော်ပြပုံကွဲလွဲရုံသာမက ရေးဟန် လည်း ကွဲပြားသည်။ အောင်သူတကာတို့၏ အထွတ် အစချီ သော ကျမ်းသည် ရတနာပူရ အဝမင်းတို့၏ အစဉ်ကိုပြဆို ပြီး အစချီသောကျမ်းထက် ပိုမို ပြည့်စုံ၍ ဘုရင့်ဘုန်းစက်ကို ရိုသေညွတ်တွား၍ ရေးလေဘိသကဲ့သို့ အခေါ်အဝေါ်တို့၌ ရိုသေမှုကို ပြသထားသည်။ မြေဒူးမင်းကိုပင် မြေဒူးမင်းသခင်၊ အလောင်းဘုရားကိုင် ဘဝရှင် အလောင်းမင်းတရားကြီးဘုရား စသည်ဖြင့် ရေးသားထားလေသည်။

မည်သည့်စာမူကို ထိုပုဂ္ဂိုလ်နှစ်ဦးအနက် မည်သူရေးသည် ဟုကား အတိအကျ အဆုံးအဖြတ် မပေးနိုင်ကြချေ။ လက်ဝဲ နော်ရတာ (မြန်မာ ၁ဝ၈၅-၁၁၅၃)နှင့် တွင်းသင်းတိုက်ဝန် နှစ်ဦးလုံးသည် အရေးတော်ပုံကျမ်းမျိုးကို ရေးသားနိုင်သော မော်ကွန်းဆရာများဖြစ်၍ လင်္ကာစကားပြေနှစ်ထွေ ကျွမ်းကျင်သူ ချည်း ဖြစ်သည်။ အချိန်ကာလအားဖြင့် ခေတ်ပြိုင်ဟု ဆိုရသော် လည်း လက်ဝဲနော်ရထာက ခေတ်ဦးကျ၍ တွင်းသွင်း တိုက်ဝန် မဟာစည်သူ (မြန်မာ ၁ဝ၈၈ ဖွား)သည် ဘိုးတော်ဘုရား အထွတ်အမြတ်သို့ရောက်မှ မြှောက်စားခြင်း ခံရလေသည်။ လက်ဝဲနော်ရထာသည် အလောင်းဘုရား၏ တပ်များနှင့်အတူ ကိုယ်တိုင်ချီတက်အောင်ပွဲခံယူခဲ့သူ ဖြစ်သည်။ ထိုကြောင့် လက်ဝဲနော်ရထာသည် အရေးတော်ပုံတွင် ကိုယ်တိုင်ပါခဲ့သည့် အတိုင်း အတွေ့အကြုံမှာ လက်ငင်းနီးစပ် ကြွယ်ဝနိုင်ဖွယ် ရှိသည့်အပြင် စကား အသုံးအနှုန်းအားဖြင့် လက်ထက်တော် တွင်း ဖြစ်သဖြင့် ကျွန်တော်ရင်းပီသသော ရိုသေမှု အသုံးအနှုန်း များကိုသာ သုံးနှုန်းမည်ဖြစ်သောကြောင့် အရေးတော်ပုံ နှစ် စောင်ကို လေ့လာလျှင် အောင်သူတကာတို့၏ အထွတ် ချီကျမ်းကို လက်ဝဲနော်ရထာ၏ လက်ရာဖြစ်သည်ဟု ဆုံးဖြတ် နိုင်ကြောင်း အချို့ပညာရှိတို့ ယူဆကြသည်။ အဘယ်ကြောင့် ဆိုသော် ယင်း၏ကျမ်းတွင် အကြောင်းအရာ အသေးစိတ် ပိုမို ပြည့်စုံ ကျယ်ဝန်းသည့်ပြင် မြေဒူးမင်းသခင်၊ အလောင်းမင်း တရားကြီး ဘုရားစသော လက်ထက်တော်သုံး အရေးအသား အခေါ်အဝေါ်များ ပါရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုလေသည်။ မည်သို့ပင်ဖြစ်စေ အလောင်းမင်းတရားကြီး အရေးတော်ပုံသည် အဖြစ်အပျက် တစ်ရပ်တည်းကို တချိန် တစ်ခေတ်တည်းတွင် သိမှီသူနှစ်ဦးက တစ်နည်းတစ်ဖုံ ရေးသားခဲ့ကြောင်းကိုကား တိကျစွာ သိရှိရလေသည်။

အလောင်းမင်းတရားကြီး အရေးတော်ပုံကျမ်းသည် အလောင်းမင်းတရားကြီး၏ စစ်မက်ရေးရာများကိုသာ ဖွဲ့ဆို သည်မဟုတ်ပဲ၊ ဖတ်ရှုသူအပေါင်းတို့တွင် ရဲစိတ်ရဲမာန် တဖွားဖွား တက်ကြွရန် မြန်မာများ၏ ဘုန်းတန် ခိုးလက်ရုံး ရည်များကိုလည်း ထည့်၍ဖွဲ့ဆိုသဖြင့် ဧချင်းကဲ့သို့ပင် ဖတ်ရှုသူ တို့စိတ်၌ ဇာတိမာန်တက် ကြွစေသည်။ ဧချင်းစာကို စကားပြေ ဖြင့် ပြန်၍ ရေးသားသကဲ့သို့ပင် ဖြစ်သည်။ ဤကျမ်းပြုစု ရေး သားထားပုံမှာ ခမ်းနားပြေပြစ်၍ ပေါရာဏစကားများ ကွယ် ဝှက်သောအနက်ရှိသည့် စကားများသည် ရာဇာဓိရာဇ် အရေး တော်ပုံကျမ်းများမှာလောက် မပေါများချေ။ ဇာတိသွေး ဇာတိ မာန်ကို ရာဇာဓိရာဇ် အရေးတော်ပုံ၌ထက် ပိုမို ထိခိုက်လှုံ့ကြွ စေသည်။ တပ်ဆင်တပ်ဖွဲ့ပုံ စစ်ဆင်စစ်တက်ပုံများကိုလည်း ကွက်ကွက်ကွင်းကွင်း ရှင်းလင်း ပြတ်သားစွာ ဖော်ပြထား လေသည်။

သက္ကရာဇ် ၁၁၁၃ ခုနှစ် တန်ခူးလတွင် အလောင်းမင်း တရားကြီးအလောင်း ဦးအောင်ဇေယျသည် မုဆိုးဘိုရွာမှ မွန် တို့၏ အန္တရာယ်ကို စတင် တွန်းလှန်ကာ ထီးနန်းသိမ်းယူ သည်မှစ၍ အန္တရာယ်တို့ကို ရဲရည်တပ် သူရဲကောင်းများနှင့် မည်သို့ခုခံ တိုက်ခိုက်ကြပုံများပါ ဖော်ပြထားသည်။ အလောင်းမင်းတရားကြီးသည် ဒဂုန်မြို့ကို ရန်ကုန်ဟု အမည်သမိုက်၍ မြို့သစ်တည်ပြီးနောက် တာမွေ တပ်ကြီး လည်းကောင်း၊ ဘောင်နင်မလစ်တပ်ကြီးကိုလည်းကောင်း တိုက် ခိုက်ပုံများနှင့် နောက်တစ်ကြိမ် ရွှေဘိုမှ ချီတက်လာကာ မွန် ဒေသများကို တိုက်ခိုက် သိမ်းပိုက်ကြောင်းများကိုလည်း ဖော်ပြထားသည်။ ဤကျမ်းတွင် မြန်မာ သူရဲကောင်းနှင့် မွန် သူရဲကောင်းတို့ တိုက်ခိုက်ပုံများကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ထားသည်။

ဟံသာဝတီတွင် အလောင်းမင်းတရားသည် မွန်ဘုရင်၏ သမီးတော်ကို လက်ခံသိမ်းပိုက်သည့် အခမ်းအနားများ၊ မှူးမတ် ချွေရံတို့အား အထိုက်အလျောက် အဆောင်အယောင် အသီးသီး ခြီးမြှင့်ပုံများ၊ မဏိပူရ ကသည်းမင်း၊ ထားဝယ်မင်း၊ ညောင်ရွှေ စော်ဘွားတို့ ခိုဝင် အညံ့ခံပုံများ၊ အလောင်းမင်းတရား ယိုးဒယားသို့ ချီတက် တိုက်ခိုက်ကြောင်းနှင့် နတ်ရွာစံသည် အထိ အကြောင်းအရာများကို ဖော်ပြထားသည်။ အချုပ်အားဖြင့် အလောင်းမင်းတရား လက်ထက်တော် အချိန်ကာလ တစ်လျှောက်လုံး ဖြစ်ပျက်ပုံများတွင် စစ်မှုစစ်ရေး တိုက်ခိုက်ပုံများကို အဓိကထား၍ သက္ကရာဇ် ၁၁၁၃ ခုမှ ၁၁၂၂ ခုအထိ နှစ်ပေါင်း ကိုးနှစ် အတွင်း အရေးတော်ပုံကို ဖော်ပြထားသော အသေးစိတ်သမိုင်း ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)