တိုက်ယူရသည့် မျက်ရည်တပေါက် (စာအုပ်)

ဝီကီပီးဒီးယား မှ

မြန်မာ့တပ်မတော်မှ ဒု-ဗိုလ်မှူးကြီး မောင်မောင် အပါအဝင် အရာရှိခြောက်ယောက်ကို ဖမ်းဆီးထားရာမှ လွတ်မြောက်အောင် စတင်ကြံဆောင်သည်မှ သွားရောက်ကယ်ဆယ်ခဲ့ပြီးသည်အထိ ဖြစ်ရပ်များကို ရေးသားထားသော စာအုပ်ဖြစ်သည်။ ထိုသို့ မကယ်တင်နိုင်မီ ပထမဆုံး သွားရောက်ကယ်တင်ခဲ့ပြီး မအောင်မြင်ဘဲ ကျဆုံးခဲ့သော စောဘရီစောမြင့် တို့ အောင်ဆန်း သူရိယ ဘွဲ့ ရရှိခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် မည်မျှခက်ခဲသောအလုပ်ကို မည်သို့ကျော်လွှားကာ ကယ်တင်နိုင်ခဲ့သနည်း ဆိုသည်ကို ဖတ်ရှုရမည်ဖြစ်သည်။

ဤစာအုပ်ကို ရေးသားသူ စာရေးဆရာ ရန်ကုန်ဘဆွေ သည် အင်္ဂလိပ်အစိုးရ၏ စစ်မှတ်တမ်းများ၌ အင်္ဂလိပ်နှင့် ဖက်ဆစ်ဂျပန်များကို တော်လှန်ရန် ဖွဲ့စည်းခဲ့သည့် ရန်ကုန်မြေအောက်တော်လှန်ရေး ၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ယခုဖော်ပြသော“တိုက်ယူရသည့် မျက်ရည်တပေါက်” ဝတ္ထုသည် ချီလေသော်လည်း ဝတ္ထု၏ အဆက်ဟု စာရေးဆရာက ဆိုထားသည်။ ဤဝတ္ထုအတွင်း၌ ပါရှိသည့် အကြောင်းအရာများသည် ကိုးဆယ်ရာခိုင်နှုန်း နီးပါးဖြစ်ရပ်မှန်များကို ဖော်ပြထားခြင်း ဖြစ်သည်။ အချို့နေရာများတွင် စစ်ရုံးချုပ်၏ ကန့်ကွက်မှုအရ နေရာလွှဲထားသည်။ ဒု-ဗိုလ်မှူးကြီးမောင်မောင် အပါအဝင် အရာရှိ ခြောက်ယောက်ကို ဖမ်းဆီးထားရာ နေရာသည် ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ကရင်ပြည်နယ်၊ သံတောင်မြို့သို့ သွားရာလမ်းရှိ ကြားနေရာတစ်ခု (ဥပမာ … ဘောဂလိရွာ)ဟု သိရသည်။ ယင်းကယ်ဆယ်ရေး စစ်ဆင်မှုသည် မြန်မာနိုင်ငံ ပြည်တွင်းစစ်သမိုင်းတွင် ရဟတ်ယာဉ်ကို စပြီး အသုံးပြုသော တိုက်ပွဲဟုသိရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တိုက်ယူရသည့် မျက်ရည်တပေါက် အပိုင်း(၁)။ 28 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၅ ၊ ၂၀၁၂ တွင် ပြန်စစ်ပြီး။ဖေဖော်ဝါရီ ၂၀၁၂ တွင် ပြန်စစ်ပြီး။