စီးယင်းလူမျိုး

ဝီကီပီးဒီးယား မှ

စီးယင်းလူမျိုးသည် မြန်မာနိုင်ငံအစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား (၁၃၅)မျိုးထဲတွင် ပါဝင်လေသည်။ တိုင်းရင်းသားလူမျိုးကြီး (၈)မျိုးအနက်၊ ချင်းတိုင်းရင်းသားထဲမှ လူမျိုးစု တစ်စုဖြစ်သည်။ ချင်းပြည်နယ်တီးတိန်မြို့နယ် တောင်ပိုင်းတွင် စီးယင်းချိုင့်ဝှမ်း တွင် အဓိက နေထိုင်ကြပြီး၊ ယခုအခါ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နှင့် မြန်မာနိုင်ငံ အနှံ့တွင် ပြန့်နှံ့ နေထိုင်ကြကာ၊ စီးယင်းစကားကို ပြောဆိုအသုံးပြုသည့် လူမျိုးဖြစ်သည်။ ကိုယ့်ကိုယ်ကို စီယံ လူမျိုး (Sizang) ဟု ခေါ်ပြီး စီးယင်း ဟူသော နာမည်သည် အင်္ဂလိပ် များကပေးထား သောနာမည် ဖြစ်သည် ဟုဆိုသည်။