စာလုံးပေါင်း

ဝီကီပီးဒီးယား မှ

လိုအပ်သော စကားဖြစ်အောင် အက္ခရာတို့ကို ပေါင်းစည်းခြင်းသည် စာလုံးပေါင်း မည်၏။ အတ္ထော အက္ခရ သညာတော ဟူသော ကစ္စည်းသဒ္ဒါကြီး သုတ်နှင့်အညီ ‘အနက်’ ကို ‘အက္ခရာ’ ဖြင့် မှတ်ရပေမည်။ မြန်မာဘာသာတွင် သရ သက်သက်ဖြင့်လည်း အနက်ကို မှတ်ရသည်။ ဗျည်း နှင့် သရ ကို ပေါင်း၍လည်း မှတ်ရသည်။ “အက္ခရာ ဝိပတ္တိယံဟိ အတ္ထဿ ဒုန္နယတာ” ဟူသည်နှင့်အညီ အက္ခရာ ဖောက်ပြန်လျှင် အနက် သိရခက်ပေသည်။ ဤအ​ကြောင်းကိုရည်ရွယ်၍ ရွှေတောင်ရာဇကျော်က ကဝိလက္ခဏာ သတ်ပုံ ကျမ်းတွင် -

“အသတ်အလတ်၊ အရစ်အပင့်၊ သင့်မသင့်၊ ရာမရာကို၊ မလိမ္မာချေက၊ အဖတ်၊ အရွတ်၊ အမှတ်အသား အဓိပ္ပာယ်အယူပျက်၍ မကောင်းကျိုးပင် ရောက်ရာသည်။”

ဟု ဆိုခဲ့ပေသည်။ ထိုကြောင့် ပုဂံခေတ်မှစ၍ ပညာရှိ အဆက်ဆက်တို့သည် အက္ခရာစာလုံး ရေနည်း၊ ပေါင်းနည်းတို့ကို အထူးအလေးပြု လေ့လာစောင့်ရှောက်ခဲ့ကြပေသည်။

စာလုံးပေါင်းနည်း[ပြင်ဆင်ရန်]

စာလုံးပေါင်းနည်းမှာ အထက်တွင် ဆိုခဲ့သည့်အတိုင်း ဗျည်း နှင့် သရ ကို ပေါင်းနည်းအပြင်၊ ဗျည်း ဗျည်းချင်း သံယုတ်အဖြစ်ပေါင်းခြင်း၊ နောက်ပါ ဗျည်း တွင် တံခွန်တင်၍ အသံကိုသတ်ကာ ပေါင်းခြင်းတို့လည်း ရှိပေသေးသည်။ ဥဒါဟရုဏ် ဆိုသော်

  • “ယ-ပင့် / ရ-ရစ် / ဝ-ဆွဲ / ဟ-ထိုး” စသည်တို့မှာ ဗျည်း-ဗျည်းချင်း သံယုတ်အဖြစ်ပေါင်းခြင်း ဖြစ်ပေသည်။
  • “က-သတ် / င-သတ် / စ-သတ် / ည-သတ် / တ-သတ် / န-သတ် / ပ-သတ် / မ-သတ် / သေးတင်” တို့မှာ အသံကိုသတ်ကာ ပေါင်းခြင်းတို့ဖြစ်ပေသည်။

ရောထွေးမှားယွင်းနိုင်သည်များ[ပြင်ဆင်ရန်]

ဤသို့ စာလုံးပေါင်းခြင်း အမျိုးမျိုးရှိရာတွင် -

  • - ပင့် / - ရစ် ပေါင်းခြင်းသည် အသံထွက်ပုံတူသဖြင့် ရောထွေးမှားယွင်းနိုင်ဖွယ် အကြောင်းများသော ပေါင်းခြင်းဖြစ်သည်။
  • “တ-သတ်၊ ပ-သတ်၊ န-သတ်၊ မ-သတ်” တို့ဖြင့် ပေါင်းခြင်းသည်လည်း အသံထွက်ပုံတူသဖြင့် ရောထွေးမှားယွင်းနိုင်ဖွယ် အကြောင်းများသော ပေါင်းခြင်းပင်ဖြစ်သည်။

ပညာရှိများ ရေးသားပြုစုခဲ့သည့် ကျမ်းများ[ပြင်ဆင်ရန်]

ထိုကြောင့် ပျို့လင်္ကာဆရာတို့သည် မိမိတို့၏ ပျို့လင်္ကာတို့တွင် ‘အပင့်’ နှင့် ‘အရစ်’ ကို ခွဲထားပြု၍ စပ်ဆိုခဲ့ကြသည်။ အသတ် ကာရန်ကို စောင့်ရှောက်၍ စပ်ဆိုခဲ့ကြသည်။ ထိုစပ်ထုံးဆိုထုံးတို့ကို လေ့လာစုဆောင်း၍ -

ရေးသားပြုစုခဲ့ကြပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၆)။ "စာလုံးပေါင်း"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်။ pp. ၄၁၆။

ပြင်ပလင့်များ[ပြင်ဆင်ရန်]