စမားနီးယားရန်ကုန် အဆင့်မြင့်လက်ကားဈေး

ဝီကီပီးဒီးယား မှ
ရတနာလမ်းမပေါ်ရှိ စမားနီးယားရန်ကုန်ဈေး၏ အဓိကဝင်ပေါက်

စမားနီးယား ရန်ကုန် အဆင့်မြင့်လက္ကားဈေး (အင်္ဂလိပ်: Samanea Yangon Wholesale Super Market) သည် လက်လီ၊ လက်ကားရောင်းချသည့်ဈေးကြီးအဖြစ် ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် တည်ဆောက်ထားပြီး စမားနီးယား အုပ်စု (အင်္ဂလိပ်: Samanea Group) မှ ပိုင်ဆိုင်ကာ လက်ရှိအချိန်တွင် ၎င်းတို့ကပင် ဦးဆောင်စီမံခန့်ခွဲလျှက်ရှိသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

Samanea လက်ကားဈေးကြီးကို စင်ကာပူအခြေစိုက် Samanea Group နှင့် မြန်မာနိုင်ငံ EI Company တို့မှ ရင်းနှီးမြှပ်နှံမှုကော်မရှင် (MIC)[၂][၃] ခွင့်ပြုချက်ဖြင့် ဖက်စပ်တည်ထောင်လုပ်ကိုင်သော လုပ်ငန်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)[၄] မှလည်း လုပ်ငန်းလိုင်စင်ရရှိထားသည်။ စီမံကိန်းအတွက် ရင်းနှီးမြှပ်နှံမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၈၀,၀၀၀,၀၀၀[၁] ကျော်ရင်းနှီးမြှပ်နှံထားသည်။ စီမံကိန်း၏ ပထမအဆင့်အား ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၀ခုနှစ် နိုဝင်ဘာလတွင် တရားဝင်ဖွင့်လှစ်ခဲ့သည်။ စီမံကိန်း၏ဒုတိယအဆင့်အဖြစ် ဝန်ထမ်းအိမ်ရာများ၊ အဆင့်မြင့်ဈေးဝယ် ကုန်တိုက်များ၊ ဂိုထောင်များ စသည်တို့ပါဝင်သောအဆောက်အဦးများအား စီမံကိန်းအပိုင်း(၁)နှင့် ကပ်လျက်မြေကွက်ပေါ်တွင် ၂၀၂၁ ခုနှစ်အတွင်း တည်ဆောက်မည်ဖြစ်သည်။[၅]

စီမံကိန်းအချက်အလက်[ပြင်ဆင်ရန်]

Samanea Yangon စီမံကိန်းသည် မြေဧရိယာစုစုပေါင်း ၃၂၉၀၀၀ စတုရန်းမီတာကျယ်ဝန်းပြီး၊ အဆောက်အ အုံဧရိယာစုစုပေါင်း ၈၈၀၀၀၀ စတုရန်းမီတာကျယ်ဝန်းပါသည်။ ၎င်းစီမံကိန်းအား အပိုင်းလေးပိုင်းခွဲခြား၍ အဆင့်ဆင့်တည်ဆောက်ဖွံ့ဖြိုးသွားမည်ဖြစ်သည်။

စီမံကိန်းဧရိယာစုစုပေါင်း ၁၆၇ ဧကကျယ်ဝန်းသောမြေကွက်ပေါ်တွင် စီမံကိန်းအပိုင်း(၁)အဖြစ် စတုရန်းမီတာ ၁၀၀,၀၀၀ အား ဆိုင်ခန်းပေါင်း ၇၃၀ ပါဝင်သော အဆင့်မြင့်လက်ကားဈေးနှင့် စတုရန်းမီတာ ၅၀,၀၀၀ ကျယ်ဝန်းသော ယာဉ်ရပ်နားရန်နေရာတို့ တည်ဆောက်ထားသည်။[၁][၂]

စီမံကိန်းအပိုင်း(၁)။ ။ အဆောက်အအုံဧရိယာစုစုပေါင်း ၄၈၆၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၇၃၂ ခန်းပါဝင်သည့် ကုန်သွယ်ရေးစင်တာအား ၂၀၂၁ ခုနှစ်တွင် စတင်ဖွင့်လှစ် ခဲ့ပြီးဖြစ်ပါသည်။ [၂]

စီမံကိန်းအပိုင်း(၂) ။ ။ အဆောက်အအုံဧရိယာစုစုပေါင်း ၇၉၉၀၀ စတုရန်းမီတာကျယ်ဝန်းသည့် ကုန် သွယ်ရေးစင်တာအား တည်ဆောက်ဖွံ့ဖြိုးရန်စီမံထားပါသည်။[၄]

စီမံကိန်းအပိုင်း(၃)။ ။ အဆောက်အအုံဧရိယာစုစုပေါင်း ၁၀၅၀၀ စတုရန်းမီတာကျယ်ဝန်းသည့် ကုန် သွယ်ရေးစင်တာအား တည်ဆောက်ဖွံ့ဖြိုးရန်စီမံထားပါသည်။[၅]

စီမံကိန်းအပိုင်း(၄)။ ။ အဆောက်အအုံဧရိယာစုစုပေါင်း ၁၀၀၀၀ စတုရန်းမီတာကျယ်ဝန်းသည့် ကုန် သွယ်ရေးစင်တာအား တည်ဆောက်ဖွံ့ဖြိုးရန်စီမံထားပါသည်။

ကုန်သွယ်မှုအထောက်အကူပြုအခြားစီမံကိန်းများ။      ။ ကုန်သည်၊လုပ်ငန်းရှင် ကုန်သွယ်မှုများ အဆင်ပြေ ချောမွေ့စေရန်နှင့်လိုအပ်ချက်များဖြည့်မှီစေရန်အတွက် Samanea Yangon သည် ရုံးခန်းသုံးအဆောက်အအုံ၊ လုပ်ငန်းသုံးဟိုတယ်၊ သယ်ယူပို့ဆောင်ရေးနှင့်သိုလှောင်ရေးဆိုင်ရာအဆောက်အအုံ၊ ကုန်စည်ပြခန်းမ အစရှိ သည့် ကုန်သွယ်မှုအထောက်အကူပြုစေမည့်အခြေခံအဆောက်အအုံများလည်းတွဲဘက်ဖွံ့ဖြိုး တည်ဆောက် သွားမည်ဖြစ်ပါသည်။[၆]

တည်နေရာ[ပြင်ဆင်ရန်]

Samanea Yangon Market သည်ရန်ကုန်မြို့အထူးစီးပွားတိုးတက်ဖွံ့ဖြိုးရေး‌ဒေသတစ်ခုဖြစ်သည့် ဒဂုံဆိပ် ကမ်းမြို့နယ်၏အချက်အချာကျသည့် ပဲခူးမြစ်လမ်းနှင့်ရတနာလမ်းမကြီးဆုံရာတွင်တည်ရှိ၍ လမ်းပန်းဆက် သွယ်ရေးအလွန်ကောင်းမွန်ပြီး အဘက်ဘက်မှသွားလာရန်လည်းလွယ်ကူကြောင်းနှင့် မြို့တွင်းမှ (၁၅) ကီလို မီတာ၊ လေဆိပ်မှ (၁၈) ကီလိုမီတာသာကွာဝေးပါသည်။[၁][၇][၈][၆][၉][၁၀]

ကုန်ပစ္စည်း[ပြင်ဆင်ရန်]

ယခုလက်ရှိတွင် စီမံကိန်းအပိုင်း(၁)ဖြစ်သည့် Samanea Yangon market အတွင်း ဆောက်လုပ်ရေးသုံးနှင့် ကုန်မာပစ္စည်း၊  စက်မှုလုပ်ငန်းသုံးလျှပ်စစ်ပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ အဝတ် အ ထည် ၊ အိတ်၊ ဖိနပ်၊ လူသုံးကုန် စသည့်စီးပွားရေးလုပ်ငန်းအမျိုးအစားပေါင်း (၂၁) မျိုးအထိ ဝင်ရောက်ပူး ပေါင်းလျက်ရှိပြီး လုပ်ငန်းနှင့်ကုန်ပစ္စည်းအမျိုးအစားလည်းကြွယ်ဝပေါ်များလှသည်။[၁၀]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Yee Ywal Myint (20-08-2020)။ Samanea Market to open in November (in en)။ မြန်မာတိုင်း(မ်)။ 12 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 01-06-2022 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Myanmar Business Today Journal (28-07-2020)။ Samanea Yangon Market to Launch in November (in en)။ Myanmar Business Today Journal။ 01-06-2020 တွင် ပြန်စစ်ပြီး။
  3. https://www.colliers.com/en-mm/research/myanmar-mi-august-19-2020
  4. ၄.၀ ၄.၁ မင်းချို (iMyanmarHouse.com) (၁၄-၀၈-၂၀၂၀)။ Samanea Yangon Market ရှိ ဆိုင်ခန်းများ ယခုနှစ် နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည် (in မြန်မာဘာသာ)။ iMyanmarHouse။ ၀၁-၀၆-၂၀၂၂ တွင် ပြန်စစ်ပြီး။
  5. ၅.၀ ၅.၁ Southeast Asia Globe (04-12-2020)။ Samanea’s Yangon Market: Helping Businesses Flourish in Difficult Times (in en)။ Globe Media Asia။ 01-06-2022 တွင် ပြန်စစ်ပြီး။ “On the corner of Bago River Road and Yadana Road in Dagon Myothit, Samanea opened a large wholesale market in Yangon in 2020.
  6. ၆.၀ ၆.၁ Yeyint Hpone (28-08-2020)။ New Wholesale Facility in November – Samanea Yangon Market (in en)။ Myanmarmore Media Group။ 01-06-2022 တွင် ပြန်စစ်ပြီး။
  7. 服务中小企业出海 开启东南亚专业市场发展新篇章 (in zh)။ China Commodity Trade Market Development Committee (23-09-2020)။ 12 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 01-06-2022 တွင် ပြန်စစ်ပြီး။
  8. www.ddzzd.com။ 28-04-2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။[လင့်ခ်သေ]
  9. www.jiaju.sina.com.cn။ 28 April 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 28 April 2021 တွင် ပြန်စစ်ပြီး။
  10. ၁၀.၀ ၁၀.၁ 全城仰望 | 商贸新坐标——星迈黎亚·仰光商贸城11月盛大开业 (in zh)။ 缅甸金凤凰中文报 (07-08-2020)။ 01-06-2022 တွင် ပြန်စစ်ပြီး။