စန္ဒနပူဇနက

ဝီကီပီးဒီးယား မှ

အရှင်စန္ဒနပူဇနကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

အတ္တဒဿီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

အတ္တဒဿီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုအချိန်တွင် အရှင်စန္ဒနပူဇနကထေရ် သည် စန္ဒဘာဂါမြစ်ကမ်းနားတွင် နေထိုင်သည့်ကိန္နရာ ဖြစ်နေ၏။ တစ်နေ့သောအခါ ထိုကိန္နရာသည် မြတ်စွာဘုရားအား ဖူးမြင်ရ၏။ ထို့နောက် မြတ်စွာဘုရားအား စန္ဒကူးဖြင့် လှူဒါန်းပူဇော်ခဲ့၏။[၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်ရှစ်ရာထက်တွင် မြတ်စွာဘုရားအား ပန်းလှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာတစ်ထောင့်လေးရာထက်တွင် “ရောဟဏီ” အမည်ဖြင့် စကြဝတေးမင်း သုံးကြိမ် ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်စန္ဒနပူဇနကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သောဘိဝဝဂ်၊ စန္ဒနပူဇနကတ္ထေရအပဒါန်