စထရက်ဖို့အက်ပွန်းဧဗွန်မြို့

ဝီကီပီးဒီးယား မှ
စထရက်ဖို့-အက်ပွန်း-ဧဗွန်မြို့ (အင်္ဂလိပ်: Stratford-upon-Avon)

ထိပ်ဆုံးမှ နာရီလက်တံအတိုင်း: ဟိုက်လမ်းမှ စထရတ်ဖို့ မြို့လယ်ခေါင်; ရှိတ်စပီးယား မွေးဖွားရာ; တော်ဝင်ရှိတ်စပီးယားပြဇာတ်ရုံ; စထရက်ဖို့-အက်ပွန်း-ဧဗွန် ခန်းမ; ဧဗွန်မြစ်အား ဖြတ်ကျော်တည်ဆောက်ထားသော ထရမ်ဝေးတံတား နှင့် ကလော့ပ်တွန်တံတား; ဟိုးလီးထရင်နီတီ ချာ့ရှ်ကျောင်း နှင့် ၎င်းချာ့ရှ်ကျောင်းရှိ ရှိတ်စပီးယား အုတ်ဂူ
စထရက်ဖို့-အက်ပွန်း-ဧဗွန်မြို့ (အင်္ဂလိပ်: Stratford-upon-Avon) သည် ယူနိုက်တက်ကင်းဒမ်း တွင် တည်ရှိသည်
စထရက်ဖို့-အက်ပွန်း-ဧဗွန်မြို့ (အင်္ဂလိပ်: Stratford-upon-Avon)
စထရက်ဖို့-အက်ပွန်း-ဧဗွန်မြို့ (အင်္ဂလိပ်: Stratford-upon-Avon)
Location within the United Kingdom
လူဦးရေ၃၀၄၉၅ (၂၀၂၁ သန်းခေါင်စာရင်း)
OS grid referenceSP1955
Civil parish
  • စထရက်ဖို့-အက်ပွန်း-ဧဗွန်[၁]
တိုင်း
Shire county
နိုင်ငံအင်္ဂလန်
အချုပ်အခြာပိုင်ပြည်နယ်ယူနိုက်တက်ကင်းဒမ်းနိုင်ငံ
Post townစထရက်ဖို့-အက်ပွန်း-ဧဗွန်
Postcode districtCV37
Dialling code01789
ရဲ 
မီးသတ် 
လူနာတင်ကား 
ယူကေပါလီမန်
List of places
United Kingdom
52°11′34″N 01°42′23″W / 52.19278°N 1.70639°W / 52.19278; -1.70639ကိုဩဒိနိတ်: 52°11′34″N 01°42′23″W / 52.19278°N 1.70639°W / 52.19278; -1.70639

စထရက်ဖို့-အက်ပွန်း-ဧဗွန်းမြို့ (အင်္ဂလိပ်: Stratford-upon-Avon) သည် အင်္ဂလန်ပြည် ဝါဝစ်ရှိုင်ယာနယ်ရှိ အလွန်ရှေးကျသော ဈေးမြို့တစ်မြို့ဖြစ်သည်။ ဧဗွန်းမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသောကြောင့် စထရက်ဖို့-အွန်-ဧဗွန်းမြို့ဟုခေါ်သည်။ လန်ဒန်မြို့မှ အနောက်မြောက်ဘက် ၉၃ မိုင်ကွာဝေးသည်။ ၁၉၅၂ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေမှာ ၁၄၆၁၀ ယောက်ခန့်ရှိ၍ မြို့ငယ်ကလေးပင်ဖြစ်သော်လည်း ကမ္ဘာကျော် အင်္ဂလန်ပြဇာတ်ဆရာကြီး ရှိတ်စပီးယား၏ ချက်မြှုပ်ဒေသဖြစ်သဖြင့် လူသိများကာ ထင်ရှားလေသည်။ ရှေးဟောင်းမြို့ဖြစ်သဖြင့်လည်း မြင့်မားသော အဆောက်အအုံများနှင့် လမ်းကျဉ်းကလေးများမှာ ရှေးမူမပျက် ယခုတိုင်ရှိသည်။ အချို့သော လမ်းမကြီး အမည်များမှာ ရှေးခေတ်က အခေါ်အတိုင်း တည်လျက်ရှိသည်။

ထိုမြို့ရှိ ရှိတ်စပီးယား၏ မွေးဖွားရာ အိမ်ကို အစိုးရက သိမ်း၍ ထိုအိမ်၌ ရှိတ်စပီးယား၏ဘဝနှင့် သက်ဆိုင်သော စာအုပ်စာတမ်း၊ ပန်းချီကားများ စသည်တို့ကို ပြတိုက်သဖွယ်ထားရှိကာ၊ ရှိတ်စပီးယား အထိမ်းအမှတ်အဖြစ် ပြသထားလေသည်။ ရှိတ်စပီးယားတို့ ဇနီးမောင်နှံအား သင်္ဂြိုဟ်ရာ ဟိုးလီးထရင်နီတီ ဘုရားရှိခိုးကျောင်းမှာလည်း ထိုမြို့၌ပင်ရှိသည်။ ၁၈၇၉ ခုနှစ်တွင် အဆိုပါ ဘုရားရှိခိုးကျောင်းအနီး ဧဗွန်းမြစ်ကမ်းပါး၌ ဇာတ်ရုံ၊ စာကြည့်တိုက်နှင့် ပြတိုက်များ ပါဝင်သော ရှိတ်စပီးယား အထိမ်းအမှတ် အဆောက်အအုံ တစ်ခုကို ဆောက်လုပ်ခဲ့၏။ ယင်းတို့အနက် ပြဇာတ်ရုံကြီး မီးသင့်သွားလေရာ ၁၉၂၆ ခုနျစ်တွင် ယခင်ကထက် ပိုမိုကြီးကျယ်ခမ်းနား၍ ပရိသတ် ၁၀၀၀ ဆံ့သော ပြဇာတ်ရုံသစ်တစ်ခုကို ထပ်မံတည်ဆောက်ပြန်၏။ ဤကဲ့သို့ စထရက်ဖို့မြို့ရှိ ရှိတ်စပီးယားနှင့် သက်ဆိုင်သော အဆောက်အအုံ အသီးသီးတို့အပြင် စထရက်ဖို့မြို့၏ ဆင်ခြေဖုံးအရပ်များဖြစ်သော ရှော့တရီ အရပ်ရှိ ရှိတ်စပီးယား၏ဇနီးအိမ်နှင့် ဝင်ကော့အရပ်ရှိ ရှိတ်စပီးယား၏ မိခင်အိမ်များသို့ ကမ္ဘာအရပ်ရပ်မှ စာပေလိုက်စားသူများ လာရောက်လည်ပတ်ကြည့်ရှုကြသည်။

စထရက်ဖို့မြို့၏ ထင်ရှားသော ပွဲတော်မှာ ရှိတ်စပီးယား ပွဲတော်ဖြစ်၍ နှစ်စဉ်နွေရာသီ ၂ လခွဲကြာမျှ ခမ်းနားစွာကျင်းပကြသည်။ ထိုပွဲတော် ကျင်းပသောအခါ၌ အင်္ဂလန်ပြည်၏ ထိပ်သီး ပြဇာတ် ပညာသည်များသည် စထရက်ဖို့မြို့သို့ လာရောက်၍ ရှိတ်စပီးယားရေးခဲ့သော ပြဇာတ်များကို တင်ပြအသုံးတော်ခံလေ့ ရှိကြသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. Stratford Town Council။ 28 February 2019 တွင် ပြန်စစ်ပြီး။
  2. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၆)။ "စထရက်ဖို့-အက်ပွန်း-ဧဗွန်မြို့"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်