စစ်ဆင်ရေး အော်ရိုရာ

ဝီကီပီးဒီးယား မှ
Operation Aurora
ရက်စွဲဇွန် – ဒီဇင်ဘာ ၂၀၀၉
နေရာမသိရ - ကမ္ဘာအနှံ့ ဖြစ်ပွား
ရလဒ် တရုတ်နှင့် အမေရိကန်ကြား နိုင်ငံရေး ပဋိပက္ခ ဖြစ်ပွား
စစ်ရင်ဆိုင်သည့် နိုင်ငံများ

 အမေရိကန်

 တရုတ်

အသေအပျောက်
Google ဉာဏပိုင်ဆိုင်မှု အခိုးခံရ [၁] မသိရ

စစ်ဆင်ရေး အော်ရိုရာ သည် ဆိုက်ဘာ တိုက်ခိုက်မှု ကွင်းဆက်ဖြစ်ကာ တရုတ်ပြည် ဘေဂျင်းအခြေစိုက် အဆင့်မြင့် စစ်ဆင်ရေးတစ်ခု ဖြစ်သည်။[၂] လူထုရှေ့မှောက်သို့ ၂၀၁၀ ဇန်နဝါရီ ၁၂ တွင် ဂူဂဲလ်၏ ဘလော့စာမျက်နှာတွင် ဖော်ထုတ်ခဲ့သည်။[၁] တိုက်ခိုက်မှုသည် ၂၀၀၉ ခုနှစ်လယ်မှ ဒီဇင်ဘာလထိ ဆက်တိုက်ဖြစ်ပွားခဲ့သည်။[၃]

တိုက်ခိုက်မှုသည် Adobe Systems ကဲ့သို့သော ဒါဇင်နှင့်ချီသည့် အခြားအဖွဲ့အစည်းများအား ပစ်မှတ်ထားခဲ့သည်။[၄] Juniper Networks[၅] နှင့် Rackspace[၆] တို့သည် ပစ်မှတ်ခံရကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောပြခဲ့သည်။ မီဒီယာ အစီရင်ခံချက်များအရ Yahoo, Symantec, Northrop Grumman, Morgan Stanley[၇] နှင့် Dow Chemical[၈] တို့သည်လည်း ပစ်မှတ်ခံခဲ့ရသည်။

ရလဒ်အဖြစ် ဂူဂဲလ်သည် တရုတ်နိုင်ငံတွင် ဆင်ဆာဗားရှင်းဖြင့် ရှာဖွေရေးအင်ဂျင်အား စီစဉ်ရန် ချမှတ်ခဲ့သည်။ ယင်းကဲ့သို့ မဖြစ်နိုင်ပါက ဂူဂဲလ်သည် တရုတ်နိုင်ငံမှ ရုံးခွဲအား စွန့်ခွာရနိုင်သည်။[၁] တရုတ်နိုင်ငံ၏ တရားဝင် ပြောခွင့်ရသူများမှ ပြောကြားချက်အရ ယင်းသည် အမေရိကန်အစိုးရ၏ ဗျူဟာတစ်ခုဟု ဆိုသည်။[၉]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ A new approach to China။ Google Inc. (2010-01-12)။ 17 January 2010 တွင် ပြန်စစ်ပြီး။
  2. Clayton၊ Mark (14 September 2012)။ Stealing US business secrets: Experts ID two huge cyber 'gangs' in China။ CSMonitor။ 24 February 2013 တွင် ပြန်စစ်ပြီး။
  3. "'Aurora' Attacks Still Under Way, Investigators Closing In On Malware Creators"၊ TechWeb၊ 2010-02-10။ 2010-02-13 တွင် ပြန်စစ်ပြီး။ Archived from the original on 11 August 2010။ 
  4. Adobe Investigates Corporate Network Security Issue (2010-01-12)။ 11 May 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2010 တွင် ပြန်စစ်ပြီး။
  5. Juniper Networks investigating cyber-attacks။ MarketWatch (2010-01-15)။ 17 January 2010 တွင် ပြန်စစ်ပြီး။
  6. Rackspace Response to Cyber Attacks။ 17 January 2010 တွင် ပြန်စစ်ပြီး။
  7. HBGary email leak claims Morgan Stanley was hacked။ 3 March 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 Mar 2010 တွင် ပြန်စစ်ပြီး။
  8. Cha၊ Ariana Eunjung။ "Google China cyberattack part of vast espionage campaign, experts say"၊ The Washington Post၊ 2010-01-14။ 17 January 2010 တွင် ပြန်စစ်ပြီး 
  9. Hille၊ Kathrine။ "Chinese media hit at ‘White House’s Google’"၊ Financial Times၊ 2010-01-20။ 20 January 2010 တွင် ပြန်စစ်ပြီး