ဂူဂယ်
![]() The Google logo used since 2015 | |
![]() Google's headquarters, the Googleplex | |
အမျိုးအစား | Subsidiary |
---|---|
လုပ်ငန်း | |
ဝန်ဆောင်မှု ဧရိယာ | တစ်ကမ္ဘာလုံး |
အရေးပါ ပုဂ္ဂိုလ်များ |
|
ထုတ်ကုန်ပစ္စည်း | |
မိခင်ကုမ္ပဏီ | Alphabet Inc. |
ကုမ္ပဏီခွဲ | |
ကိုးကား [၁][၂][၃][၄] |
ဂူဂဲလ် အယ်လ်အယ်လ်စီ (Google LLC) (အသံထွက်: /ˈɡuːɡəl/, ဂူးဂဲလ်) သည် အမေရိကန်ပြည်ထောင်စုအခြေစိုက် ဘက်ပေါင်းစုံလုပ်ငန်းရှင် ကမ္ဘာကျော် ကော်ပိုရေးရှင်းနှင့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သည်။ ၎င်းသည် အွန်လိုင်းကြော်ငြာ (online advertising)၊ ရှာဖွေရေးအင်ဂျင် (search engine) နည်းပညာ၊ ကလောက် ကွန်ပြူတင်း (cloud computing)၊ ကွန်ပြူတာဆော့ဖ်ဝဲလ် (computer software)၊ ကွမ်တမ် ကွန်ပြူတင်း (quantum computing)၊ အီး-ကောမတ်စ် (e-commerce)၊ စားသုံးသူ အီလက်ထရောနစ်ပစ္စည်းများ (consumer electronics) နှင့် ဉာဏ်ရည်တု (artificial intelligence - AI)တို့ကို အဓိကထား၍ လုပ်ဆောင်သည်။
ဘီဘီစီ (BBC) က ၎င်းအား "ကမ္ဘာပေါ်တွင် အစွမ်းအထက်ဆုံး ကုမ္ပဏီ" [၅] ဟု ရည်ညွှန်းခဲ့ပြီး ဈေးကွက်လွှမ်းမိုးမှု၊ ဒေတာစုဆောင်းမှု (data collection) နှင့် ဉာဏ်ရည်တုနယ်ပယ်ရှိ နည်းပညာဆိုင်ရာ အားသာချက်များကြောင့် ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး အမှတ်တံဆိပ်များ (most valuable brands) ထဲမှ တစ်ခုဖြစ်သည်။ [၆][၇][၈]
အမေဇုန် (Amazon)၊ အက်ပဲလ် (Apple)၊ မေတာ (Meta) နှင့် မိုက်ခရိုဆော့ဖ် (Microsoft) တို့နှင့်အတူ ဂူဂဲလ်၏ မိခင်ကုမ္ပဏီဖြစ်သော အယ်လ်ဖာဘက် (Alphabet Inc.) သည် "နည်းပညာ ကြီးငါးကြီး" (Big Tech) ဟု ခေါ်ဆိုကြသော နည်းပညာကုမ္ပဏီကြီး ငါးခုအနက်မှ တစ်ခုဖြစ်သည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]ဂူဂယ်သည် ၁၉၉၆ ဇန်နဝါရီလတွင် လယ်ရီပေ့ချ် (Larry Page) နှင့် ဆာဂေး ဘရင် (Sergey Brin) ဟူသော စတန်းဖို့ဒ် တက္ကသိုလ်မှ ပီအိပ်ချ်ဒီ ကျောင်းသား ၂ ယောက် တင်သွင်းခဲ့သော Search Engine အကြောင်း ရေးသားထားတဲ့ စာတမ်းတစ်စောင်မှ စတင်ခဲ့သည်။
အစပိုင်းတွင် သူတို့၏ Search Engine ကို BackRub လို့ အမည်ပေးခဲ့သည်။ ဆိုဒ်တစ်ခု၏ အရေးပါမှုကို သူ့ကို ရည်ညွှန်းထားတဲ့ backlinks တွေပေါ်မူတည်ပြီး ခန့်မှန်း သတ်မှတ် ဖို့ ဒီဇိုင်းထုတ်ထားခြင်းကြောင့် ဖြစ်သည်။ သို့သော် ယင်းမတိုင်မီက ထိုနည်းစနစ်ကို သုံးထားသော Rankdex အမည်ရှိ search engine တစ်ခု ရှိနှင့်ပြီး ဖြစ်သည်။ သူတို့ နှစ်ယောက်သည် သီးစစ်လုပ်နေစဉ်အတွင်း ဂူဂယ် ဖြစ်လာမည့် search engine အတွက် အခြေခံများ တည်ဆောက်နိုင်ခဲ့ကြသည်။ အစပိုင်းတွင် သူတို့ search engine ၏ လိပ်စာသည် စတန်းဖို့ဒ် တက္ကသိုလ်၏ subdomain တစ်ခုဖြစ်သော google.stanford.edu အနေဖြင့် စတင်ခဲ့သည်။ google.com ဒိုမိန်း ကို ၁၉၉၇ စက်တင်ဘာလ ၁၅ ရက်နေ့တွင်မှ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၈ စက်တင်ဘာလ ၄ ရက်နေ့တွင် Google Inc. ကို သူငယ်ချင်းတစ်ယောက်၏ ကားဂိုထောင်ထဲတွင် စတင်ခဲ့သည်။ ထိုကဲ့သို စတင်နိုင်ရန်အတွက် လိုအပ်သော ငွေ အရင်းအနှီးကို Sun Microsystems ကို စတင်တည်ထောင်ခဲ့သူ Andy Bechtolsheim က ဒေါ်လာ ၁၀၀၀၀၀ တန် ချက်လက်မှတ်တစ်ခု စတင် ထုတ်ပေးရာမှ အခြားရင်းနှီးမြုပ်နှံသူများ ပါဝင်လာပြီး စုစုပေါင်း ဒေါ်လာ ၁.၁ သန်းအထိ တိုးတက်များပြားလာခဲ့ခြင်း ဖြစ်သည်။[၉][၁၀]
၁၉၉၉ မတ်လ တွင် ဆီလီကွန် တောင်ကြားတွင် ရှိသော Palo Alto သို့ ကုမ္ပဏီကို ပြောင်းရွှေ့ခဲ့သည်။ နောက်ပိုင်းတွင် ထိုအဆောက်အဦးများကို ဂူဂယ်ပလက်စ်အဖြစ် လူသိများလာခဲ့သည်။ ဂူဂယ်သည် ရိုးစင်းသော ဒီဇိုင်းနှင့် လွယ်ကူစွာ အသုံးချနိုင်မှုတို့ကြောင့် အသုံးချသူ အများစုက နှစ်သက်ခဲ့ကြသည်။ ၂ဝဝဝ ခုနှစ်က စတင်ပြီး ဂူဂယ်တွင် Search Keywords တွေကို အခြေခံသော ကြော်ငြာများ စတင် ထည့်သွင်းလာခဲ့သည်။
ဂူဂယ် အမည် စတင်ဖြစ်ပေါ်လာပုံမှာ "googol" (၁ နောက်မှ သုည ၁၀၀ လုံး) ဟူသော စာလုံးကို "google" ဟု မှားပေါင်းရာက စလာခဲ့ခြင်းဖြစ်ကာ Merriam Webster Collegiate Dictionary နှင့် Oxford English Dictionary များတွင် google ၏ အဓိပ္ပာယ်ကို "အင်တာနက်မှ အချက်အလက်များရယူရန် ဂူဂယ် Search Engine ကို အသုံးပြုခြင်း" ဟု ၂၀၀၆ မှ စတင်ကာ ထည့်သွင်းခဲ့သည်။
အချက်အလက်စင်တာများ
[ပြင်ဆင်ရန်]၂၀၁၄ ခုနှစ်အထိ ဂူဂယ်သည် အမေရိကန်နိုင်ငံ တွင် အချက်အလက်စင်တာ ၆ ခု၊ ချီလီနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ အိုင်ယာလန်နိုင်ငံ၊ ဘယ်လ်ဂျီယံနိုင်ငံ၊ စင်ကာပူနိုင်ငံ နှင့် ထိုင်ဝမ်တို့တွင် စင်တာ ၁ ခုထိ ထားရှိလည်ပတ်နေသည်။ ၂၀၁၁ ခုနှစ်အတွင်းက နောက်ထပ် အာရှတိုက်တွင် အချက်အလက်စင်တာ ၃ ခု တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း၂၀၀ ထပ်မံ ရင်းနှီးမြုပ်နှံမည်ဖြစ်ပြီး ၎င်းအချက်အလက်စင်တာများကို စင်ကာပူ၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့တွင် တည်ဆောက်မည်ဟု ကြေညာခဲ့သည်။
၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဝါရှင်တန်ပို့စ် သတင်းစာက ဂူဂယ်၏ အချက်အလက်စင်တာများကြား အချက်အလက်များပေးပို့မှုသည် အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးအေဂျင်စီမှ "MUSCULAR" ဟုခေါ်သော ပရိုဂရမ် နှင့် တားဆီးထားပြီး အချက်အလက်ပေးမှုများကြားတွင် မည်သို့မှ စာဝှက်ထားခြင်း (encrypt) မရှိကြောင်း ရေးသားခဲ့သည်။ ထို့ကြောင့် ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် အချက်အလက်ပေးပို့မှုများတွင် စာဝှက်ထားမှုများ ပြုလုပ်ခဲ့သည်။
ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ
[ပြင်ဆင်ရန်]ဂူဂယ်၏ အဓိက ဆားဗစ်သည် Google web search engine ဖြစ်သော်လည်း အခြား ထင်ရှား လူကြိုက်များသော ဆားဗစ်များ ရှိသည်။ Google ၏အခြားဆားဗစ်တစ်ခုဖြစ်သော ဂျီမေးလ် သည်လည်း ထင်ရှားသော အီလက်ထရောနှစ် စာပို့စနစ်ဖြစ်သည်။ Google Reader၊ Google Document၊ Google Photo အစရှိသည်တို့သည် ၎င်း၏ အခမဲ့ ဆားဗစ်များဖြစ်ကြသည်။ အခမဲ့ ဆားဗစ်ဟုဆိုသော်လည်း ၎င်းတို့ သတ်မှတ်ပေးထားသော ၁၅ GB ပြည့်သွားပါက ငွေပေး၍ ဝယ်ယူအသုံးပြုနိုင်သည်။ Google Chrome သည်လည်း သွက်လက်ပေါ့ပါးသော Browser တစ်ခုဖြစ်သည်။
ဆော့ဖ်ဝဲများ
[ပြင်ဆင်ရန်]ဂူဂယ်သည် သူ၏ Google Web Mail Service ထဲတွင် ဖုန်းဝန်ဆောင်မှုအသစ် ထပ်မံထည်သွင်းလိုက်သည်။ ယခင်က ဖုန်းခေါ်ဆိုနိုင်သော်လည်း Gtalk တွင် @gtalk2viop ဆိုသော address ကိုတဆင့်ခံပြီး ဖုန်းနံပါတ်ရိုက်ထည့်မှ ခေါ်ဆိုနိုင်ခဲ့သည်။ ယခု feature အသစ်တွင် Phone feature အပြည့်ပါဝင်လာသောကြောင့် ခေါ်ဆိုမှု ပိုမိုအဆင်ပြေလာသည်။ နိုင်ငံကုဒ် ကိုလည်း တပါတည်း တွဲထည့်ပေးထားသည်။ ၎င်း feature အသစ်တွင် ခေါ်ဆိုမှု မှတ်တမ်း၊ ဖုန်းခေါ်ဆိုမှုနှုန်းထားနှင့် အွန်လိုင်းမှ ငွေအလွယ်တကူခြေနိုင်သော လုပ်ဆောင်ချက်များ ထည့်ပေးထားသည်။
စီးပွားရေး ထုတ်ကုန်များ
[ပြင်ဆင်ရန်]၂၀၀၂ ခုနှစ် ဖေဖော်ဝါရီလတွင် ဂူဂဲလ်ရှာဖွေရေးပစ္စည်း (Google Search Appliance) ဟု အမည်ရသော ပရိုဂရမ်ကို စတင်မိတ်ဆက်ခဲ့သည်။ ကြီးမားသော အဖွဲ့အစည်းများအတွက် နည်းပညာ ရှာဖွေမှုများကို ပိုမိုထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။ ၃ နှစ်ကြာသောအခါ သေးငယ်သော အဖွဲ့အစည်းများအတွက် ရည်ရွယ်သော မီနီဗားရှင်း ကိုမိတ်ဆက်ခဲ့သည်။ ၂၀၀၆ ခုနှစ် နှောင်းပိုင်းတွင် စိတ်ကြိုက်ရှာဖွေရေး။ စီးပွားရေး အက်ဒီရှင် (Custom Search Business Edition) ကို စတင်ရောင်းချခဲ့သည်။ ယင်းသည် ဂူဂယ်ဝက်ဘ်ဆိုဒ်] ကို ကြော်ငြာများမပါဝင်ဘဲ အသုံးပြုနိုင်သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင် ဝန်ဆောင်မှုကို အွန်လိုင်းဝန်ဆောင်မှုအဖြစ် ပြောင်းလဲခဲ့သည်။
ဂူဂယ် အက်ပလီကေးရှင်း များကို ပိုမိုဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။ ဂျီမေးလ် နှင့် ဂူဂယ်ဒေါ့စ် တို့ကို ကိုယ်ပိုင်ဒိုမိန်းဖြင့် အသုံးပြုနိုင်အောင် ပြုလုပ်ပေးခဲ့သည်။ ထိုကဲ့သို့သော ဝန်ဆောင်မှုများကို Edition အမြောက်အမြား ထုတ်ဝေခဲ့သည်။ အခြေခံ အခမဲ့ (စံသတ်မှတ်ထားသော Edition)၊ စီးပွားရေး၊ ပညာရေး နှင့် အစိုးရအတွက် စသည်ဖြင့် အမျိုးမျိုးထုတ်ဝေခဲ့သည်။
ကော်ပိုရိတ်ရေးရာ နှင့် ယဉ်ကျေးမှု
[ပြင်ဆင်ရန်]ဖော်ကျွန်းမဂ္ဂဇင်း ၏ ဖော်ပြချက်အရ ဂူဂယ်ကုမ္ပဏီသည် ၂၀၀၇၊ ၂၀၀၈ နှင့် ၂၀၁၂ ခုနှစ်တို့မှ အလုပ်လုပ်ရန်အတွက် အကောင်းဆုံးကုမ္ပဏီအဖြစ် သတ်မှတ်ခြင်းခံရသည်။ ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ်တို့တွင် စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။ ၂၀၁၀ တွင် ဘွဲ့ရလူငယ်များအတွက် အလုပ်လုပ်ရန် ဆွဲဆောင်မှုအရှိဆုံးကုမ္ပဏီအဖြစ်လည်း သတ်မှတ်ခံထားရသည်။ ဂူဂယ်၏ လုပ်ငန်းရေးရာ ဆောင်ပုဒ်များမှာ "မကောင်းတာမလုပ်ဘဲ ပိုက်ဆံရနိုင်တယ်"၊ "သင်ဟာ တူညီဝတ်စုံမဝတ်ဘဲ လူအများလေးစားရသောလူဖြစ်နိုင်သည်"၊ "အလုပ်ကို စိန်ခေါ်ရမည်ဖြစ်ပြီး၊ စိန်ခေါ်မှုဟာ ပျော်စရာဖြစ်သင့်ပါတယ်" တို့ ဖြစ်သည်။
၂၀၁၃ ခုနှစ် အချက်အလက်များအရ ဂူဂယ်တွင် ဝန်ထမ်း ၄၇၇၅၆ ဦး အလုပ်လုပ်နေကြကာ ဆော့ဝဲလ် ရေးသူ ၁ သောင်းကျော် ပါဝင်ပြီး ရုံးခွဲ ၄၀ ကျော်တွင် ရုံးစိုက်ထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Company – Google (January 16, 2015)။ January 16, 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 13, 2018 တွင် ပြန်စစ်ပြီး။
- ↑ Claburn၊ Thomas (September 24, 2008)။ Google Founded By Sergey Brin, Larry Page... And Hubert Chang?!?။ UBM plc။ June 28, 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ January 22, 2017 တွင် ပြန်စစ်ပြီး။
- ↑ Locations – Google Jobs။ September 30, 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ September 27, 2013 တွင် ပြန်စစ်ပြီး။
- ↑ ကိုးကား အမှား - Invalid
<ref>
tag; no text was provided for refs namedWakabayashi2019
- ↑ Jack၊ Simon။ "Google – powerful and responsible?" (in en-GB)၊ BBC News၊ November 21, 2017။
- ↑ McCormick၊ Rich (June 2, 2016)။ Elon Musk: There's only one AI company that worries me (in en)။ March 29, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 29, 2022 တွင် ပြန်စစ်ပြီး။
- ↑ Justice Department Sues Monopolist Google For Violating Antitrust Laws (in en) (October 20, 2020)။ January 20, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 29, 2022 တွင် ပြန်စစ်ပြီး။
- ↑ Land of the Giants: The Titans of Tech (in en)။ April 17, 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ April 18, 2022 တွင် ပြန်စစ်ပြီး။
- ↑ Brin, Sergey (1998). "The anatomy of a large-scale hypertextual Web search engine". Computer Networks and ISDN Systems 30 (1–7): 107–117. doi: .
- ↑ Barroso, L.A. (April 29, 2003). "Web search for a planet: the google cluster architecture". IEEE Micro 23 (2): 22–28. doi: . “We believe that the best price/performance tradeoff for our applications comes from fashioning a reliable computing infrastructure from clusters of unreliable commodity PCs.”