မာတိကာသို့ ခုန်သွားရန်

စကြဝဠာ ကိန်းသေ

ဝီကီပီးဒီးယား မှ

စကြဝဠာ ကိန်းသေ(အင်္ဂလိပ်: Cosmological constant; သင်္ကေတ Λ)သည် ရူပစကြဝဠာဗေဒတွင် လေဟာနယ်စွမ်းအင်သိပ်သည်းမှုကို ပြသော ရူပကိန်းသေ ဖြစ်သည်။ ယူနစ်မှာ ပါစက္ကန့်စကွဲ(s−2) ဖြစ်သည်။


ထို့နောက် ကွမ်တမ်သဘောယန္တရားအရလည်း ဒြပ်အလုံးစုံ ကင်းမဲ့နေသော လေဟာနယ်နေရာ၌ပင် စွမ်းအင် တစ်ခု ရှိသင့်ကြောင်း ပေါ်ထွက်လာသေးရာ၊ နေရာလွတ် ကိုယ်တိုင်အတွင်း၌ ရှိနေသော စွမ်းအင်ဖြန့်ကျက်မှု အသွင်တမျိုးအနေနှင့် လောကလုံးဆိုင်ရာ ကိန်းသေ (သို့) လောကသရုပ် ကိန်းသေ ကို ပြန်လည် အသုံးပြုလာကြသည်။ ၎င်းက အမှောင်စွမ်းအင်ကို ဖော်ပြသည့် သင်္ချာသဘောတမျိုးလည်း ဖြစ်နေသည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]
  • ၁၉၁၅ ခုနှစ်တွင်, အိုင်းစတိုင်းက လောကသရုပ်ကိန်းသေ Λ မပါရှိဘဲ သူ၏ အထွေထွေနှိုင်းရသီအိုရီ ညီမျှခြင်းကို ဦးစွာ ထုတ်ပြန်သည်။
  • ထို့နောက် သူတင်ပြလိုက်သည့် သင်္ချာသဘောတရားတို့က အချိန်နှင့်မျှ အစဉ် ကျုံ့ဝင်နေသော အာကာသအဖြစ် လောကကြီးကို သရုပ်ဖော်ရာ ကျနေသည်ဟု သတိပြုမိသဖြင့် ၁၉၁၇ တွင် လောကသရုပ်ကိန်းသေ Λ ကို ထည့်သွင်းကာ ဒြပ်ဆွဲမှုတို့သာ များဝှန်လျက် အစဉ်ကျုံ့ဝင်မနေသော၊ အရွယ်ငြိမ်နေသော လောက(universe) သရုပ်ကို သင်္ချာဖြင့် ဖော်ပြလိုက်သည်။
  • ထို့နောက် Λ ပါဝင်နေသည့် အိုင်းစ်တိုင်းညီမျှခြင်းက အရွယ်အစား ပြောင်းလဲနေသော လောက(universe) ကိုသည်း ဖော်ညွှန်းနေနိုင်ကြေင်း ရုရှားလူမျိုး ရူပဗေဒရှင် အလက်ဇန်းဒါး ဖှရီးဒ်မန်းက ၁၉၂၂ တွင် သင်္ချာနည်းဖြင့် ထုတ်ပြန်ပြသည်။
  • လက်တွေ့ အသစ်တွေ့ရှိရမှုများနှင့် အထွေထွေနှိုင်းရသီအိုရီကို ဆီလျော်စွာ ပေါင်းစပ်ပြလျက်လည်း လောက(universe)ကြီးက စင်စစ်အားဖြင့် ကျယ်ကျယ်လာနေကြောင်း ဘယ်လ်ဂျီယန် နက္ခတ်ဗေဒပညာရှင်တဦးက ၁၉၂၇ တွင် ပြောကြားသည်။
  • လောက(universe)ကြီး ကျယ်ပြန့်နေမှု သီအိုရီကို ၁၉၃၁ တွင် အိုင်းစ်တိုင်း လိုက်လံလက်ခံ၍ ၁၉၃၂ တွင် ဒတ်ချ်လူမျိုး ရူပဗေဒရှင်တဦးနှင့် ပူးပေါင်းကာ လောကသရုပ်ကိန်းသေ သုညဖြစ်လျက် ကျယ်ပြန့်နေသည့် လောက(universe)ကြီး သင်္ချာဖော်ညွှန်းချက်ကို တါက်ထုတ်ခဲ့ကြသည်၊ အိုင်းရှ်တိုင်း-ဒီစစ်တာရ် အချိန်ကာသ ဖြစ်သည်။
  • လောက(universe)ကြီးက တသမတ်တည်းသော နှုန်းထားဖြင့်သာ ပြန့်ကားနေခြင်း မဟုတ်ဘဲ အချိန်နှင့်အမျှ နှုန်းထားတိုးမြင့်လျက်ပင် ပို၍တိုး၍ ကျယ်ကျယ်နေကြောင်း ၁၉၉၈ တွင် နက္ခတ်ဗေဒပညာရှင် အဖွဲ့နှစ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ထို့ကြောင့် လောက(universe)ကြီး၏ အချိန်-အာကာသကို (လောကဇာတ်ခုံကို) သင်္ချာနည်းဖြင့် ဖော်ပြလိုက်လျှင် လောကသရုပ် ကိန်းသေ Λ ပါဝင်လျက် ၎င်း၏တန်ဖိုးက အပေါင်းကိန်း ဖြစ်နေရမည်ဟု သဘောသက်ရောက်လာသည်။ တနည်းအားဖြင့်ဆိုသော် လောကနှံ့စွမ်းအင် ဟူသော အခြင်းအရာတခု ရှိနေပြီး ဒြပ်ဆွဲမှုက ဆွဲစုဆုံမှုကို တွန်းအားပေးလျှင် ၎င်းလောကနှံ့စွမ်းအင်က တွန်းဖြာခွဲမှုများကို ဖြစ်စေနေရမည်ဟု သီအိုရီတို့ ထွက်ပေါ်လာသည်။

အိုင်းစတိုင်းညီမျှခြင်းအတွင်း၌

[ပြင်ဆင်ရန်]
နယ်သာလန်ရှိ Leiden ဒေသ တနေရာတွင် အိုင်းစတိုင်းညီမျှခြင်းကို ရေးဆွဲထားပုံ။ ကြီးမားသော ဒြပ်ထုတို့ကြောင့် အလင်းလမ်းကြောင်း ကွေးညွတ်မှုကို နျူတန်၏ ဒြပ်ဆွဲအားဖြင့် ခန့်မှန်းနိုင်သော်လည်း ကွေးညွတ်မှု ပမာဏအမှန်မှာ အိုင်းစတိုင်း၏ နှိုင်းရတွက်နည်းနှင့်မှ ပိုမိုတိကျစွာ ထွက်ပေါ်ခြင်း ဖြစ်၏။

အိုင်းစတိုင်း စက်ကွင်းညီမျှခြင်းကို အောက်ပါအတိုင်း ဖော်ပြသည်။[]

ဤတွင် က အိုင်းစတိုင်းတာအုံ (Einstein tensor)၊ က အတိုင်းဆတာအုံ (metric tensor)၊ က အားအချိုး-စွမ်းအင် တာအုံ (stress-energy tensor)၊ က လောကသရုပ် ကိန်းသေ (cosmological constant)၊ က အိုင်းစတိုင်း ဒြပ်ဆွဲမှု ကိန်းသေ (Einstein gravitational constant) ဖြစ်သည်။

အကိုးအကား

[ပြင်ဆင်ရန်]
  1. Grøn၊ Øyvind; Hervik၊ Sigbjorn (2007)။ Einstein's General Theory of Relativity: With Modern Applications in Cosmology (illustrated ed.)။ Springer Science & Business Media။ p. 180။ ISBN 978-0-387-69200-5