စက်တော်ရာစေတီ (မင်းကွန်း)
စက်တော်ရာစေတီ | |
---|---|
အချက်အလက်များ | |
တည်နေရာ | မင်းကွန်း |
ဘာသာရေး နှီးနွယ်မှု | ဗုဒ္ဓဘာသာ |
Sect | ထေရဝါဒ ဗုဒ္ဓဘာသာ |
တိုင်း | စစ်ကိုင်းတိုင်းဒေသကြီး |
နိုင်ငံ | မြန်မာနိုင်ငံ |
လက်ရှိအခြေအနေ | active |
ဗိသုကာ | |
ပန္နက်ရိုက် | ၁၈၀၄ |
ပြီးစီး | ၁၈၁၁ |
ပါဒနက်သန် စက်တော်ရာစေတီ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းမြို့တွင် တည်ရှိသည်။ စက်တော်ရာစေတီကို (၁၁၆၆)ခု၊ တန်ခူးလပြည့်ကျော် (၁၁)ရက်နေ့တွင် စတင်တည်ထားခဲ့ကြောင်း သိရသည်။ ဘုရားဒါယကာမှာ ပုဂံမင်းဖြစ်သည်။
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးအရ ဤစက်တော်ရာကို (၁၁၅၈)ခု၊ တန်ဆောင်မုန်းလဆန်း(၂)ရက် နေ့တွင် ပြည်ကြီးမွန်ရတနာရွှေဖောင်ပေါ်တွင် တင်၍ ထီးဖြူ ကနက်ကဒဏ်ဖြန့် မိုးပြီး မင်းကွန်းဖက် ယခုဘုရားတည်ထားရာနေရာတွင် တန်ဆောင်းနှင့် ထားတော်မူကြောင်း ၁၁၇၃-ခု၊ နယုန်လပြည့်ကျော် (၇)ရက်နေ့တွင် ဘုရားတည်၍ ပြီးစီးကြောင်း တွေ့ရသည်။ ၁၂၁၁-ခုတွင် ယိုယွင်းဟောင်းနွမ်းသည်များကို ပြုပြင်ခဲ့သည်။ ပြုပြင်ခဲ့သော စံနစ်တော်မှာ ဘုရားကျောင်းအမြင့် ၁၆-တောင်ကျော်၊ ပန်းခုံတော်မှာ ဆင်သွားဖူးတိုင်အမြင့် ၄၁-တောင် ကျော်ရှိသည်။
သာယာဝတီမင်း(ရွှေဘိုမင်း) လက်ထက်တွင် ငွေပြဿဒ်လှူဒါန်းခဲ့ဘူးသည်။ ထီးခယားသီးကစပြီး မြေသို့တိုင်အောင် ဘိုးတော်ဘုရားက တည်ပြီးစတွင် ရွှေချပူဇော်ခဲ့သေးသည်။
သာယာဝတီမင်း လက်ထက်တွင် ဗိသုကာလက်ရာမြောက်လှသော အုတ်ပြဿဒ်ပုံကို စိန်တောင်များ၊ နဂါး၊ ဂဠုန်။ ဂုမ္ဘဏ်၊ ယက္ခ၊ ဂန္ဓဗ္ဗအစောင့်နတ်ရုပ်များနှင့် ပြုလုပ် တည်ဆောက် လှူဒါန်းပူဇော်ခဲ့ခြင်းဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မင်းကွန်းဘိုးဘွားရိပ်သာ အကြောင်းသိကောင်းစရာ၊ စာ-၂၈
ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |