ငှက်ပြာခြောက်
ငှက်ပြာခြောက် | |
---|---|
![]() | |
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
| |
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
မျိုးပေါင်းစု: | |
မျိုးပေါင်း: | |
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးစု: | |
မျိုးစိတ်: | S. castanea
|
ဒွိနာမ | |
Sitta castanea Lesson, 1830
|
ငှက်ပြာခြောက် သည် 'ဆစ်တီဒေ' မျိုးရင်းတွင် ပါဝင်သည်။ ပါဏဗေဒအမည်မှာ 'ဆစ်တာ ကက်စ တာနီအာ နီဂလက်တာ' ဖြစ်သည်။ အလျား ၆ လက်မခန့်ရှိသည်။ အမြီးတိုသည်။ နှုတ်သီး ရှည်၍ ချွန်သည်။ တစ်ကိုယ်လုံးတွင် မွဲပြာရောင် လွှမ်းနေသည်။ ငှက်မအရောင်သည် ငှက်ဖိုအရောင်ထက် ဖျော့ သည်။ အချို့ငှက်ပြာချောက်မျိုးတွင် လည်ချောင်း၊ ရင်အုပ်နှင့် ဝမ်းပိုက်တို့သည် တစ်ရောင်တည်း ဖြစ်သည်။
ငှက်ပြာချောင်သည် တောင်ခြေနှင့် လွင်တီးခေါင်များတွင် နေလေ့ရှိသည်။ မန်ကျည်းပင်၊ ကုဣိပင်များတွင် ကျက်စား တတ်သည်။ သာမန်အားဖြင့် အသံအလွန်ကျယ်သော်လည်း အသံကို တိုးလိုက် ကျယ်လိုက်နှင့် အမျိုးမျိုး ပြောင်းလဲ အော် လေ့ရှိသည်။ တစ်ခါတစ်ရံ စူးရှစွာ အော်တတ်သည်။
မတ်လမှ မေလအထိအချိန်မှာ ငှက်ပြာချောက်၏သားပေါက် ချိန် ဖြစ်သည်။ အသိုက်ကို သစ်ခေါင်းထဲတွင် သစ်ရွက်ခြောက် များ ခင်း၍ ပြုလုပ်သည်။ သစ်ခေါင်းဝကို ဝင်သာရုံလောက် သာ ချန်လှပ်၍ ရွံ့ပိတ်ထား၏။ တစ်မြုံလျှင် ၂ ဥမှ ၆ ဥအထိ ရှိသည်။ ဥအရောင်မှာ အောက်ခံအဖြူရောင်တွင် အနီပြောက်၊ ခရမ်းရောင် အပြောက်ကလေးများ ရှိသည်။ ငှက်ပြာချောင်ကို မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများ၊ ချင်းတောင်၊ အထက်ချင်းတွင်းဒေသတို့တွင် တွေ့ရ၏။ [၂]
ပုံများ[ပြင်ဆင်ရန်]
at Neora Valley in Neora ValleyNational Park in Darjeeling district of West Bengal, India.
Sitta cinnamoventris at Jayanti in Buxa Tiger Reserve in Jalpaiguri district of West Bengal, India.

ကိုးကား[ပြင်ဆင်ရန်]
- ↑ BirdLife International 2004. Sitta castanea. 2006 IUCN Red List of Threatened Species. Downloaded on 27 July 2007.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)