မာတိကာသို့ ခုန်သွားရန်

ငါးလုပ်ငန်းသိပ္ပံ(တွံတေး)

ဝီကီပီးဒီးယား မှ
ငါးလုပ်ငန်းသိပ္ပံ(တွံတေး)
ယခင် အမည်
ငါးမွေးမြူရေးစခန်းနှင့် ငါးသင်တန်းကျောင်း(တွံတေး)
အမျိုးအစားအများဆိုင်
တည်ထောင်၁၂ ဒီဇင်ဘာ ၂၀၂၂
နှီးနွယ်အဖွဲ့အစည်းစိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနငါးလုပ်ငန်း ဦးစီးဌာန
ကျောင်းအုပ်ကြီးဒေါ်မိုးသူဇာမောင်
တည်နေရာ
ပရဝုဏ်၉၂ ဒသမ ၈၄၆ ဧက

ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သည် ရန်ကုန်မြို့နှင့် ၃၀ ကီလိုမီတာအကွာအဝေး တွံတေးမြို့နယ် တွင် တည်ရှိသည်။ မြန်မာနိုင်ငံတွင် ဖွင့်လှစ်ထားသည့် ပထမဦးဆုံးသော ငါးလုပ်ငန်းနှင့်သက်ဆိုင်သည့် သိပ္ပံကျောင်းဖြစ်သည်။[]

(၃) နှစ်သင်တန်းတက်ရပြီး အောင်မြင်သူများအား ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာအောင်လက်မှတ် (Diploma in Fisheries and Aquaculture) အပ်နှင်းသည်။

အဆိုပါ သိပ္ပံကျောင်းသည် ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်ထားသော B.Sc (Fisheries and Aquaculture)သို့ [] ဝင်ခွင့်ဖြေကာ ပေါင်းကူးတက်ရောက်နိုင်မည့် ကျောင်းတစ်ကျောင်းလည်း ဖြစ်သည်။

ငါးလုပ်ငန်းသိပ္ပံ(တွံတေး)မှ သုံးနှစ်ပြီးမြောက်ပြီး ဒီပလိုမာနောက်ဆုံးနှစ်တွင် ထူးချွန်စွာ အောင်မြင်ပါက ရန်ကုန်တက္ကသိုလ်ရှိ B.Sc (Fisheries and Aquaculture) ဘွဲ့ရရှိရန် တတိယနှစ်သင်တန်းသို့ ဝင်ခွင့်ဖြေဆို၍ ချိတ်ဆက်တက်ရောက်နိုင်မည်ဖြစ်ပြီး သုံးနှစ်ဒီပလိုမာပြီးဆုံးပါကလည်း ငါးလုပ်ငန်းဦးစီးဌာနတွင် ဒုတိယလက်ထောက်ဦးစီးမှူးအဖြစ် အလုပ်စတင်ဝင်ရောက်နိုင်သည်။

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

နိုင်ငံတွင် လိုအပ်လျှက်ရှိနေသည့် ရေနေသယံဇာတများအားထိန်းသိမ်းနိုင်ရန်၊[]မွေးမြူရေးကဏ္ဍတိုးတက်စေရေးအပါအဝင် ရေလုပ်ငန်းအားစိတ်ဝင်စားသည့် လူငယ်များအား လေ့ကျင့်သင်ကြားပေးနိုင်ရန် အစရှိသောရည်ရွယ်မှုများဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ် ရှိ ယခင် ငါးမွေးမြူရေးစခန်းနှင့် ငါးသင်တန်းကျောင်း ကို အဆင့်မြှင့်တင်၍ ငါးလုပ်ငန်းသိပ္ပံ (တွံတေး) အား ဖွင့်လှစ်ခြင်းဖြစ်သည်။[]

ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာသင်တန်း ဆင်းပွဲအခမ်းအနားကို ၂၀၂၆ ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းသူ ၃၉ ဦးအား ဒီပလိုမာအောင်လက်မှတ်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။[]

တည်နေရာ

[ပြင်ဆင်ရန်]

ရန်ကုန်မြို့မှ ၂၆ ဒသမ ၉၅၆ ကီလိုမီတာ အကွာအဝေးရှိ တွံတေး-မအူပင်ကားလမ်း တွံတေးခရိုင် တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာနှင့် မြဂိုးကျေးရွာအကြားတွင် တည်ရှိသည်။ကျောင်းအကျယ်အဝန်းမှာ ဧရိယာ ၉၂ ဒသမ ၈၄၆ ဧက ကျယ်ဝန်းသည်။[]

သင်တန်းသားအရည်အချင်း သတ်မှတ်ချက်

[ပြင်ဆင်ရန်]

အသက် ၂၂ နှစ်ထက်မကြီးသူ၊ တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီးသူ မြန်မာနိုင်ငံသားများ လျှောက်ထားခွင့်ရှိသည်။

သင်ကြားသည့် ဘာသာရပ်များ

[ပြင်ဆင်ရန်]
  1. ငါးမျိုးအမည် သရုပ်ခွဲခြင်း
  2. ငါးအစာအာဟာရ ငါးအစာနှင့်အစာကျွေးခြင်း
  3. မျိုးပွားခြင်းဆိုင်ရာဇီဝဗေဒ
  4. ရေချိုငါးသယံဇာတနှင့် ဂေဟစနစ်ငါး
  5. လုပ်ငန်း ဆိုင်ရာဇီဝဗေဒ
  6. ငါးသားဖောက်ရုံစီမံခန့်ခွဲမှုနှင့် အသုံးချနည်းပညာ
  7. ငါးမွေးကန်စီမံခန့်ခွဲမှုနှင့် အသုံးချနည်းပညာ
  8. ရေသတ္တဝါမွေးမြူရေး အင်ဂျင်နီယာပညာ
  9. ဇီဝကမ္မဗေဒ
  10. ငါးမျိုးရိုးဗီဇဆိုင်ရာငါးလုပ်ငန်းဆိုင်ရာစီးပွားရေးပညာ
  11. အစားအစာဘေးအန္တရာယ် ကင်းရှင်းရေးနှင့် စီမံခန့်ခွဲမှု
  12. စီမံကိန်းရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း
  13. ငါးသယံဇာတ ဂေဟဗေဒ
  14. ရေသတ္တဝါရောဂါဗေဒ စသည့်ဘာသာရပ်များအပြင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာဘာသာရပ်များကိုလည်း သင်ကြားပို့ချသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေမည့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်း Myanmar Digital News (၁၆ ဇန်နဝါရီ ၂၀၂၃)။ 7 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ငါးလုပ်ငန်းသိပ္ပံပညာ တက်ရောက်သည့် ကျောင်းသူကျောင်းသားများကို နိုင်ငံခြားတွင် ပညာသင်ယူခွင့် ရသည်အထိ ဆောင်ရွက်မည် Eleven Media (၃၁ ဩဂုတ် ၂၀၁၈)။ ၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍပြောင်းလဲခြင်း မြန်မာနိုင်ငံငါးလုပ်ငန်းမိတ်ဖက်အဖွဲ့ 7 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ငါးလုပ်ငန်းသိပ္ပံ ကျောင်းသစ် တည်ထောင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် Myanmar Digital News (၁၉ အောက်တိုဘာ ၂၀၂၁)။ 7 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ၏ ပထမအကြိမ် ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲ ကျင်းပ | Ministry Of Information (in en)။ 2026-03-07 တွင် ပြန်စစ်ပြီး။
  6. ငါးလုပ်ငန်းဦးစီးဌာနသည် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)ကျောင်းကို မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်တစ်ခု ဖြစ်လာရန် မျှော်မှန်းကာ တည်ဆောက်ဖွင့်လှစ်ပေးခြင်းဖြစ် MRTV News (၁၅ ဒီဇင်ဘာ ၂၀၂၂)။ 7 February 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၇ ဖေဖော်ဝါရီ ၂၀၂၃ တွင် ပြန်စစ်ပြီး။