ငါးဒုတ်
ပုံပန်းသွင်ပြင်
| ငါးဒုတ် | |
|---|---|
| Tor tambroides | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | |
| မျိုးပေါင်းစု: | |
| မျိုးစဉ်: | |
| မျိုးရင်း: | |
| မျိုးရင်းသေး: | |
| မျိုးစု: | |
| မျိုးစိတ်များ | |
|
See text for species. | |
ငါးဒုတ်သည် ငါးသိုင်းမျိုးတွင်ပါဝင်သော ငါးမျိုးဖြစ်သည်။ ပါဏဗေဒအလိုအားဖြင့် ငါးဒုတ်ကို 'ဗာဗပ်တိုး'ဟု ခေါ်သည်။ ထိုငါးသည် ငါးသိုင်းမျိုးဖြစ်၍ 'စိုင်ပရီနီဒီ'မျိုးရင်းတွင် ပါဝင်သည်။ ကိုယ်သည်ရှည်၍ အနည်းငယ်ပြားသည်။ ဦးခေါင်းသည် ချွန်ထွက်နေသည်။ စအိုဆူးတောင်၏ နောက်ဘက်တွင် အမြီးသည် သေးသွားသည်။ ပါးစပ်မှာ ကျဉ်းသည်။ နှုတ်ခမ်းများမှာ အသားထူသည်။ အရောင်မှာ ဒေသကိုလိုက်၍ ပြောင်းလဲဲ၏။ တစ်ခါတစ်ရံဒေသတစ်ခုထဲ၌ပင် အရောင်ကွဲပြားခြင်းရှိသည်။ ဦးခေါင်းမှာ ချွန်၍ ကိုယ်ခန္ဓာမှာ ပြားနေသည်။ စအိုဆူးတောင်၏နောက်တွင် အမြီးသေး၍နေသည်။ ပါးစပ်ကျင်း၍ နှုတ်ခမ်းသားမှာ ထူလေသည်။ အရောင်မှာ ဒေသကိုလိုက်၍ အခါအားလျော်စွာ ပြောင်းတတ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ လှသမိန် (ဧပြီ ၁၉၇၈)။ "ငါးဒုတ်" (pdf)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
| ဤ ငါးနှင့်ပတ်သက်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |