ငါးကျည်းကန်

ဝီကီပီးဒီးယား မှ
(ငကျီးကန်း မှ ပြန်ညွှန်းထားသည်)
Decapterus russelli
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Actinopterygii
မျိုးစဉ်: Carangiformes
မျိုးရင်း: Carangidae
မျိုးရင်းသေး: Caranginae
မျိုးစု: Decapterus
မျိုးစိတ်:
D. russelli
ဒွိနာမ
Decapterus russelli
Rüppell, 1830
Synonyms[၂]
  • Caranx russelli Rüppell, 1830
  • Caranx kiliche Cuvier, 1831
  • Decapterus lajang Bleeker, 1855
  • Caranx ecclipsifer De Vis, 1855
  • Decapterus dayi Wakiya, 1924

ငါးကျည်းကန် (ခေါ်) ငကျီးကန်းသည် ပင်လယ်ငါးမျိုးဖြစ်သည်။ ပါဏဗေဒအလိုအားဖြင့် 'ဒီကပ်တားရပ် ရပ်ဆဲလီ'ဟု ခေါ်၍ 'ကာရင် ဂျီဒီ' မျိုးရင်းတွင် ပါဝင်သည်။ ထိုငါးမျိုး၏ ကိုယ်သည် ရှည်လျား၍ ခပ်ပြားပြားနေသည်။ မျက်လုံးများသည် ခေါင်း၏ ဘေးဖက်တွင်ရှိ၍ ကြီးမားသည်။ ကျောဆူးတောင်နှင့် စအိုဆူးတောင်တို့သည် အမြီးသို့ထိအောင် ရှည်လျားကြသည်။ အမြီးခွ ရှည်သည်။ ကိုယ်နှင့်ပါးတို့အပေါ်တွင် အကြေးခွံများရှိသည်။ အရောင်မှာ ရွှေရောင်/ငွေရောင် ဖြစ်သည်။ ပါးဟက်ဖုံးတွင် အမည်းစက်ပါတတ်သည်။ အရှည် ၁၂ လက်မအထိ ရှိသည်။ ထိုငါးမျိုးသည် အုပ်ဖွဲ့၍ တစ်နေရာမှတစ်နေရာသို့ လှည့်လည်ကျက်စားလေ့ရှိသည်။[၃]

ငါးကျည်းကန် ငါးသည် ပြား၍ ရှည်လျားသော ငါးမျိုးဖြစ်သည်။ ပင်လယ်တွင် ကျက်စားလေ့ရှိသည်။ မျက်လုံးကြီးမား၍ ကျောဆူးတောင်နှင့် စအိုဆူးတောင်တို့မှာ အမြီးထိ ရှည်လျားသည်။ အမြီးနှစ်ခွရှိ၍ ကိုယ်နှင့်ပါးပေါ်တွင် အကြေးခွံများ ရှိသည်။ ရွှေရောင်၊ ငွေရောင်သန်းနေတတ်သည်။ ပါးဟက်ဖုံးတွင် အမည်းစက်များ ရှိတတ်သည်။ အရှည်မှာ ၁၂ လက္မခန့်ရှိ၍ အုပ်ဖွဲ့နေတတ်သည်။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. "Decapterus russelli" (2010). IUCN Red List of Threatened Species 2010. IUCN. doi:10.2305/IUCN.UK.2010-4.RLTS.T155043A4711571.en. {{cite iucn}}: error: |doi= / |page= mismatch (help)
  2. Synonyms of Decapterus russelli (Rüppell, 1830)Fishbase။ 17 March 2017 တွင် ပြန်စစ်ပြီး။
  3. မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း (၁၉၅၆)။ "ငကျီးကန်း"။ in စွယ်စုံကျမ်းစာတည်းအဖွဲ့ (ed.)။ မြန်မာ့စွယ်စုံကျမ်း (ပထမအကြိမ် ed.)။ ဟေဇယ်၊ ဝပ်ဆင်နှင့် ဗိုင်းနေး ပုံနှိပ်လုပ်ငန်းအင်္ဂလန်။: စာပေဗိမာန်
  4. လှသမိန် (ဧပြီ ၁၉၇၈)။ "ငါးကျည်းကန်" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။