ဂျူလီယန် အက်စ်ဆန်း

ဝီကီပီးဒီးယား မှ
Julian Assange
Assange in October 2014
မွေးဖွားJulian Paul Hawkins
(1971-07-03) ၃ ဇူလိုင်၊ ၁၉၇၁ (အသက် ၅၂)
Townsville, Queensland, Australia
ဌာနေEmbassy of Ecuador
London, England
(by right of asylum)
နိုင်ငံလူမျိုးAustralian, Ecuadorian
မိခင်ကျောင်း
အလုပ်အကိုင်Director and editor-in-chief
(WikiLeaks)
Software developer
(PostgreSQL, Surfraw)
တက်ကြွလှုပ်ရှားနှစ်များ1987–present
ကျော်ကြားမှုအရင်းခံFounding WikiLeaks; publication and leakage of secret information and news
ဇာတိMelbourne, Victoria, Australia
နိုင်ငံရေးပါတီIndependent (since 2015)
WikiLeaks (2012–2015)
အိမ်ထောင်ဖက်(များ)Teresa Doe (လက်ထပ် 1989; ကွာရှင်း 1999)
လက်တွဲဖော်(များ)Sarah Harrison
(esp. 2009; sep. 2012)
သားသမီး4
ရရှိသည့်ဆုများ
Director and editor-in-chief of WikiLeaks
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
4 October 2006
Co-director
ယခင်လူOrganisation established
Chairman of the WikiLeaks Party
တာဝန်သက်တမ်း
2 July 2013 – 23 July 2015
လက်ထောက်Omar Todd
ယခင်လူParty established
ဆက်ခံသူParty abolished

ဂျူလီယန် အက်စ်ဆန်း (Julian Assange) သည် ကွန်ပျူတာ ပရိုဂရမ်မာနှင့် အစိုးရများ၏ ကန့်သတ် သတင်းအချက်အလက်များကို ပေါက်ကြား ဖော်ထုတ်သည့် ဝက်ဘ်ဆိုက် ဝီကီလိခ်ကို တည်ထောင်သူ ဖြစ်သည်။[၁] ၂၀၀၆ ခုနှစ်တွင် ဝီကီလိခ်ကို စတင်တည်ထောင်ခဲ့သော်လည်း ၂၀၁၀ ခုနှစ်တွင် ဘတ်ဂဒတ်မြို့ လေကြောင်းဖြင့် တိုက်ခိုက်ခံရသည့်ဗီဒီယိုအား ဖွင့်ချပြီးနောက် နိုင်ငံတကာ၏ အာရုံစိုက်ခြင်းကိုခံခဲ့ရသည်။[၂] ၂၀၁၀ ခုနှစ်တွင် အမေရိကန်မှ ဂျူလီယန် အက်စ်ဆန်းအား ရာဇဝတ်မှုပုဒ်မှဖြင့် စုံစမ်းစစ်ဆေးရေးစတင်ခဲ့ပြီး မဟာမိတ်နိုင်ငံများကို ပူးပေါင်းရန် အကူညီတောင်းခဲ့သည်။[၃] ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် ဆွီဒင်နိုင်ငံမှ ဂျူလီယန် အက်စ်ဆန်းကို နိုင်ငံတကာဝရမ်းဖြင့် ဖမ်းဆီးခဲ့ပြီး[၄] ၃ လကြာ မုဒိန်းမှုဖြင့် စစ်ဆေးခဲ့သည်။[၅] သူသည် ဆွီဒင်နိုင်ငံ၏ စွပ်စွဲချက်များကို ဆက်တိုက်ငြင်းဆန်ခဲ့ပြီး ၂၀၁၀ ဒီဇင်ဘာ ၇ ရက်နေ့တွင် ယူကေနိုင်ငံ၌ ကိုယ်တိုင်အဖမ်းခံခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် အီကွေဒေါနိုင်ငံ၌ ယာယီခိုလှုံခွင့် ရရှိခဲ့သည်။[၆]

ငယ်စဉ်ဘဝ[ပြင်ဆင်ရန်]

ဂျူလီယန် အက်စ်ဆန်းကို ဩစတြေးလျနိုင်ငံ ပြဇာတ်လုပ်ငန်း လုပ်ကိုင်သူ မိဘနှစ်ဦးမှ ၁၉၇၁ ဇွန်လိုင်လ ၄ ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ့အမေက အင်မတန်ဉာဏ်ရည်မြင့်သည့် ကလေးတစ်ဦးဖြစ်သည်ဟု သူ့အကြောင်း ပြန်ပြောပြသည်။ သူမက ၁၉၈၇ ခုနှစ်၊ အက်စ်ဆန်း ၁၆နှစ်သား အရွယ်တွင် Commodore 64 ကွန်ပျူတာကြီးတစ်လုံး ဝယ်ပေးလိုက်သည်။ အက်စ်ဆန်းက သူ့ကွန်ပျူတာအတွက် အင်တာနက်ချိတ်ဖို့ modem တစ်ခုဝယ်ပြီးနောက် ကမ္ဘာကွန်ပျူတာ ကွန်ယက်ကြီးထဲက တဆင့် သူခရီးစတင်ပါတော့သည်။

ပညာရေး[ပြင်ဆင်ရန်]

“စစ်တုရင် ကစားရသလိုပဲ၊ အင်တာနက်ပေါ်မှာ မွှေနှောက်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်၊ ပုစ္ဆာတွေအားကြီးပဲ” ဟု အက်စ်ဆင်းက နယူးယောခ့်ကာ မဂ္ဂဇင်းကို တစ်ခါက ပြောပြဖူးသည်။ သူ့မိခင်က သူ့သားကို မည်သည့်ဘာသာရေး ဩဇာအောက်မှာမှ မထားပေမယ့် အက်စ်ဆန်းဟာ သိပ်နူးညံ့ကြောင်း၊ ပျော်ပျော်နေတတ်ကြောင်း၊ တိရစ္ဆာန်များနှင့် စကားပြောနေတတ်ကြောင်း၊ မြင်သလိုထင်သလို လုပ်ချင်သောစိတ် ပြင်းပြကြောင်း ပြောသည်။ ဩစတြေးလျ မဲလ်ဘုန်း တက္ကသိုလ်တွင် သင်္ချာနှင့် ရူပဗေဒ အထူးပြုလေ့လာခဲ့သည်။

အက်စ်ဆန်းက အင်မတန် မိုးပြန်အောင် ပွေလီရှုပ်ထွေးနေသည့် ကွန်ပျူတာစနစ်များကို ထွင်းဖောက် (hack) နိုင်သူဖြစ်သည်။ စာကြီးပေကြီးများလည်း အရူးအမူးဖတ်သည်။ အာဖရိကသို့ ခရီးထွက်ရခြင်းကို အနှစ်ခြိုက်ဆုံးဟု ပြောတတ်သည်။

အိမ်ထောင်ရေး[ပြင်ဆင်ရန်]

အသက် ၁၈နှစ်တွင် အိမ်ထောင်ပြုခဲ့ပြီး ကလေးတစ်ယောက်ရခဲ့သည်။ သူနှင့်ဆက်ဆံရေး မပြေလည်မှုကြောင့် ဇနီးသည်က ကလေးငယ်ခေါ်ပြီး သူ့ကိုပစ်သွားခဲ့သည်။

အင်တာနက် တက်ကြွလှုပ်ရှားသူ ဖြစ်လာခြင်း[ပြင်ဆင်ရန်]

ဩစတြေးလျတွင် ဘဏ်အကောင့် ၃၁ ခု ဟတ်ခ် လုပ်ခြင်းကြောင့် တရားစွဲခံရပြီး ငွေအနည်းငယ်လျော်ကြေးပေး လွတ်မြောက်ခဲ့သည်။ နောက်ပိုင်း သူ့အာရုံပြောင်းလာသည်။ အစိုးရတွေရဲ့ အားနည်းချက်တွေ အမှားတွေကို အင်တာနက်ပေါ်ကနေ ဖွင့်ချမယ့် ပရောဖက်ရှင်နယ် ဟတ်ကာ ဖြစ်ဖို့ကြိုးစားလာသည်။ သူ့ဘလော့ဂ် IQ.org မှာ လူသိများပြီး သင်္ချာ၊ ဖလော်ဆော်ဖီကနေ အီရန်အစိုးရ စင်ဆာ တားမြစ်မှုအထိ သူ့အမြင်မျိုးစုံ ရေးထားသည်။

၂၀၀၆ ခုနှစ်တွင်တော့ နိုင်ငံရေးလှုပ်ရှားသူတစ်ပိုင်း၊ ဂျာနယ်လစ်တစ်ပိုင်း ပိုးဝင်ပြီး ဝီကီလိခ်ကို စတင်ထူထောင်သည်။ အအိပ်မေ့ အစားမေ့ဖြင့် အလုပ်လုပ်သည်။ ဝန်ထမ်းအနည်းငယ်၊ လုပ်အားပေး အချို့ဖြင့် သူ့အလုပ် သဲကြီးမဲကြီး လုပ်တော့သည်။ နိုင်ငံပေါင်းစုံခရီးထွက်ပြီး ကွန်ပျူတစ်လုံး ကျောပိုးအိတ်တစ်လုံးဖြင့် ကြုံရာကျပန်း အိတ်တတ်သူ၊ ဖြစ်သလို နေတတ်သူ ဖြစ်သည်။

ဝီကီလိခ်က အစိုးရများ၊ ကော်ပိုရေးရှင်းများ၊ ကျော်ကြားသူများရဲ့ အတွင်းသတင်း အနံပေါင်းစုံကို အတိအကျကို နှိုက်ဖော်ပြခြင်းဖြစ်သည်။ အချက်အလက် အင်ဖော်မေရှင်းတွေက အတိအကျပါလား၊ ဘယ်ကရလဲ သူ့ကိုမေးရင် ဘယ်တော့မှ ပြန်မဖြေတာက သူ့စရိုက်သဘာဝ ဖြစ်သည်။

အက်စ်ဆန်းက CNN အင်တာဗျူးတွင် ပြောပြဖူးတာ ရှိသည်။ “လူတွေက ဝီကီလိခ်က လုံးဝမှန်ကန် ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေပေးတယ်လို့ ယုံကြည်လာကြတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က သတင်းဇာတ်လမ်းတွေရဲ့ မူလအချက်အလက် ရင်းမြစ်တွေ (primary source) တွေကို ချပေးနိုင်လို့၊ ပြီးမှ အဲဒီ့အချက်အလက်တွေပေါ် သုံးသပ်ရေးကြတာ။ primary source မပါဘဲ ဘယ်တော့မှ ရမ်းဖော်ပြတာ မရှိဘူး။ ဒါကြောင့် ကျနော်တို့ကို ယုံကြတာပေါ့” ဟု ပြောထားသည်။ တကယ်လည်း သူက ဖွက်ထားတဲ့ မူလရင်းမြစ် အနှိုက်ကောင်းသူ။

ကျော်ကြားမှု ဝိရောဓိများ[ပြင်ဆင်ရန်]

ယခုနှစ် ဇူလိုင်တွင် အာဖဂန်စစ်ပွဲနဲ့ပတ်သက်တဲ့ လျှို့ဝှက်အထောက်အထား ၉၀၀၀ဝ ကျော်အထိ သူ့ဝက်ဘ်ဆိုက်က ထုတ်ဖြန့်ခဲ့သည်။ အမေရိကန်သမိုင်းတွင် ပထမဆုံး ထောက်လှမ်းရေး အချက်အလက် ယိုစိမ့်မှုကြီး စဖြစ်ခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာတွင် ဝီကီလိခ်က အီရက် စစ်ပွဲနဲ့ပတ်သက်တဲ့ အထောက်အထားတွေဖိုင်တွေ ထပ်ထုတ်သည်။ သံတမန်ဆိုင်ရာ အချက်အလက်ပေါင်း ၂၅၀၀၀ဝ ဝက်ဘ်ဆိုက်ပေါ် တင်ပေးခဲ့ပြန်သည်။

သာမန် လူထုကတော့ ဝီကီလိခ်ကို လွတ်လပ်စွာ ပြောဆိုခွင့်အတွက် ချီးကျူးထောပနာကြသည်။ သို့သော် အိမ်ဖြူတော်၊ ပင်တဂွန်အပါအဝင် အစိုးရအများစုက ကမ္ဘာ့လုံခြုံရေး ဖျက်လိုဖျက်ဆီး လုပ်နေသော ဝက်ဘ်ဆိုက်ဟု သတ်မှတ်ပြီး အက်စ်ဆန်းကို အမျိုးမျိုးခြိမ်းခြောက်ထားမှုများ ရှိခဲ့သည်။

အက်စ်ဆန်းကို ချစ်သူ မုန်းသူများအကြား ဗျာများလွန်ဆွဲနေကြသည်။ သူ့ကျော်ကြားမှုအတွက် တိုင်းမ် မဂ္ဂဇင်းက ဒစ်ဂျစ်တယ်ခေတ်၏ တစ်နှစ်တာ အထူးချွန်ဆုံးပုဂ္ဂိုလ်ဆု ချီးမြှင့်လိုက်သည်။ တဆက်ထဲ သူ့အရိပ်မည်းက နောက်က လိုက်လာသည်။ ဆွီဒင်နိုင်ငံတွင် လိင်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟု ဆိုသည်။ စတော့ဟုမ်း တရားရုံးက မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်မှုအတွက် အက်စ်ဆန်းကို ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ်သည်။ ပြစ်မှုမြောက်လျှင် နှစ်နှစ် ထောင်ဒဏ်ကျခံရမည်။ နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် ကလည်း လိုက်နေပြီ။ အားလုံးကတော့ သိနေသည်။ အမေရိကန် နောက်ကွယ်မှာ ရှိနေတယ်ဆိုတာ။

အက်စ်ဆန်းရဲ့ ခံယူချက်နှင့် သီအိုရီကတော့ ရှင်းနေသည်။ တစ်ကမ္ဘာလုံး လုံးဝလုံးဝ ပွင့်လင်းမြင်သာရေး (total transparency) ရှိဖို့၊ လွတ်လပ်စွာ ပြောဆိုခွင့်ရှိဖို့တဲ့။

သူ့အတွက် ပြဿနာ ရှိရှိမရှိထက်၊ အမေရိကန်အတွက်တော့ အကျပ်ရိုက်ကုန်သည်။ ရုရှားနိုင်ငံကို မာဖီးယားနိုင်ငံဟု အမေရိကန်က နောက်ကွယ်မှ သတ်မှတ်ထားတာ ပေါ်သွားပြီ။ အာဖဂန် စစ်ရေးလျှို့ချက်များ ပေါ်ကုန်ပြီး၊ ကာဇိုင်းအစိုးရအပေါ် အမေရိကန် အယုံအကြည်မရှိတာ ထင်ရှားနေသည်။ လက်နက်အရောင်းအဝယ်ကိစ္စ မူးယစ်ဆေးဝါးကိစ္စတွေ ရှိနေသည်။ စင်္ကာပူဝါရင့်ဝန်ကြီး လီကွမ်းယုက အာဆီယံထဲတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုတို့မှာ တရုတ်အင်ဖော်မာများ ဖြစ်နေကြောင်း၊ အစည်းအဝေးလုပ်ပြီး နာရီအနည်းငယ်အတွင်း တရုတ်သတင်းပေးလုပ်နိုင်ကြောင်း ဖွင့်ချထားတာ ပါနေသည်။ ဒေသအသီးသီးရှိ အမေရိကန် သံတမန်များအဖို့လည်း မျက်နှာပျက်စရာဖြစ်နေသလို အသက်အန္တရာယ် စိုးရိမ်စရာများ ရှိနေသည်။

ဝီကီလိ (ခ်) နှင့် မြန်မာ[ပြင်ဆင်ရန်]

ဝီကီလိခ်ထဲမှ ထုတ်ဖော်ထားသည့် သတင်းအချက်အလက်များတွင် မြန်မာနိုင်ငံအတွက် လျှို့ဝှက်ပေးပို့သည့် အချက်အလက် ၁၈၆၄ ပါရှိနေသည်။ ဘာတွေလဲ။ ရှေ့တွင် သံတမန်၊ နောက်တွင် စပိုင်လုပ်နေတဲ့ အမေရိကန် သံအမှုထမ်းများ စစ်အစိုးရအပေါ် ဘာပြောမလဲ။ ယတ်တောကိစ္စ ဘာတွေ ဖြစ်ခဲ့သလဲ။ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံတို့အပေါ် ဘာဝေဖန်ချက်ပေးမလဲ။ သူ့တို့အကျိုးစီးပွားက ဘာဖြစ်မလဲ။ တရုတ်ကို ကျားကန်ဖို့ မြန်မာနိုင်ငံကို ဘယ်လိုကစားမလဲ။ ထိုလျှို့ဝှက်အထုတ်များ ဖြေဖို့ အားလုံး စောင့်မျှော်နေကြသည်။


အဖမ်းခံရခြင်း[ပြင်ဆင်ရန်]

အက်စ်ဆန်းသည် လန်ဒန် မြို့တော်ရဲများနှင့် ချိန်းဆိုပြီး တွေ့ဆုံဆွေးနွေးရန်အသွား ဒီဇင်ဘာ ၇ ရက်နေ့တွင် ဖမ်းဆီးခံရသည်။ ထို့နောက် အက်စ်ဆန်းက အာမခံဆောင်ရန် ငြင်းဆိုရာမှ ဆက်လက် ထိမ်းသိမ်းခံနေရသည်။[၇][၈][၉]

ကိုးကား[ပြင်ဆင်ရန်]

  1. David Leigh,Luke Harding။ WikiLeaks: Inside Julian Assange's War on Secrecy။ Faber&Faber။
  2. YouTube ပေါ်ရှိ Collateral Murder, 5 April 2000. Retrieved 28 March 2014.
  3. Pete Yost, "Holder says WikiLeaks under criminal investigation". The Guardian (London). 29 November 2010. Retrieved 15 March 2014.
  4. "Wikileaks' Assange faces international arrest warrant"၊ BBC News၊ 20 November 2010။ 
  5. Nick Davies။ "10 days in Sweden: the full allegations against Julian Assange"၊ The Guardian၊ 17 December 2010။ 
  6. "Ecuador grants WikiLeaks founder Julian Assange citizenship" (in en-GB)၊ The Independent၊ 11 January 2018။ 
  7. Vinograd၊ Cassandra (7 December 2010)။ Judge Denies WikiLeaks Founder Julian Assange Bail။ 8 December 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 December 2010 တွင် ပြန်စစ်ပြီး။
  8. CNN, the New York Times
  9. မောက္ခ ပညာရေး မဂ္ဂဇင်း