WikiLeaks
- This article is titled in another language/script, because there is no suitable name in Myanmar language yet.
ဝီကီလိ (ခ်) (wikileaks) သည် နိုင်ငံတကာ အကျိုးမမြတ်မရှာသော မီဒီယာသစ် မီဒီယာ အဖွဲ့ဖြစ်သည်။ အမည်မသိ သတင်းရင်းမြစ်နှင့် ပေါက်ကြားမှုများမှတဆင့် သာမန်အားဖြင့် ရရန်ခက်ခဲသော စာရွက်စာတမ်းများကို တင်ပေးနေသော နေရာဖြစ်သည်။ ဝီကီလိ (ခ်) ဝက်ဘ်ဆိုဒ်ကို The Sunshine Press က ၂၀ဝ၆ တွင် စတင်သည်။ စတင်သည့် နှစ်မှာပင် စာရွက်စာတမ်းပေါင်း ၁.၂ သန်းခန့် တိုးပွားလာခဲ့သည်။ [၁]
ယခုအဖွဲ့ကို တောင်အာဖရိက၊ ဥရောပ၊ ထိုင်ဝမ်၊ အမေရိကန် တို့ရှိ နည်းပညာရှင်များနှင့် စာနယ်ဇင်းသမား၊ သင်္ချာပညာရှင် တရုတ်အတိုက်အခံများက စ၍ ထူထောင်သည်ဟု ဖော်ပြခဲ့ဖူးသည်။ [၂] သတင်းစာဆောင်းပါးများနှင့် The New Yorker မဂ္ဂဇင်းတို့က Template:Page number ဩစတြေးလျ အင်တာနက် တက်ကြွလှုပ်ရှားသူ ဂျူလီယန် အက်စ်ဆန်း (Julian Assange) ကို ဝီကီလိ (ခ်) ဒါရိုက်တာအဖြစ် ဖော်ပြကြသည်။ [၃]
ဝီကီလိ (ခ်) သည် ၂၀ဝ၈ ခုနှစ် Economist မဂ္ဂဇင်း မီဒီယာသစ်ဆု အပါအဝင် ဆုပေါင်းများစွာ ရရှိခဲ့သည်။ [၄] ၂၀ဝ၉ ခုနှစ် ဇွန်လတွင် ဝီကီလိ (ခ်) နှင့် ဂျူလီယန် အက်ဆန်သည် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (ယူကေ) ၏ မီဒီယာဆု (မီဒီယာသစ်ကဏ္ဍ) ကိုရရှိသည်။ ၂၀ဝ၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော “ကင်ညာ - သွေးညဉ်းသံ၊ တရားမဲ့ သတ်ဖြတ်ခြင်းနှင့် အပျောက်ဖျောက်ခြင်းများ” အတွက် ရရှိခဲ့ခြင်းဖြစ်သည်။ [၅] ယင်းသည် ကင်ညာနိုင်ငံ လူ့အခွင့်အရေး အမျိုးသား ကော်မရှင်၏ အစီရင်ခံစာဖြစ်ပြီး ကင်ညာရှိ ရဲများ၏ တရားမဲ့ သတ်ဖြတ်မှုများကို ဖော်ပြထားသည်။ [၆] ၂၀၁၀ ပြည့်နှစ် မေလတွင် နယူးယောက် နေ့စဉ် သတင်းက ဝီကီလိ (ခ်) ကို “သတင်းကို လုံးဝပြောင်းလဲသွားစေနိုင်သော ဝက်ဘ်ဆိုဒ်” အဖြစ် ပထမနေရာတွင် အဆင့်သတ်မှတ် ဖော်ပြခဲ့သည်။ [၇]
၂၀၁၀ ပြည့်နှစ် ဧပြီလတွင် ဝီကီလိ (ခ်) က အချင်းချင်း ပြန်သတ်မှု အမည်ရှိ ၂၀ဝ၇ ဇူလိုင်လ ၁၂ ရက်နေ့က အီရတ်နိုင်ငံ ဘဂ္ဂဒက် လေကြောင်း စစ်ပွဲတွင် အမေရိကန် တပ်များကြောင့် သေကြေခဲ့ရသော အရပ်သားများနှင့် စာနယ်ဇင်းသမားအကြောင်း ဗီဒီယိုဖိုင်ကို တင်ခဲ့သည်။ အဆိုပါနှစ် ဇူလိုင်လတွင် ဝီကီလိ (ခ်) က ယခင် လူထုအကြား တခါမျှ မသိရှိသေးသော စာရွက်စာတမ်းပေါင်း ၇၆,၉၀ဝ ပါ အာဖဂန် စစ်ပွဲ (၂၀ဝ၁ မှ ယခုအထိ) ဖိုင်များကို တင်ခဲ့သည်။ [၈] အောက်တိုဘာလတွင် အဓိက စီးပွားရေး မီဒီယာအဖွဲ့အစည်းကြီးများ၏ ပူးပေါင်းမှုဖြင့် အီရတ်စစ်ပွဲ မှတ်တမ်းများ အမည်ရှိ စာရွက်စာတမ်းဖိုင်ပေါင်း ၄၀ဝ,ဝ၀ဝ ကို တစုတည်း ထုတ်ဖော်ခဲ့သည်။ နိုဝင်ဘာတွင် ဝီကီလိ (ခ်) က အမေရိကန်ပြည်ထောင်စု နိုင်ငံခြာရေးဝန်ကြီးဌာနမှ သံတမန်များ အချင်းချင်း အလွတ်သဘောပြောဆိုသော ကြေးနန်းစာများကို ဖွင့်ချလိုက်သည်။
ဝီကီလိ (ခ်) စတင်စဉ်က အသုံးပြုသူ-အလွယ်တည်းဖြတ် စနစ်ဖြစ်ပြီး မီဒီယာဝီကီ ကိုလည်း သုံးစွဲခဲ့သည်။ သို့သော် ယခုအခါ အစဉ်အလာ ပုံနှိပ်လုပ်ငန်းပုံစံဘက်သို့ တဖြည်းဖြည်းတိုးတက်လာပြီး အသုံးပြုသူများ၏ ကော်မန့်နှင့် တည်းဖြတ်မှုကို ဆက်လက် လက်ခံခြင်း မရှိတော့ပေ။
မာတိကာ
- ၁ သမိုင်းကြောင်း
- ၂ စီမံခန့်ခွဲမှု
- ၃ စုံစမ်းစစ်ဆေးခြင်း၊ ဆင်ဆာဖြတ်ခြင်းနှင့် စွပ်စွဲပုတ်ခတ်မှုများ
- ၄ လက်ခံအားပေးမှုများ
- ၅ ပေါက်ကြားမှုများ
- ၅.၁ ၂၀ဝ၉ ခုနှစ်မတိုင်မီ
- ၅.၂ ၂၀ဝ၉
- ၅.၂.၁ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မေးလ်များ
- ၅.၂.၂ အင်တာနက် ဆင်ဆာ စာရင်း
- ၅.၂.၃ ဘီလ်ဒါဘတ် အုပ်စု စည်းဝေးပွဲ အစီရင်ခံစာများ
- ၅.၂.၄ ၂၀ဝ၈ ပီရူး ရေနံဆိုင်ရာ နာမည်ပျက်မှုများ
- ၅.၂.၅ အီရန် နျူကလီးယား မတော်တဆမှု
- ၅.၂.၆ အာဖရိကတွင် အဆိပ်အတောက် စွန့်ပစ်မှုများ - မင်တန် အစီရင်ခံစာ
- ၅.၂.၇ ကူပ်သင် ဘဏ်
- ၅.၂.၈ ပူးတွဲ ဆောင်ရွက်ရေး လုပ်ငန်းများဆိုင်ရာ ပရိုတိုကောလ် ၄၄၀
- ၅.၂.၉ ၉-၁၁ ပေဂျာ မက်ဆေ့ချ် ကြားဖြတ်ဖမ်းယူမှု
- ၅.၃ ၂၀၁၀
- ၅.၄ ထပ်မံဖွင့်ချဦးမည် ပေါက်ကြားမှုများဆိုင်ရာ ကြေညာချက်
- ၆ ပြင်ပ လင့်ခ်များ
- ၇ ကိုးကား
သမိုင်းကြောင်း[ပြင်ဆင်ရန်]
ဝီကီလိ (ခ်) သည် ၂၀ဝ၆ ဒီဇင်ဘာတွင် စတင်ပေါ်ပေါက်လာသည်။ [၉][၁၀] တောင်အာဖရိက၊ ဥရောပ၊ ထိုင်ဝမ်၊ အမေရိကန် နှင့် ဩစတြေးလျတို့ရှိ နည်းပညာရှင်များနှင့် စာနယ်ဇင်းသမား၊ သင်္ချာပညာရှင် တရုတ်အတိုက်အခံများက စ၍ ထူထောင်သည်ဟု ဖော်ပြခဲ့ဖူးသည်။[၂] ဝီကီလိခ်ကို စတင်ဖန်တီးသူအား ခြေရာမခံနိုင်ခဲ့ပေ။[၁၁] ၂၀ဝ၇ ဇန်နဝါရီလမှစ၍ ဂျူလီယန် အက်စ်ဆန်း နှင့် အခြားသူများ ပရိသတ်ရှေ့မှောက်တွင် ပေါ်လာသည်။ အက်စ်ဆန်းက သူ့ကိုယ်သူ ဝီကီလိ (ခ်) အကြံပေးဘုတ်အဖွဲ့ဝင်ဟု ဆိုသည်။ [၁၂] The Australian သတင်းတပုဒ်တွင် အက်စ်ဆန်းကို ဝီကီလိ (ခ်) ကိုတည်ထောင်သူဟု ဖော်ပြထားသည်။ [၁၃] Wierd မဂ္ဂဇင်းကမူ အက်စ်ဆန်းနှင့် စကားပြောဆိုဖူးသည် ဆိုသည့် ကူညီရေးသားတဦး၏ အဆိုကို ကိုးကား၍ အက်စ်ဆန်းကို “ဝီကီလိ (ခ်) ၏ ဝိဉာဉ်နှင့် အသက်၊ တည်ထောင်သူ၊ အတွေးအခေါ် ချမှတ်သူ၊ ပြောခွင့်ရှိသူ၊ လက်ရင်း ကုဒ်ဖန်တီးသူ၊ ဆော်ဩသူ၊ ငွေကြေး မ တည်သူနှင့် အားလုံးတွင် တာဝန်ရှိသူ” ဟု ဖော်ပြထားသည်။[၁၄] ၂၀ဝ၉ ခုနှစ် တွင် ဝီကီလိ (ခ်) ၌ ကူညီရေးသားသူပေါင်း ၁၂,ဝ၀ မှတ်ပုံတင်ထားသည်[၂]။ အကြံပေးဘုတ်အဖွဲ့တွင် အက်စ်ဆန်း၊ ဖိလစ် အဒမ်၊ ဝန်ဒန်၊ စီ.ဂျေ.ဟင့်ခ်၊ ဘင် လော်ရေး၊ တာရှီ နမ်ဂျယ် ခမ်ဆစ်ဆန်၊ ရှောင်ကင်၊ ချီကို ဝှစ်တက်ကာနှင့် ဝန် ယုကိုင်တို့ ပါဝင်သည်။ [၁၅] ၂၀၁၀ ပြည့်နှစ်အတွင်း Mother Jones မဂ္ဂဇင်းက ဆက်သွယ်မေးမြန်းခန်းတွင်မူ မစ္စတာ ခမ်ဆစ်ဆန်က သူ့အနေဖြင့် ဝီကီလိ (ခ်) မှ အီးမေးလ် လက်ခံရရှိခဲ့သော်လည်း အကြံပေးဖြစ်ရန် သဘောမတူခဲ့ပါဟု ငြင်းဆိုထားသည်။[၁၆]
ဝီကီလိ (ခ်) က ၎င်းတို့၏ “မူလရည်ရွယ်ချက်သည် အာရှ၊ ယခင်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံခွဲများ၊ အာဖရိက ဆဟာရ နိုင်ငံများနှင့် အရှေ့အလယ်ပိုင်းမှ ဖိနှိပ်သည့် အာဏာရှင် အစိုးရများကို ဖွင့်ထုတ်ရန် ဖြစ်သည်။ ထို့ပြင် အစိုးရများ၊ ကော်ပိုရေးရှင်းများ၏ ကျင့်ဝတ်နှင့် မညီသော အပြုအမူများကို ဖော်ထုတ်ရန် ဆန္ဒရှိသည့် ဒေသအားလုံးမှ လူများ အထောက်အကူရရန်လည်း မျှော်လင့်သည်” ဟု ဆိုထားသည်။ [၂][၁၇]
၂၀ဝ၇ ဇန်နဝါရီတွင် ဝီကီလိ (ခ်) သည် ပေါက်ကြားလာသည့် ဖိုင်ပေါင်း ၁.၂ သန်းကျော် ရရှိထားပြီး ဝက်ဘ်ဆိုဒ်ပေါ်သို့တင်ရန် ပြင်ဆင်နေသည်။[၁၈] နယူးယော်ကာ (The New Yoker) သတင်းစာပါ တောင်းပါး တပုဒ်တွင်
ဝီကီလိ (ခ်) လုပ်ဆောင်သူများအနက် တဦးသည် ဆာဗာကို ကိုင်ထားပြီး သန်းနှင့်ချီသည့် လျှို့ဝှက်ဖိုင်များကို ထိုမှ တဆင့်ဖြတ်စေသည်။ လုပ်ဆောင်သူတဦးက တရုတ်မှ ဟက်ကာများသည် နိုင်ငံခြားအစိုးရများ၏ သတင်းအချက်များကို စုဆောင်းရန် ကွန်ရက်ကို သုံးနေကြောင်း သတိထားမိပြီး ထိုလမ်းကြောင်းကို စတင် မှတ်တမ်းတင်ခဲ့သည်။ ဝီကီလိ (ခ်) တွင် အနည်းငယ်မျှသာ တင်သေးသော်လည်း အစောပိုင်း ဖော်ပြမှုများသည် ဝီကီလိ (ခ်) ဆိုဒ်အတွက် အခြေခံဖြစ်ခဲ့သည်။ အက်စ်ဆန်းက “ကျနော်တို့ နိုင်ငံပေါင်း ၁၃ နိုင်ငံက စာရွက်စာတမ်းပေါင်း ၁ သန်းကျော် လက်ခံရရှိထားပါတယ်”[၁၉][၂၀]ဟု ဆိုသည်။
ဝီကီလိ (ခ်) အစောပိုင်းကာလများ၌ တရုတ်ဟက်ကာများကို ကြားဖြတ်ခိုးဝင်ခြင်းက အရေးပါသည့်ကဏ္ဍမှ ပါဝင်ခဲ့ကြောင်းနှင့် ပတ်သက်၍ အက်စ်ဆန်းက တုံ့ပြန်ပြောဆိုရာ၌ “ဒီစွပ်စဲမှုက မမှန်ပါဘူး။ ကျနော်တို့ အဆက်အသွယ်ထဲက တယောက်က တရုတ်ရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေထဲကို ၂၀ဝ၆ ခုနှစ်တုန်းက စုံစမ်းလေ့လာမှုတွေ လုပ်ခဲ့ဖို့ ပတ်သက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီစာရွက်စာတမ်း လက်တဆုပ်စာကို ဝီကီလိ (ခ်) မှာ တင်ခဲ့ပါပြီ။ တိဘက် အဖွဲ့အစည်းတွေလို အစိုးရမဟုတ်တဲ့ အဖွဲ့တွေက တရုတ်ရဲ့ လျှို့ဝှက်ထောက်လှမ်းမှုတွေကို ပစ်မှတ်ထားပါတယ်။”[၂၁]ဟုဆိုသည်။ အဖွဲ့အနေနှင့် အာဖဂန်စစ်ပွဲကနေ ကင်ညာ လာဘ်စားမှုအထိ ထိပ်တန်းသတင်းများဖြစ်ခဲ့သော အရေးပါသည့် စာရွက်စာတမ်းများကို ဆက်တိုက် ထုတ်ဖော်ခဲ့ပြီး ဖြစ်သည်။[၂၂]
ဝီကီလိ (ခ်) အဖွဲ့အနေဖြင့် ဖော်ကောင်လုပ်သူနှင့် ဂျာနယ်လစ်များ အရေးကြီးသည့် စာရွက်စာတမ်းများ အီးမေးလ်ဖြင့် ပို့မှုကြောင့် တရုတ်ဂျာနယ်လစ် ရှီတာအို (Shi Tao) ကဲ့သို့ ဒုက္ခမရောက်စေရန် အထူးသတိထားကြောင်း ကြေညာခဲ့သည်။ ရှီတာအိုသည် တိန့်အန်နန်မင် ရင်ပြင် လူသတ်ပွဲ နှစ်ပတ်လည်အကြောင်း တရုတ်အစိုးရအရာရှိများထံမှ အီးမေးလ်ကို လူအများသိအောင် လုပ်ဆောင်ခြင်းကြောင့် ၂၀ဝ၅ တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည်။[၂၃]
ဒင်နီယယ် အဲလစ်ဘာ့ဂ် (Daniel Ellsbarg) ၏ ၁၉၇၁ ခုနှစ်က ပင်တဂွန်စစ်ဌာနချုပ် စာရွက်စာတမ်းများ ပေါက်ကြားမှုနှင့် ပရောဂျက်ကို နှိုင်းယှဉ်နိုင်သည်။.[၂၄] အမေရိကန် ပြည်ထောင်စုတွင် စာရွက်စာတမ်းတချို့ ပေါက်ကြားမှုကို ဥပဒေအရ အကာအကွယ်ပေးထားသည်။ အနည်းဆုံးအားဖြင့် နိုင်ငံရေးဆိုင်ရာ နယ်ပယ်တွင် အမည်မခံဘဲ ပေါက်ကြားမှုကို အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အာမခံရန် အမေရိကန် ဗဟိုတရားရုံးက စည်းမျဉ်းထုတ်ထားသည်။]].[၂၄] စာရေးဆရာနှင့် ဂျာနယ်လစ် ဝှစ်တလေ စထရစ်ဘာ (Whitley Strieber) က ဝီကီလိ (ခ်) ပရောဂျက်၏ အကျိုးကျေးဇူးနှင့် ပတ်သက်၍ “အစိုးရရဲ့ စာရွက်စာတမ်းတွေ ပေါက်ကြားမှုဟာ ထောင်ချခံရနိုင်တယ်။ ဒါပေမယ့် ခဏလောက်ပါပဲ။ တရုတ်၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းလို ဒေသမျိုးမှာတော့ ထောင်ဒဏ်နှစ်ရှည်ကနေ သေဒဏ်အထိ ကျနိုင်ပါတယ်” ."[၂၅]ဟု ဆိုသည်။
စီမံခန့်ခွဲမှု[ပြင်ဆင်ရန်]
ဆိုဒ် စီမံခန့်ခွဲမှု ရေးရာများ[ပြင်ဆင်ရန်]
ဝီကီလိ (ခ်) အတွင်းမှာပင် ဆိုဒ်တည်ထောင်သူ ဂျူလီယန် အက်စ်ဆန်း နှင့် ဂျာမာန်မှ ဆိုဒ်ကိုယ်စားလှယ်ဟောင်း ဒွန်စ်ချက်-ဘာ့ဂ် (Domscheit-Berg) တို့အကြား လူသိရှင်ကြား သဘောထား ကွဲလွဲနေသည်။ အက်စ်ဆန်းက နောက်ပိုင်းတွင် ဒွန်စ်ချက်ကို အက်ဒမင်အဖြစ်မှ ဆိုင်းငံ့ထားခဲ့သည်။ ဒွန်စ်ချက်ကလည်း ၂၀၁၀ စက်တင်ဘာ ၂၈ တွင် ဆိုဒ်စီမံခန့်ခွဲရေး အတွင်းပြဿနာများကြောင့် ဝီကီလိ (ခ်) မှ နုတ်ထွက်ကြောင်း ကြေညာသည်။[၂၆][၂၇][၂၈]
ဆိုဒ်တင်ထားသည့် နေရာ (ဟို့စ်တင်)[ပြင်ဆင်ရန်]
အမည်ပေးခြင်းနှင့် မူဝါဒများ[ပြင်ဆင်ရန်]
စိစစ်ခြင်းနှင့် ဆိုဒ်ပေါ်တင်ခြင်း[ပြင်ဆင်ရန်]
ဖိုင် အာမခံ[ပြင်ဆင်ရန်]
စုံစမ်းစစ်ဆေးခြင်း၊ ဆင်ဆာဖြတ်ခြင်းနှင့် စွပ်စွဲပုတ်ခတ်မှုများ[ပြင်ဆင်ရန်]
အစိုးရများ၏ ဆင်ဆာဖြတ်တောက်မှု[ပြင်ဆင်ရန်]
ဂျာမနီတွင် ဝီကီလိ (ခ်) ဒိုမိန်းပိုင်ရှင်အိမ်ကို ရဲက ဝင်စီးခြင်း[ပြင်ဆင်ရန်]
ဩစတြေးလျ ဆက်သွယ်ရေးနှင့် မီဒီယာ အာဏာပိုင်အဖွဲ့ (ACMA) ၏ စာရွက်စာတမ်းများကို ဝီကီလိ (ခ်) က ဖွင့်ချလိုက်ပြီးနောက် ဂျာမန်ဆိုင်ရာ ဝီကီလိ (ခ်) ဒိုမိန်းဖြစ်သော wikileaks.de ကို မှတ်ပုံတင်ထားသူ သီယိုဒို ရပ်(ပ်) (Theodor Reppe) ၏ နေအိမ်ကို ၂၀ဝ၉ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် ရဲများက ဝင်ရောက်စီးနင်းခဲ့သည်။censorship blacklist.[၂၉] ဝက်ဘ်ဆိုဒ်ကိုမူ ထိခိုက်ခြင်း မရှိခဲ့ပေ။[၃၀][၃၁][၃၂]
တရုတ်၏ ဆင်ဆာဖြတ်တောက်မှု[ပြင်ဆင်ရန်]
ဩစတြေးလျ၏ အနာဂတ်တွင် ဆင်ဆာဖြတ်တောက်မည့် အလားအလာ[ပြင်ဆင်ရန်]
၂၀ဝ၉ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဩစတြေးလျ ဆက်သွယ်ရေးနှင့် မီဒီယာ အာဏာပိုင်အဖွဲ့ (ACMA) က ဝီကီလိ (ခ်) ကို ၎င်းတို့ ပြုစုနေသည့် နာမည်ပျက်စာရင်း၌ အင်တာနက်တွင် စိစစ်ဆင်ဆာလုပ်လျှင် ဩစတြေးလျတွင် ပိတ်ပင်ရန် စာရင်းသွင်းထားခဲ့သည်။[၃၃][၃၄] ၂၀၁၀ နိုဝင်ဘာ ၃၀ ရက်နေ့တွင် အမည်ပျက် အဆိုပြုစာရင်းထဲမှ ဝီကီလိ (ခ်) ကို ပယ်ဖျက်ပေးလိုက်သည်။[၃၅]
ထိုင်း၏ ဆင်ဆာဖြတ်တောက်မှု[ပြင်ဆင်ရန်]
ထိုင်းနိုင်ငံ၏ အရေးပေါ်အခြေအနေ ဖြေရှင်းရေး ဗဟိုဌာန (The Centre for the Resolution of the Emergency Situation - CRES) က ဝီကီလိ (ခ်) ဝက်ဘ်ဆိုဒ်ကို ဆင်ဆာ လုပ်ထားသည်။[၃၆] ထို့ပြင် တခြားသော ဝက်ဘ်စာမျက်နှာ ၄၀,ဝ၀ဝ ကျော်ကိုလည်း ဆင်ဆာဖြတ်တောက်ထားသည်။[၃၇]အကြောင်းပြချက်မှာ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အရေးပေါ် ဒီကရီဖြင့် တားမြစ်ထားခြင်းဟု ဆိုသည်။[၃၈]. ထိုင်းနိုင်ငံတွင် ဝီကီလိ (ခ်) ကိုဝင်ပါက ဤစာမျက်နှာ [၁] သို့ အလိုအလျောက် ရောက်သွားပေလိမ့်မည်။
အမေရိကန်၏ ဆင်ဆာဖြတ်တောက်မှု[ပြင်ဆင်ရန်]
အမေရိကန်ပြည်ထောင်စု ကွန်ဂရက် စာကြည့်တိုက် တွင် ဝီကီလိ (ခ်) ကို ဝင်မရအောင် ပိတ်ထားသည်။[၃၉] ၂၀၁၀ ဒီဇင်ဘာ ၃ ရက်နေ့တွင် သမ္မတ အိမ်ဖြူတော် စီမံခန့်ခွဲရေးနှင့် ဘတ်ဂျက်ရုံးက ဝီကီလိ (ခ်) နှင့် တခြားဝက်ဘ်ဆိုဒ်မှ ဖိုင်များရယူခြင်းကို ဖက်ဒရယ် အစိုးရဝန်ထမ်းများနှင့် အငှားလုပ်နေသူများအား တားမြစ်မိန့် ထုတ်ပြန်ခဲ့သည်။[၄၀]
အိုက်စ်လန်၏ ဆင်ဆာဖြတ်တောက်မှု[ပြင်ဆင်ရန်]
အဖွဲ့အစည်းနှင့် ကုမ္ပဏီများ၏ ဆင်ဆာဖြတ်တောက်မှု[ပြင်ဆင်ရန်]
ဖေ့စ်ဘွတ်ခ်[ပြင်ဆင်ရန်]
ဝီကီလိ (ခ်) က ၂၀၁၀ ဧပြီလတွင် ပရိသတ် ၃၀,ဝ၀ဝ ရှိသော ၎င်းတို့၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ဖျက်လိုက်ကြောင်း ကြေညာသည်။[၄၁][၄၂][၄၃][၄၄] သို့သော် ၂၀၁၀ ဒီဇင်ဘာတွင် ဝီကီလိ (ခ်) ဖေ့စ်ဘွတ်ခ် ပရိသတ် စာမျက်နှာ ပြန်ဖွင့်လိုက်ပြီး ပရိသတ် ၆၅၀,ဝ၀ဝ ကျော် အထိ တိုးပွားလာသည်။
မန်းနီးဘွတ်ကာ လီမိတက်[ပြင်ဆင်ရန်]
ဒိုင်းနမစ် နက်ခ်ဝပ် ဆားဗစ်[ပြင်ဆင်ရန်]
အမေဇုန်[ပြင်ဆင်ရန်]
ပေပယ်လ်[ပြင်ဆင်ရန်]
လက်ခံအားပေးမှုများ[ပြင်ဆင်ရန်]
ထောက်ခံအားပေးမှု[ပြင်ဆင်ရန်]
ဆုရရှိမှုများ[ပြင်ဆင်ရန်]
အစိုးရများ၏ ချီးမွမ်းမှု[ပြင်ဆင်ရန်]
ဝေဖန်မှုများ[ပြင်ဆင်ရန်]
အစိုးရများ၏ ဝေဖန်မှု[ပြင်ဆင်ရန်]
ပေါက်ကြားမှုများ[ပြင်ဆင်ရန်]
၂၀ဝ၉ ခုနှစ်မတိုင်မီ[ပြင်ဆင်ရန်]
သိသာလာသည့် ဆိုမာလီ လုပ်ကြံရေး အမိန့်[ပြင်ဆင်ရန်]
ဒင်နီယယ် အရပ် မွိုင် မိသားစု လာဘ်စားမှု အရှုပ်တော်ပုံ[ပြင်ဆင်ရန်]
၂၀ဝ၇ ဩဂုတ်လ ၃၁ ရက်နေ့တွင် ယခင် ကင်ညာခေါင်းဆောင်ကြီး ဒင်နီယယ် အရပ် မွိုင် မိသားစု လာဘ်ပေးလာဘ်ယူမှုအကြောင်းကို မျက်နှာဖုံးသတင်းအဖြစ် ဗြိတိန်မှ The Guardian သတင်းစာက ဖော်ပြခဲ့သည်။ သတင်းစာက သတင်းရရှိသည့်ရင်းမြစ်ကို ဝီကီလိ (ခ်) ဟု ဖော်ပြ ကိုးကားခဲ့သည်။[၄၅]
ဂျူးလိယက် ဘေယာ ဘဏ်၏ တရားစွဲဆိုမှု[ပြင်ဆင်ရန်]
ဂွမ်တာနာမို လုပ်ထုံးလုပ်နည်းများ[ပြင်ဆင်ရန်]
ဆိုင်ယန်တိုလိုဂျီ[ပြင်ဆင်ရန်]
ဆာရာ ပေါ်လင်၏ ယာဟူးမေးလ်ပါ အကြောင်းအရာများ[ပြင်ဆင်ရန်]
BNP အဖွဲ့ဝင် စာရင်း[ပြင်ဆင်ရန်]
၂၀ဝ၉[ပြင်ဆင်ရန်]
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မေးလ်များ[ပြင်ဆင်ရန်]
အင်တာနက် ဆင်ဆာ စာရင်း[ပြင်ဆင်ရန်]
ဘီလ်ဒါဘတ် အုပ်စု စည်းဝေးပွဲ အစီရင်ခံစာများ[ပြင်ဆင်ရန်]
၂၀ဝ၈ ပီရူး ရေနံဆိုင်ရာ နာမည်ပျက်မှုများ[ပြင်ဆင်ရန်]
အီရန် နျူကလီးယား မတော်တဆမှု[ပြင်ဆင်ရန်]
အာဖရိကတွင် အဆိပ်အတောက် စွန့်ပစ်မှုများ - မင်တန် အစီရင်ခံစာ[ပြင်ဆင်ရန်]
ကူပ်သင် ဘဏ်[ပြင်ဆင်ရန်]
ပူးတွဲ ဆောင်ရွက်ရေး လုပ်ငန်းများဆိုင်ရာ ပရိုတိုကောလ် ၄၄၀[ပြင်ဆင်ရန်]
၂၀ဝ၉ အောက်တိုဘာတွင် ဗြိတိသျှ ကာကွယ်ရေး ဝန်ကြီးဌာန၏ ၂၀ဝ၁ ခုနှစ်က စာမျက်နှာ ၂,၄၀ဝ ပါ ပူးတွဲ ဆောင်ရွက်ရေး လုပ်ငန်းများဆိုင်ရာ ပရိုတိုကောလ် (Joint Services Protocol 440) လျှို့ဝှက်ဖိုင် ပေါက်ကြားခဲ့သည်။ ယင်းစာရွက်စာတမ်းများတွင် ဟက်ကာများ၊ စာနယ်ဇင်းသမားများနှင့် နိုင်ငံခြား သူလျှိုများ၏ သတင်းအချက်အလက် နှိုက်ထုတ်မှုကို မည်သို့ ရှောင်ရှားနိုင်ကြောင်း လုံခြုံရေးဆိုင်ရာ အကြံပေးချက်များ ပါဝင်သည်။[၄၆][၄၇]
၉-၁၁ ပေဂျာ မက်ဆေ့ချ် ကြားဖြတ်ဖမ်းယူမှု[ပြင်ဆင်ရန်]
၂၀ဝ၉ ခုနှစ် နိုဝင်ဘာ ၂၅ တွင် စက်တင်ဘာ ၉/၁၁ အကြမ်းဖက်မှု နေ့တွင် ပေးပို့ကြသည့် ပေဂျာ မက်ဆေ့ချ်ပေါင်း ၅၇၀,ဝ၀ဝ ကို ကြားဖြတ် ဖမ်းယူထားမှုအား ဝီကီလိ (ခ်) က ဖွင့်ချခဲ့သည်။[၄၈][၄၉][၅၀] ဘရက်ဒလေ မန်းနင်းက ဤလုပ်ရပ်မှာ အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီ (NSA) ၏ လုပ်ရပ်မှန်း သိသာ ထင်ရှားလှကြောင်း ပြောသည်။[၅၁] ပေါက်ကြားလာသည့် မက်ဆေ့ချ်များမှာ ပင်တဂွန်စစ်ဘက် အရာရှိများနှင့် နယူးယောက် မြို့တော် ရဲဌာနကြား ပေးပို့ဆက်သွယ်မှုများ ဖြစ်သည်။[၅၂]
၂၀၁၀[ပြင်ဆင်ရန်]
ဝီကိလိ (ခ်) ပေါ်မှာ အမေရိကန် ထောက်လှမ်းရေးဆိုင်ရာ အစီရင်ခံစာများ[ပြင်ဆင်ရန်]
ဘဂ္ဂဒက် လေကြောင်း တိုက်ခိုက်မှု ဗီဒီယို[ပြင်ဆင်ရန်]
ဘရက်ဒလေ မန်းနင်း အဖမ်းခံရခြင်း[ပြင်ဆင်ရန်]
အာဖဂန် စစ်ပွဲ ဒိုင်ယာရီ[ပြင်ဆင်ရန်]
Love Parade စာရွက်စာတမ်းများ[ပြင်ဆင်ရန်]
အီရတ်စစ်ပွဲ မှတ်တမ်းများ[ပြင်ဆင်ရန်]
သံတန် ပေးစာများ ပေါက်ကြားမှု[ပြင်ဆင်ရန်]
ထပ်မံဖွင့်ချဦးမည် ပေါက်ကြားမှုများဆိုင်ရာ ကြေညာချက်[ပြင်ဆင်ရန်]
၂၀ဝ၉ ခုနှစ်က Computer World နှင့် အင်တာဗျူးတွင် အက်စ်ဆန်းက အမေရိကဘဏ်မှ ၅ ဂစ်စာ အချက်အလက်များ ရရှိထားကြောင်း ပြောသွားသည်။ ၂၀၁၀ ပြည့်နှစ်တွင် ဖောစ် မဂ္ဂဇင်း (Forbes Magazine) သို့ အက်စ်ဆန်းက ၂၀၁၁ အစောပိုင်းတွင် တခြားသော မဟာပေါက်ကြားမှု (megaleak) များ ပြုလုပ်သွားရန် အစီအစဉ် ရှိသည်ဟု ပြောသွားသည်။ ယခုကာလတွင်မူ ပုဂ္ဂလိက ကဏ္ဍနှင့် အကြီးစား အမေရိကန် ဘဏ်တခုနှင့် ပတ်သက်၍ ပေါက်ကြားမှုများ တင်ပြရန် ရှိကြောင်း ဆိုသည်။ ဤကြေညာချက်အပြီး၌ အမေရိကဘဏ်၏ စတော့ဈေးနှုန်းများ ၃ ရာခိုင်နှုန်း ကျဆင်းသွားသည်။.[၅၃][၅၄] ဤ ပေါက်ကြားမှု၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်၍ အက်စ်ဆန်းက “ဘဏ်တခု၊ နှစ်ခုကတော့ ပြိုလဲသွားပါလိမ့်မယ်” ဟု သုံးသပ်ချက် ပေးထားသည်။.”[၅၅]
၂၀၁၀ ဒီဇင်ဘာတွင် အက်စ်ဆန်း၏ ရှေ့နေ မာ့ခ် စတီဖင်စ် (Mark Stephens) က ဘီဘီစီ၏ အင်ဒရူး မား ပွဲတွင် အဖွဲ့အစည်းအနေဖြင့် ခုခံကာကွယ်ရန်လိုမည့် “သာမို-နျူကလီးယား ကိရိယာ” (thermo-nuclear device) အကြောင်း အချက်အလက်များကို ဝီကီလိ (ခ်) က ရရှိထားသည်ဟု ပြောသွားသည်။.[၅၆]
ပြင်ပ လင့်ခ်များ[ပြင်ဆင်ရန်]
| Wikiquote has a collection of quotations related to: WikiLeaks |
| Wikimedia Commons တွင်Wikileaks နှင့် ပတ်သက်သော မီဒီယာ ရှိသည်။ |
- တွစ်တာပေါ်ရှိ WikiLeaks
- ဖေ့စ်ဘွတ်ခ် ပေါ်ရှိ WikiLeaks
- "Wikileaks Fails “Due Diligence” Review", Steven Aftergood, June 2010
- Wikileaks Keynote Address at The Next Hope (64kbs)
- Wikileaks and Freedom of the Press by Guillermo Fernandez Ampie, Havana Times, 20 Oct 2010
- WikiLeaks' new home is in a former bomb shelter Los Angeles Times, 2 December 2010
- "December 2, 2010 - 10:00pm." EveryDNS. Announcement of termination of wikileaks.org.
- WikiLeaks Prepares Largest Intel Leak in US History with Release of 400,000 Iraq War Docs – video report by Democracy Now!, October 2010
- Video of Julian Assange on a panel at the 2010 Logan Symposium in Investigative Reporting at the UC Berkeley (18 April 2010)
- Wikileaks vs. the World. Presentation by WikiLeaks representatives Julian Assange and Daniel Schmitt at the 25th Chaos Communication Congress, Berlin, December 2008. online Flash video and download in higher resolution formats
- Leak Proof Interview with Julian Assange. 2009/03/13
- Video Interview with Julian Assange on The Colbert Report hosted by Stephen Colbert. 2010/04/12
- Animated Heatmap of WikiLeaks Report Intensity in Afghanistan
- WL Central: An unofficial WikiLeaks information resource.
ကိုးကား[ပြင်ဆင်ရန်]
- ↑ Wikileaks has 1.2 million documents?။ WikiLeaks။ Archived from the original on 16 February 2008။ 28 February 2008 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ ၂.၃ Wikileaks:About။ WikiLeaks။ Archived from the original on 14 March 2008။ 3 June 2009 တွင် ပြန်စစ်ပြီး။
- ↑ McGreal, Chris. Wikileaks reveals video showing U.S. air crew shooting down Iraqi civilians, The Guardian, 5 April 2010.
- ↑ Winners of Index on Censorship Freedom of Expression Award Announced[dead link] 22 April 2008
- ↑ Kenya: The Cry of Blood – Extra Judicial Killings and Disappearances, Sep 2008[dead link] WikiLeaks.
- ↑ Amnesty announces Media Awards 2009 winners Amnesty.org.uk, 2 June 2009
- ↑ Reso, Paulina. "5 pioneering Web sites that could totally change the news", Daily News, 20 May 2010. 8 June 2010တွင် ပြန်စစ်ပြီး.
- ↑ "AP Interview: WikiLeaks to publish new documents", 8 August 2010. 8 August 2010တွင် ပြန်စစ်ပြီး.[dead link]
- ↑ "Reportedly spurred by the leak of the Pentagon papers, Assange unveiled WikiLeaks in December 2006" WikiLeaks' War on Secrecy: Truth's Consequences။ 4 December 2010 တွင် ပြန်စစ်ပြီး။
- ↑ "In December, 2006, WikiLeaks posted its first document" No Secrets။ 1 December 2010 တွင် ပြန်စစ်ပြီး။
- ↑ Paul Marks. "How to leak a secret and not get caught", New Scientist, 13 January 2007. 28 February 2008တွင် ပြန်စစ်ပြီး.
- ↑ Agence France Press. "Chinese cyber-dissidents launch WikiLeaks, a site for whistleblowers", The Age, 11 January 2007. 17 June 2010တွင် ပြန်စစ်ပြီး.
- ↑ "Rudd Government blacklist hacker monitors police", The Australian author=Richard Guilliatt, 30 May 2009. 17 June 2010တွင် ပြန်စစ်ပြီး.
- ↑ "WikiLeaks Founder on the Run, Trailed by Notoriety".
- ↑ WikiLeaks:Advisory Board။ WikiLeaks။ 16 June 2010 တွင် ပြန်စစ်ပြီး။[dead link]
- ↑ Inside WikiLeaks’ Leak Factory။ Mother Jones။ 30 April 2010 တွင် ပြန်စစ်ပြီး။
- ↑ "Cyber-dissidents launch WikiLeaks, a site for whistleblowers", South China Morning Post, 11 January 2007. 28 February 2008တွင် ပြန်စစ်ပြီး. Archived from the original on 12 February 2007.
- ↑ Kearny (11 January 2007)။ Wikileaks and Untraceable Document Disclosure။ Now Public News။ Archived from the original on 27 September 2007။ 28 February 2008 တွင် ပြန်စစ်ပြီး။, Wikileaks.
- ↑ Khatchadourian, Raffi. "No Secrets: Julian Assange's Mission for total transparency", The New Yorker, June 7, 2010. June 8, 2010တွင် ပြန်စစ်ပြီး.
- ↑ Wiktionary definition of tranche။ En.wiktionary.org (13 October 2010)။ 22 October 2010 တွင် ပြန်စစ်ပြီး။
- ↑ "Wikileaks denies Tor hacker eavesdropping gave site its starte", The Register. 10 July 2010တွင် ပြန်စစ်ပြီး.
- ↑ "Wikileaks Releases Secret Report on Military Equipment", The New York Sun, 9 September 2007. 28 February 2008တွင် ပြန်စစ်ပြီး.
- ↑ "Leak secrets trouble free", Scenta, 15 January 2007. 28 February 2008တွင် ပြန်စစ်ပြီး. Archived from the original on 27 November 2007.
- ↑ ၂၄.၀ ၂၄.၁ Scott Bradner "WikiLeaks: a site for exposure", Linuxworld, 18 January 2007. Retrieved 18 January 2007.
- ↑ Staff Reports. "Whistleblower Website Coming", Free-Market News Network, 18 January 2007. 28 February 2008တွင် ပြန်စစ်ပြီး.[dead link]
- ↑ "WikiLeaks chief lashes out at media during debate", 30 September 2010. 22 October 2010တွင် ပြန်စစ်ပြီး.
- ↑ "WikiLeaks Spokesman Quits, Blasts Founder Julian Assange As Paranoid Control Freak, Admits To Using Fake Name", by Henry Blodget, 28 September 2010, San Francisco Chronicle
- ↑ WikiLeaks' Woes Grow as Spokesman Quits Site။ Aolnews.com။ 22 October 2010 တွင် ပြန်စစ်ပြီး။
- ↑ Hausdurchsuchung bei Inhaber der Domain wikileaks.de (in English, translated from German)။ Archived from the original on 21 September 2009။ 21 September 2009 တွင် ပြန်စစ်ပြီး။
- ↑ Wikileaks raided by German police။ Networkworld.com။ 30 April 2010 တွင် ပြန်စစ်ပြီး။
- ↑ Police raid home of Wikileaks.de domain owner over censorship lists[dead link]
- ↑ Police raid Wikileaks owner။ Straitstimes.com (25 March 2009)။ 30 April 2010 တွင် ပြန်စစ်ပြီး။
- ↑ Moses, Asher. "Banned hyperlinks could cost you $11,000 a day", The Age, 16 March 2009. 16 March 2009တွင် ပြန်စစ်ပြီး.
- ↑ Australia secretly censors Wikileaks press release and Danish Internet censorship list, 16 Mar 2009။ WikiLeaks (16 March 2009)။ 16 March 2009 တွင် ပြန်စစ်ပြီး။[dead link]
- ↑ Taylor၊ Josh (17 March 2009)။ Wikileaks removed from ACMA blacklist – Communications – News။ Zdnet.com.au။ 1 December 2010 တွင် ပြန်စစ်ပြီး။
- ↑ "Thailand blocks access to WikiLeaks website", Bangkok: Thai Visa, 18 August 2010. 25 August 2010တွင် ပြန်စစ်ပြီး.
- ↑ Barta, Patrick. "Thai Groups Denounce Website Censorship", The Wall Street Journal date=17 August 2010. 25 August 2010တွင် ပြန်စစ်ပြီး.
- ↑ "Citing Instability, Thailand Extends Emergency Decree", New York Times, 6 July 2010. 25 August 2010တွင် ပြန်စစ်ပြီး.
- ↑ Raymond၊ Matt (3 December 2010)။ Why the Library of Congress Is Blocking Wikileaks။ 3 December 2010 တွင် ပြန်စစ်ပြီး။
- ↑ "U.S. agencies warn unauthorized employees not to look at WikiLeaks", CNN, 4 December 2010. 4 December 2010တွင် ပြန်စစ်ပြီး.
- ↑ Twitter / WikiLeaks: Facebook deletes WikiLeaks fanclub with 30k fans။ Twitter (20 April 2010)။ 22 April 2010 တွင် ပြန်စစ်ပြီး။
- ↑ "WikiLeaks claims Facebook deleted its page, 30000 fans", News.com.au, 21 April 2010. 23 April 2010တွင် ပြန်စစ်ပြီး.
- ↑ "Wikileaks Claims Facebook Deleted Their Fan Page Because They "Promote Illegal Acts"", Gawker, 20 April 2010. 21 April 2010တွင် ပြန်စစ်ပြီး.
- ↑ "Wikileaks Fan Page Pulled Down for Being "Inauthentic," Says Facebook", techPresident, 21 April 2010. 22 April 2010တွင် ပြန်စစ်ပြီး.
- ↑ Rice, Xan. "The looting of Kenya", The Guardian, 31 August 2007. 28 February 2008တွင် ပြန်စစ်ပြီး.
- ↑ Tom Chivers. "MoD 'how to stop leaks' document is leaked" The Daily Telegraph 5 October 2009. Retrieved 6 October 2009.
- ↑ Kalle Holmberg. "Brittisk instruktion mot läckor har läckt ut" Dagens Nyheter, 6 October 2009. Retrieved 6 October 2009.
- ↑ Wikileaks 9/11 Pager Data Website။ 911.wikileaks.org။ 2 December 2010 တွင် ပြန်စစ်ပြီး။
- ↑ 570,000 pager messages from 9/11 released MSNBC 25 November 2009။ MSNBC (25 November 2009)။ 30 April 2010 တွင် ပြန်စစ်ပြီး။
- ↑ Jennifer Millman (1 December 2009)။ Analysis of 9/11 Pager Data Paints Chilling Picture။ NBC New York။
- ↑ Chris Williams (7 June 2010)။ Wikileaks' US army 'leaker' arrested။ TheRegister။
- ↑ Kevin Poulsen (25 November 2009)။ Wikileaks Says It Has Half-a-Million 9/11 Pager Messages။ Wired။
- ↑ Rothacker, Rick. "Bank of America rumored to be in WikiLeaks’ crosshairs". 1 December 2010တွင် ပြန်စစ်ပြီး.
- ↑ Mark, Memmott. "Bank Of America Stock Steadies After WikiLeaks-Related Drop", 1 December 2010. 2 December 2010တွင် ပြန်စစ်ပြီး.
- ↑ De La Merced, Michael. "WikiLeaks’ Next Target: Bank of America??url=http://dealbook.nytimes.com/2010/11/30/wikileaks-next-target-bank-of-america/", 30 November 2010. 2 December 2010တွင် ပြန်စစ်ပြီး.ref>By John Carney, CNBC. "Bank of America's Risky WikiLeaks Strategy", CNBC, 2 December 2010. 5 December 2010တွင် ပြန်စစ်ပြီး.
- ↑ "Wikileaks' Julian Assange to fight Swedish allegations", BBC, 2010-12-05. 2010-12-05တွင် ပြန်စစ်ပြီး.
- Pages with script errors
- All articles with dead external links
- Articles with dead external links since October 2010
- Articles with invalid date parameter in template
- Articles with retaining title
- Commons category with local link different than on Wikidata
- နိုင်ငံတကာ အဖွဲ့အစည်းများ
- မီဒီယာဝီကီ ဝက်ဘ်ဆိုဒ်များ
- ဥရောပအခြေစိုက် အဖွဲ့အစည်းများ