ဂျာမန်အင်ပါယာ

ဝီကီပီးဒီးယား မှ
German Empire
Deutsches Reich  (ဂျာမန်)
German Reich၏ Coat of arms (1889–1918)[၁]
en:Coat of arms
(1889–1919)
ဆောင်ပုဒ်: Gott mit uns (German)[၂]
Nobiscum Deus (Latin)
("God with us")
နိုင်ငံတော် သီချင်း: Heil dir im Siegerkranz [၃]
("Hail to Thee in the Victor's Crown")

Die Wacht am Rhein (unofficial)[၄][၅][၆]
("The Watch on the Rhine")
မြို့တော်
နှင့် အကြီးဆုံးမြို့
ဘာလင်မြို့
52°31′7″N 13°22′34″E / 52.51861°N 13.37611°E / 52.51861; 13.37611ကိုဩဒိနိတ်: 52°31′7″N 13°22′34″E / 52.51861°N 13.37611°E / 52.51861; 13.37611
ရုံးသုံး ဘာသာစကားများဂျာမန်
ကိုးကွယ်မှု1880 census
အများစု-
62.63% en:United Protestant
(Lutheran, Reformed)
လူနည်းစု-
35.89% ရိုမန်ကက်သလပ်
1.24% ဂျူး
0.17% other Christian
0.07% other
DemonymGerman
အစိုးရဖက်ဒရယ် ပါလီမန် ဘုရင်ခံစနစ်[၇][၈][၉][၁၀]
ဥပဒေပြုလွှတ်တော်en:Bicameral
Bundesrat
Reichstag
ဧရိယာ
• စုစုပေါင်း
၁,၇၅၀,၀၀၀ km2 (၆၈၀,၀၀၀ sq mi)
လူဦးရေ
• ခန့်မှန်း
70,000,000
ငွေကြေးen:German gold mark
(1873–1914)
German Papiermark
(1914–1918)
Area and population not including colonial possessions

ဂျာမန်အင်ပါယာ (ဂျာမန်: Deutsches Kaiserreich),[မှတ်စု ၁][၁၂][၁၃][၁၄][၁၅] သည် ၁၈၇၁ ခုနှစ် ဂျာမနီနိုင်ငံ ပေါင်းစည်းရေးကလမှသည် ဂျာမနီအား ဘုရင်စနစ်မှ သမ္မတနိုင်ငံအဖြစ်သို့ ပြောင်းလဲခဲ့သည့် ၁၉၁၈ ခုနှစ်အထိ တည်တံ့ခဲ့သော အင်ပါယာတခုဖြစ်သည်။

အင်ပါယာအား ၁၈၇၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် စတင်သက်ဝင်ခဲ့သည်။ ဆွစ်ဇာလန်နိုင်ငံလစ်တန်စတိန်းနိုင်ငံများကလွဲ၍ တောင်ပိုင်း ဂျာမန်ပြည်သည် မြောက်ပိုင်းဂျာမန်နှင့် ပူးပေါင်းလိုက်သောအခါ ဖွဲ့စည်းပုံဥပဒေသစ်တရပ် ဧပြီ ၁၆ ရက်တွင် ပေါ်ပေါက်လာခဲ့ကာ ဖက်ဒရယ်ပြည်နယ်များအား ဂျာမန်အင်ပါယာအဖြစ် အမည်ပြောင်းလဲစေခဲ့သည်။ ဘာလင်မြို့သည် အင်ပါယာ၏ မြို့တော်အဖြစ် ဆက်လက်တည်ရှိသည်။ ဂျာမန်အင်ပါယာတွင် ပြည်နယ်ပေါင်း ၂၅ ခု ပါဝင်ဖွဲ့စည်းထားသည်။

၁၈၅၀ ခုနှစ်ပြီးဆုံးသော် ဂျာမနီ၏ ပြည်နယ်များသည် လျင်မြန်စွာ စက်မှုခေတ်သို့ ကူးပြောင်းလာခဲ့သည်။ အထူးသဖြင့် ကျောက်မီးသွေး၊ သံ၊ ဓာတုပစ္စည်းများနှင့် မီးရထားလမ်းများ ဖြစ်ကြသည်။ ၁၈၇၁ ခုနှစ်တွင် ဂျာမနီသည် လူဦးရေ ၄၁ မီလီယံဖြစ်ပြီး ၁၉၁၃ ခုနှစ်တွင် ၆၈ မီလီယံသို့ တိုးပွားလာခဲ့သည်။ ယင်းအချိန်က ဂျာမန်စက်ရုံများသည် ပြိုင်ဘက် ဗြိတိသျှ၊ ပြင်သစ်တို့ထက် အရွယ်အစား ကြီးမားကြသည်။ ဂျာမန်အင်ပါယာသည် သဘာဝ သိပ္ပံ၊ အထူးသဖြင့် ရူပဗေဒဓာတုဗေဒတို့၌ အောင်မြင်မှု ရရှိခဲ့သည်။ နိုဘယ်ဆုများအားလုံး၏ ၃ ပုံ ၁ ပုံတွင် ဂျာမန် တီထွင်သူများနှင့် သုတေသနပညာရှင်များက ရရှိခဲ့သည်။ အင်ပါယာ အဓွန့်ရှည်ခဲ့သော ၄၇ နှစ်ကာလအတွင်း ဂျာမန်အင်ပါယာသည် ဥရောပတွင် နည်းပညာ၊ စက်မှုနှင့် သိပ္ပံထွန်းကားသော အင်ပါယာတခု ဖြစ်ခဲ့သည်။ ၁၉၁၃ ခုနှစ်တွင် ဂျာမန်အင်ပါယာသည် ဥရောပတိုက်တွင် အကြီးမားဆုံးစီးပွားရေးနိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး စီးပွားရေးနိုင်ငံ ဖြစ်ခဲ့သည်။[၁၆] ထို့ပြင် ဂျာမနီသည် ဥရောပတွင် အရှည်လျားဆုံးသော မီးရထားလမ်းကွန်ရက်ကို ဖောက်လုပ်နိုင်ခဲ့ပြီး ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး စစ်တပ်၊[၁၇] အလျင်အမြန် ကြီးပွားလာသော စက်မှုအခြေစိုက်ရာဒေသ ဖြစ်လာခဲ့သည်။[၁၈] ၁၈၇၁ ခုနှစ်တွင် အသေးအဖွဲ့အဖြစ် စတင်ခဲ့သော ရေတပ်သည် ဆယ်စုနှစ်တခုအတွင်း ဗြိတိသျှတော်ဝင်ရေတပ်ပြီးလျင် ဒုတိယလိုက်သော ရေတပ်ဖြစ်လာခဲ့သည်။ ကိုလိုနီချဲ့သော တိုင်းပြည်ဖြစ်သည်နှင့်အညီ ဂျာမန်အင်ပါယာသည် ဗြိတိသျှအင်ပါယာကဲ့သို့သော အခြားတိုင်းပြည်များနှင့် ထိတွေ့မှုများလည်း ဖြစ်ခဲ့သည်။

၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်တွင် ဂျာမန်သည် ပဲရစ်မြို့ကို လျင်မြန်စွာသိမ်းပိုက်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ အနောက်ပိုင်း စစ်မျက်နှာရှေးတန်းသည် ရှေ့မတိုးနောက်မဆုတ်သာ အခြေနေ ရောက်ခဲ့သည်။ မဟာမိတ် ရေတပ်၏ ပိတ်ဆို့မှူက ထောက်ပို့လမ်းကြောင်းကို အဟန့်အတားဖြစ်စေခဲ့သည်။ သို့သော် ဂျာမန်သည် အရှေ့ပိုင်း စစ်မျက်နှာတွင် အောင်ပွဲရရှိခဲ့သည်။ ၁၉၁၇ ခုနှစ် ဂျာမန်သည် အကန့်အသတ်မရှိသော ရေငုတ်သင်္ဘောစစ်ပွဲကို ကြေငြာခဲ့ရာ အမေရိကန်ပြည်ထောင်စုအား စစ်ပွဲအတွင်းသို့ ခေါ်ဆောင်ခဲ့သည်။ ၁၉၁၈ ခုနှစ်တွင် မဟာမိတ်များဖြစ်သော အောတိုးမန်း အင်ပါယာစသည်တို့သည် ပြိုလဲခဲ့ပြီး ဂျာမန်စစ်တပ်သည် စစ်ပွဲမှ ဆုတ်ခွာခဲ့ကြရသည်။ အင်ပါယာသည် ၁၉၁၈ ခုနှစ် နိုဝင်ဘာလတွင် ပြိုကွဲခဲ့သည်။ စစ်ပွဲကို ပြီးဆုံးစေခဲ့သော ဗာဆိုင်းစာချုပ်သည် ၁၉၂၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံခန့်နှင့်ညီမျှသော စစ်လျော်ကြေးကို ပေးဆောင်စေခဲ့သည်။[၁၉] ထို့ပြင် စစ်သားကို အယောက် ၁ သိန်းဖြင့်သာ ကန့်သတ်ဖွဲ့စည်းစေခြင်း၊ စစ်မှုထမ်းဥပဒေ၊ ရေငုတ်သင်္ဘော၊ လေယာဉ်၊ စစ်ယာဉ်နှင့် စစ်သင်္ဘော ၆ စင်းထက်မကကိုလည်း ခွင့်မပြုစေခဲ့ပေ။[၂၀] ထို့နောက် စီးပွားရေး ကျဆင်းမှု၊ စီးပွားကပ်ဖြစ်ပေါ်မှုများသည် ဟစ်တလာနှင့် နာဇီဝါဒကို တခေတ်ဆန်းစေရန် အစပျိုးပေးစေခဲ့သည်။[၂၁]


မှတ်စု[ပြင်ဆင်ရန်]


ကိုးကား[ပြင်ဆင်ရန်]

  1. Seyler, Gustav A.:Die Wappen der deutschen Landesfürsten. Reprograf. Nachdr. von Siebmacher's Wappenbuch 1. Bd., 1. Abt. 2. – 5. Teil (Nürnberg 1909 – 1929)
  2. Preble, George Henry, History of the Flag of the United States of America: With a Chronicle of the Symbols, Standards, Banners, and Flags of Ancient and Modern Nations, 2nd ed, p. 102; A. Williams and co, 1880
  3. Fischer၊ Michael; Senkel၊ Christian (2010)။ Klaus Tanner (ed.)။ Reichsgründung 1871: Ereignis, Beschreibung, Inszenierung။ Münster: Bachmann Verlag။
  4. Hansen၊ Hans Jürgen (1978)။ Heil Dir im Siegerkranz: die Hymnen der Deutschen။ Oldenburg, Hamburg: Stalling။ ISBN 3-7979-1950-6
  5. "Max Schneckenburger (1819–1849)–der Dichter der "Wacht am Rhein " 165။ 9 September 2023 တွင် ပြန်စစ်ပြီး။
  6. Ochsmann, Almut. "100 Jahre deutsche Nationalhymne: Überlegungen zu Eine vaterländische Ouvertüre op. 140." Mitteilungen der Internationalen Max-Reger-Gesellschaft 3.42 (2022): 18–23.
  7. German Empire။ 20 September 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 September 2022 တွင် ပြန်စစ်ပြီး။
  8. Nipperdey, Thomas, "Deutsche Geschichte 1866–1918: Zweiter Band: Machtstaat vor der Demokratie" (1995), p. 98–108.
  9. Röhl, John C. G. "Kaiser Wilhelm II: A Concise Life" (2014), p. 172–173.
  10. Haardt, Oliver F. R. (2016). "The Kaiser in the Federal State, 1871–1918". German History 34 (4): 529–554. doi:10.1093/gerhis/ghw117. 
  11. Wheeler-Bennett, John (1967). The Nemesis of Power The German Army in Politics 1918–1945. London: Macmillan. pp. 13–14. ISBN 978-1-4039-1812-3.
  12. German constitution of 1871 (in de)။ German Wikisource (16 March 2011)။ 25 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 April 2011 တွင် ပြန်စစ်ပြီး။
  13. Herbert Tuttle wrote in September 1881 that the term "Reich" does not literally connote an empire as has been commonly assumed by English-speaking people. The term Kaiserreich literally denotes an empire – particularly a hereditary empire led by an emperor, although Reich has been used in German to denote the Roman Empire because it had a weak hereditary tradition. In the case of the German Empire, the official name was Deutsches Reich, which is properly translated as "German Empire" because the official position of head of state in the constitution of the German Empire was officially a "presidency" of a confederation of German states led by the King of Prussia who would assume "the title of German Emperor" as referring to the German people, but was not emperor of Germany as in an emperor of a state. – "The German Empire Archived 9 August 2017 at the Wayback Machine.." Harper's New Monthly Magazine. vol. 63, issue 376, pp. 591–603; here p. 593.[neutrality သည် အငြင်းပွားနေသည်။]
  14. World Book, Inc. The World Book dictionary, Volume 1. World Book, Inc., 2003. p. 572. States that Deutsches Reich translates as "German Realm" and was a former official name of Germany.
  15. Joseph Whitaker. Whitaker's almanack, 1991. J Whitaker & Sons, 1990. Pp. 765. Refers to the term Deutsches Reich being translated into English as "German Realm", up to and including the Weimar period.
  16. Azar Gat (2008)။ War in Human Civilization။ Oxford University Press။ p. 517။ ISBN 978-0-19-923663-3
  17. Alfred Vagts, "Land and Sea Power in the Second German Reich." The Journal of Military History 3.4 (1939): 210+ JSTOR 3038611
  18. Paul Kennedy, The Rise and Fall of the Great Powers: Economic Change and Military Conflict from 1500 to 2000 (1987)
  19. Blakemore၊ Erin (27 June 2019)။ Germany's World War I Debt Was So Crushing It Took 92 Years to Pay Off (in en)။ 17 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 November 2019 တွင် ပြန်စစ်ပြီး။
  20. Archives၊ The National။ The National Archives Learning Curve | The Great War | Why was it hard to make peace? (in en-GB)။ 14 December 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 November 2021 တွင် ပြန်စစ်ပြီး။
  21. How Did Hitler Happen? (in en)။ 17 September 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 November 2021 တွင် ပြန်စစ်ပြီး။