ဂျင် (အရက်)

ဝီကီပီးဒီးယား မှ
ဂျင်
၂၀၁၀ ခုနှစ် အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်ရှိ စတိုးဆိုင်တစ်ဆိုင်တွင် ရောင်းချနေသော ဂျင် အရက်ပုလင်းများ စုစည်းထားမှု
အမျိုးအစားယမကာ
စတင်ရောင်းချသည့်နေ့အေဒီ ၁၁ ရာစု
အယ်လ်ကိုဟောပမာဏ၃၅–၆၀%
Alcohol proof၇၀–၁၄၀°
အရောင်အဆင်းအကြည်
ပါဝင်ပစ္စည်းမုယော (သို့) အခြားနှံစားသီးနှံများ, juniper berries
ဆက်စပ်ထုတ်ကုန်Jenever
ယာမကာဆိုင်တစ်ဆိုင်မှ ဂျင်အရက်ပုလင်းများ

ဂျင်သည် ပေါင်းခံစနစ်ဖြင့် ချက်လုပ်သော ယမကာအမျိုးအစားဖြစ်၍ ဂျူးနစ်ပါအပင်မှ အသီးရနံ့ထည့်ထားသော အရက်တစ်မျိုး ဖြစ်သည်။

အီတလီ စကားလုံး ဂျင်နီဗယာ (Gineyra)မှ ဆင်းသက်လာသည်။ ရှေးက ဒတ်ချ်လူမျိုးများ သောက်လေ့ရှိ၍ အင်္ဂလန်ပြည်သို့ ရောက်လာရာ ပြင်သစ် ဘရန်ဒီထက် နှစ်သက်ကြသည်။ ဂျင်အရက်၏ မူလအရသာမှာ မူလအရက်ချင်သော အရာမှ ပေါ်ထွက်လာသည်မဟုတ်ဘဲ ရောစွက်ထားခြင်းကြောင့် ဖြစ်သည်။ အရာဝတ္ထု အမျိုးမျိုးမှ ချက်လုပ်နိုင်သော်လည်း ကောက်စပါးဖြင့် ချက်သည်သာများသည်။ အင်္ဂလိပ်ဂျင်မှာ အချို အရသာ မရှိချေ။ တစ်ကမ္ဘာလုံးတွင် အခြားအရက်ထက် ဂျင်အရက်ကို အသောက်များသည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

ဟော်လန်ဂျင် တစ်မျိုးဖြစ်သည့် Jenever ကို ၁၃ရာစုခန့်တွင် စတင်ပေါ်ပေါက်ခဲ့ ကြောင်းကို ၁၆ရာစုတွင်ရေးသားထားသော စွယ်စုံကျမ်းတွင် ရေးသားဖော်ပြထားခဲ့သည်။ ဒတ်ချ် လူမျိုး သိပ္ပံပညာရှင် (chemist, physiologist and anatomist)နှင့် ရူပဗေဒပညာရှင် Franciscus Sylvius က မိမိကိုးနှစ်သားအရွယ်တွင် ကြည့်ရှုနားထောင်ခဲ့ဖူးသော Philip Massinger ၏ The Duke of Milan (၁၆၂၃) ပြဇာတ်အရ Gin ကို ၁၇ရာစု အလယ်ပိုင်းတွင်[၂] တီထွင်ချက်လုပ်ခဲ့ကြောင်း မှားယွင်းစွာ ကောက်ချက်ချရေးသားခဲ့သည်။ သို့သော်လည်း ပါဝင်ခဲ့သည့် အင်္ဂလိပ်စစ်သားတစ်ဦးက   တိုက်ပွဲ (၁၅၈၅) တွင် တိုက်ပွဲမဝင်မီ Jenever ကိုသောက်သုံးခဲ့ပြီး တိုက်ပွဲအတွင်း အရှိန်တက်ခဲ့ကြောင်း အတည်ပြုဖော်ပြခဲ့သည်။ ၁၅၈၅ ခုနှစ်၌ ရှစ်နှစ်ကြာစစ်ပွဲ ဟုလူသိများသော ဒတ်ချ်တို့၏ လွတ်လပ်ရေးစစ်ပွဲကာလ Antwerp တိုက်ပွဲတွင် စပိန်ကိုဆန့်ကျင်ရန် ထောက်ခံမှုပေးခဲ့သော အင်္ဂလိပ်စစ်သားများသည် ဒတ်ချ် လူမျိုးတို့၏ အယူအရ ရဲစွမ်းသတ္တိရှိစေရန် နှင့် ၎င်းတို့၏ အေးဆေးတည်ငြိမ်သော အကျိုး သက်ရောက်မှု ရရှိစေရန်အတွက် တိုက်ပွဲမစမီအချိန်တွင် Jenever ကိုသောက်သုံးနေခဲ့ပြီး ဖြစ်သည်။ ထိုမှတဆင့် Dutch courage (အရက်မူးမှပေါ်သော သတ္တိ၊ အမူးသမား သတ္တိ) ဝေါဟာရ ဆင်းသက်ဖြစ်ပေါ်လာခဲ့သည်ဟု ယုံကြည်ကြသည်။[၃] အချို့သော အတည်မပြုနိုင်သည့် သမိုင်းအချက်အလက်များအရ ဂျင်သည် အီတလီမှစခဲ့သည် ဟု ဆိုကြသည်။[၄]

၁၇ရာစုအလယ် ကာလများတွင် များစွာသော အသေးစား အရက်ချက်လုပ်သည့် ဒတ်ချ်များနှင့် ဖလားန်းဒါဒေသနေသူများ (Flanders) တို့ကြားတွင်  မုယောစပါးများဖြင့် ဗျစ်ရည်လုပ်ခြင်း၊ juniper၊ anise၊  caraway၊  coriander၊ တို့ဖြင့် ဝိုင် ချက်လုပ်ခြင်းများသည် ခေတ်စားခဲ့ကြသည်။[၅] ၎င်းတို့ကို တိုင်းရင်းဆေးအဖြစ် ရောင်းဝယ် ဖောက်ကားခဲ့ပြီး ကျောက်ကပ်ရောဂါ၊ ခါးအောက်ပိုင်းနာခြင်း၊ အစာအိမ်ရောဂါ၊ သည်းခြေရောဂါနှင့် အဆစ်မြစ်ကိုက်ရောဂါများ ကုသရာတွင် အသုံးပြုခဲ့ကြသည်။ ထို့ပြင် ၁၇ ရာစုအစောပိုင်းတွင် ဂျင် (Gin) သည်အင်္ဂလန်တွင် ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွက်လာပြီး ပြန်လည် ထူထောင်ခြင်းကာလတွင် ခေတ္တပြန်လည်ရှင်သန်လာခဲ့သည်။ Glorious-Revolution အပြီးတွင် အင်္ဂလန်၊ စကော့တလန်နှင့် အိုင်ယာလန်နိုင်ငံတို့တွင် William III, II & I နှင့် Mary II တို့၏ အုပ်ချုပ်စဉ် ကာလ၌ ဂျင် (Gin) သည် ဘရန်ဒီ (brandy) ထက် ပို၍ လူကြိုက်များခဲ့သည်။[၆] သမိုင်းပညာရှင် Angela McShane က၎င်းကို "Protestant drink" အဖြစ်ဖော်ပြခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ကက်သလစ်အိုင်းရစ်နှင့် ပြင်သစ်တို့၏ တိုက်ပွဲတွင် မိမိစစ်တပ်များကို စိတ်ဓာတ်တက်ကြွစေရန် တိုက်ကျွေးစေခဲ့သောကြောင့်ဖြစ်သည်။[၇]

ထုတ်လုပ်ခြင်းနည်းစနစ်[ပြင်ဆင်ရန်]

ဂျင် ထုတ်လုပ်ရာတွင် မူလဇစ်မြစ်အရ ပြုလုပ်ပုံအမျိုးမျိုးရှိသော်လည်း ၎င်းတို့၏ အရသာနှင့် ပေါင်းခံပြုလုပ်ပုံနည်းစနစ်များအရ (၃)မျိုး ခွဲခြားသတ်မှတ်ထားသည်။

အိုးဖြင့်ပေါင်းခံခြင်း[ပြင်ဆင်ရန်]

အိုးဖြင့်ပေါင်းခံခြင်းသည် ရှေးကျသော နည်းစနစ်ဖြစ်ပြီး ရိုးရာနည်းစနစ်အရ မုယောစပါးကို အိုးဖြင့်ဝိုင်အချဉ်ဖောက်၍ အခြားသော ကောက်ပဲသီးနှံများဖြင့် ရောကာ ချက်လုပ်သော နည်းစနစ်ဖြစ်သည်။ Double Gin ကိုရရှိရန်အတွက် မူလ Gin ကို ကောက်ပဲသီးနှံအချို့ကို ပေါင်းထည့်ခြင်းဖြင့် ရရှိနိုင်သည်။ အိုးဖြင့် အချဉ်ဖောက်သောနည်းဖြစ်သောကြောင့် အရက်စစ် ပါဝင်နှုန်းနည်းပါသည်။ Single Gin ၏ပျင်းအားမှာ ၆၈%ABV ရှိပြီး Double Gin ၏ပျင်းအားမှာ ၇၆%ABV ရှိသည်။

ကော်လံနည်းအရ အဆင့်ဆင့်ပေါင်းခံခြင်း[ပြင်ဆင်ရန်]

ကော်လံနည်းအရ အဆင့်ဆင့်ပေါင်းခံခြင်း၌ အချဉ်စိမ်ထားသော မုယောစပါးကို Coffey still နည်းအတိုင်း အဆင့်ဆင့်ပေါင်းခံခြင်းဖြင့် ပျင်းအား ၉၆%ABV ရှိသော သဘာဝအရက်ပျံ (Natural Spirits) ကိုရရှိပြီး ၎င်းကို ကော်လံနည်းအရ အဆင့်ဆင့်ပေါင်းခံနည်း (Column still) ခြင်းဖြင့် ထပ်မံသန့်စင်ပြီး Gin ကိုထုတ်လုပ်ရရှိသည်။ အချဉ်စိမ်ရာတွင် အဓိကလိုအပ်သော အသီးအနှံများမှာ မုယောစပါး၊ သကြားမုံလာဥ၊ စပျစ်သီး၊ အာလူး၊ ကြံ၊ ဆေးသကြား နှင့်အခြားသော အသီးအနှံများလိုအပ်ပါသည်။ အဆိုပါနည်းဖြင့် တစေးဖောက်ခြင်းသည် အိုးဖြင့်ပေါင်းခံနည်းထက် ပြုလုပ်ပုံလွယ်ကူပြီး အရက်ပြင်းအားများကာ သတ်မှတ်နည်း အတိုင်းချက်လုပ်ပါက Landon Dry Gin ကိုရရှိစေသည်။

ဒြပ်ပေါင်းနည်း[ပြင်ဆင်ရန်]

ဒြပ်ပေါင်းနည်းတွင် သဘာဝအရက်ပျံ (Natural Spirits) ကို ဓာတုဗေဒဆေးဝါး အနည်းငယ်ရောစပ်၍ ချက်လုပ်သောနည်းဖြစ်သည်။ သဘာဝသီးနှံများကို ပြန်လည်ပေါင်းခံခြင်း မပြုဘဲ ချက်လုပ်သည့် နည်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. လှသမိန် (ဧပြီ ၁၉၇၈)။ "ဝဘ်ဆိုက်သို့" (pdf)။ in စာပေစိစစ်ရေးကော်မတီ (ed.)။ ဗဟုသုတ စွယ်စုံ (ပထမအကြိမ် ed.)။ တောက်တောက်ဝင်း ပုံနှိပ်တိုက်၊ ရန်ကုန်မြို့။: ဇော်မော် စာပေ။
  2. Gin၊ tasteoftx.com၊ 16 April 2009 တွင် မူရင်း အား မော်ကွန်းတင်ပြီး5 April 2009 တွင် ပြန်စစ်ပြီး
  3. Van Acker - Beittel၊ Veronique (June 2013)၊ Genever: 500 Years of History in a Bottle၊ Flemish Lion၊ ISBN 978-0-615-79585-0
  4. Origins of Gin၊ Bluecoat American Dry Gin၊ 13 February 2009 တွင် မူရင်း အား မော်ကွန်းတင်ပြီး5 April 2009 တွင် ပြန်စစ်ပြီး
  5. Forbes၊ R. J. (1997)။ A Short History of the Art of Distillation from the Beginnings up to the Death of Cellier Blumenthal။ Brill Academic Publishers။
  6. Brownlee၊ Nick (2002)။ "3 – History"This is alcohol။ Sanctuary Publishing။ pp. 84–93။ ISBN 978-1-86074-422-8
  7. BRAGG, MELVYN. TILLOTSON, SIMON. (2018)။ IN OUR TIME : the companion.။ [Place of publication not identified]: SIMON & SCHUSTER LTD။ p. 16။ ISBN 978-1-4711-7449-0OCLC 1019622766CS1 maint: multiple names: authors list (link)