Star Wars

ဝီကီပီးဒီးယား မှ
Star Wars
ဇာတ်လမ်းတွဲအားလုံးတွင် တွေ့မြင်ရသည့် Star Wars လိုဂို
ဖန်တီးသူဂျော့ဂျ် လူးကပ်စ်
မူလ လုပ်ငန်းStar Wars (၁၉၇၇)
ပုံနှိပ်ထုတ်ဝေမှုများ
ဝတ္ထုဝတ္တုများ စာရင်း
ရုပ်ပြရုပ်ပြစာအုပ် စာရင်း
ရုပ်ရှင်နှင့် တီဗွီဇာတ်လမ်းများ
ရုပ်ရှင်Saga:
Original trilogy
  • IV – A New Hope (၁၉၇၇)
  • V – The Empire Strikes Back (၁၉၈၀)
  • VI – Return of the Jedi (၁၉၈၃)

Prequel trilogy

  • I – The Phantom Menace (၁၉၉၉)
  • II – Attack of the Clones (၂၀၀၂)
  • III – Revenge of the Sith (၂၀၀၅)

Sequel trilogy

  • VII – The Force Awakens (၂၀၁၅)
  • VIII (၂၀၁၇)
  • IX (၂၀၁၉)

Anthology:

  • Rogue One (၂၀၁၆)
  • Untitled Han Solo Anthology film (၂၀၁၈)[၁]
  • Untitled Anthology film (၂၀၂၀)[၁]

Other:

  • The Clone Wars (၂၀၀၈)
တီဗွီဇာတ်လမ်းတွဲ
  • The Clone Wars (၂၀၀၈–၁၄)
  • Rebels (၂၀၁၄–လက်ရှိ)

Specials

  • Spark of Rebellion (၂၀၁၄)
  • The Siege of Lothal (၂၀၁၅)

Legends

  • Droids (၁၉၈၅–၈၆)
  • Ewoks (၁၉၈၅–၈၆)
  • Clone Wars (၂၀၀၃–၂၀၀၅)

Legends specials

  • Star Wars Holiday Special (၁၉၇၈)
  • Caravan of Courage (၁၉၈၄)
  • The Battle for Endor (၁၉၈၅)
ဂိမ်းများ
ဗီဒီယိုဂိမ်းဗီဒီယိုဂိမ်းများ စာရင်း
Miscellaneous
ကစားစရာများ
  • Action figures
  • Die-casts and model toys
  • Chess and soldiers
  • Other
Theme parks
  • Star Tours
  • Jedi Training: Trials of the Temple
  • Star Tours–The Adventures Continue
  • Star Wars Land

Star Wars (ကြယ်တာရာ စစ်ပွဲများ) သည် ဂျော့ဂျ် လူးကပ်စ် ဖန်တီးသော ရုပ်ရှင်ဇာတ်လမ်းတွဲကို ဗဟိုပြုသည့် အမေရိကန် အာကာသသိပ္ပံ စိတ်ကူးယဉ် ရုပ်သံဇာတ်လမ်းတွဲများ ဖြစ်သည်။ အဆိုပါဇာတ်လမ်းတွဲများကို "ရှေးသရောအခါက အလွန်တရာဝေးကွာလှသော ကြယ်တာရာစုတစ်ခု၌ရှိကြသော" ဇာတ်ကောင်အမျိုးမျိုး၏ စွန့်စားခန်းများဖြင့် သရုပ်ဖော်ထားသည်။

ထိုရုပ်သံဇာတ်လမ်းတွဲများကို ၁၉၇၇ ခုနှစ်တွင် ထုတ်လုပ်သော (၁၉၈၁ ခုနှစ်တွင် Episode IV: A New Hope ဟု အမည်ပြောင်းလဲခဲ့သည့်) Star Wars ရုပ်ရှင်ဖြင့် စတင်ခဲ့ပြီး[၂][၃] ကမ္ဘာတဝန်း လူငယ်များအကြား ရေပန်းစားကျော်ကြားလာခဲ့သည်။ ထိုရုပ်ရှင်၏နောက် ဆက်လက်ရိုက်ကူးခဲ့သော The Empire Strikes Back (၁၉၈၀) နှင့် Return of the Jedi (၁၉၈၃) တို့သည်လည်း ၎င်းနည်းတူ အောင်မြင်ခဲ့ပြီး အဆိုပါ ရုပ်ရှင် သုံးကားကိုပေါင်း၍ Star Wars ၏ မူရင်း သုံးကားတွဲ ဇာတ်လမ်း ဟုခေါ်သည်။ အဆိုပါမူရင်းဇာတ်လမ်းများ၏ အကြို သုံးကားတွဲ ဇာတ်လမ်းကို ၁၉၉၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း ဖြန့်ချိခဲ့ပြီး ရုပ်ရှင်ဝေဖန်ရေးသမားများနှင့် ပရိသတ်များထံမှ အမျိုးမျိုးသော တုံ့ပြန်မှုများကို ရရှိခဲ့သည်။ နောက်ဆက်တွဲ သုံးကားတွဲ ဇာတ်လမ်းကိုလည်း ၂၀၁၅ ခုနှစ်တွင် Star Wars: The Force Awakens ကို ဖြန့်ချိ၍ စတင်ခဲ့သည်။ Star Wars ရုပ်ရှင် ခုနှစ်ကားလုံး အကယ်ဒမီဆု အတွက် လျာထားခြင်းခံခဲ့ရပြီး ပထမဆုံး နှစ်ကားမှာ ဆုရရှိခဲ့သည်။ ငွေကြေးပိုင်းအနေဖြင့်လည်း ရုံဝင်ငွေ ၇ ဒဿမ ၅ သန်းကျော်အထိ[၄] အမြတ်ရခဲ့သောကြောင့် Star Wars ဇာတ်လမ်းတွဲများသည် ဝင်ငွေ တတိယအကောင်းဆုံး ရုပ်ရှင်ဇာတ်လမ်းတွဲအဖြစ် ရပ်တည်နိုင်ခဲ့သည်။[၅] Star Wars ၏ ရုပ်ရှင်ဇာတ်လမ်းခွဲများ တွင် Star Wars: The Clone Wars (၂၀၀၈) အမည်ရှိ အန်နီမေးရှင်းဇာတ်လမ်းတွဲ နှင့် Rogue One (၂၀၁၆) တို့ပါဝင်ပြီး Rouge One မှာ ပထမဆုံး စာအုပ်မှ ရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားသော ရုပ်ရှင်ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ Kit, Borys. " 'Star Wars' Han Solo spinoff In the Works With 'Lego Movie' Directors (Exclusive)", The Hollywood Reporter. Prometheus Global Media. Retrieved July 7, 2015.
  2. James Ryan။ When did Star Wars become known as A New Hope? - In A Far Away Galaxy။ 16 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 September 2016 တွင် ပြန်စစ်ပြီး။
  3. ScreenPrism။ Why was "Star Wars Episode IV: A New Hope" originally released under another title - ScreenPrism။ 18 November 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 September 2016 တွင် ပြန်စစ်ပြီး။
  4. Star Wars – Box Office HistoryThe Numbers။ June 17, 2010 တွင် ပြန်စစ်ပြီး။
  5. Movie FranchisesThe Numbers။ Nash Information Services။ January 3, 2013 တွင် ပြန်စစ်ပြီး။