ထရမ်းပက်

ဝီကီပီးဒီးယား မှ
ထရမ်းပက်
ဘီဖလက် ထရမ်းပက်
ကြေးလေမှုတ် တူရိယာ
အမျိုးအစား ကြေးလေမှုတ်

ထရမ်းပက်ဟူသော ခရာမျိုးမှာ အလျား ၈ပေရှိ၍ အဝကျယ်မှာ ၃/၈ လက်မ( ၃မူး ) မျှသာ ရှိသည်။ အဖျားဖက်သို့ ခေါင်းလောင်းပုံ ကားနေသည်။ ထိုမျှ အလျားရှည်သော ပြွန်တံကို ကိုင်ရလွယ်အောင် ကွေး၍ ခွေထားသည်။ ယင်းသို့ ကွေးထားခြင်း၊ သို့မဟုတ် ဝိုင်းခွေထားခြင်းဖြင့် ထရမ်းပက်ကို မှုတ်ရာ၌ ပင်ကိုသံ မပျက်နိုင်ပေ။ ထရမ်းပက်တွင် ပြွန်တံပေါက်ကျည်း၍ အလျားရှည်သဖြင့် မှုတ်သည့်အခါ၌ ကြည်လင် စူးရှသော အသံမျိုး ထွက်ပေါ်လာသည်။ အခင်များမရှိသဖြင့် ခလုပ်များ မလိုပေ။ မှုတ်သူသည် လေယူလေသိမ်း မှန်မှလာသျှင် အသံကို လိုသလိုနှိမ့်ချည်၊ မြှင့်ချည် ထုတ်နိုင်သဖြင့် အမှုတ်ရ ခက်သည်။ ထို့ကြောင့် ထရမ်းပက်အစား လက်နှိပ်ခလုပ်ပါသော ကောနက်ခရာတိုမျိုးကို အသုံးပြုကြသည်။ ထိုခရာမှာ တူရိယာဝိုင်းတွင် အရွယ်အားဖြင့် အသေးငယ်ဆုံး တူရိယာ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း