ဂုဏ်ဝင်း (စာရေးဆရာ)

ဝီကီပီးဒီးယား မှ

ဂုဏ်ဝင်း [၁၉၂၉ - ၂ဝဝ၂][ပြင်ဆင်ရန်]

၁၉၂၉-ခုနှစ် နိုဝင်ဘာလ (3)ရက်နေ့တွင် ရန်ကုန်မြို့၌ အဖအမျိုးသားပညာဝန် ဦးစိုးဝင်း၊ အမိဒေါ်မမကြီး တို့ကဖွားမြင်သည်။ မွေးချင်း(၃)ယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာ ဦးအောင်သန်းဝင်း ဖြစ်သည်။


ပညာသင်ဘဝ[ပြင်ဆင်ရန်]

ရန်ကုန်၊ ရေကျော် မသဒစ်ကျောင်းတွင် မူလတန်းပညာကို သင်ယူခဲ့သည်။ ၁၉၄၁-ခုနှစ် တွင် ဖခင်အလုပ်ပြောင်းရွှေ့ရာ မော်လမြိုင်မြို့သို့ လိုက်ပါခဲ့ပြီး မော်လမြိုင် ရှင်မဟာဗုဒ္ဓဃောသကျောင်း (ယခု အမှတ်(၉) အထက်တန်းကျောင်း)တွင် ဆက်လက်သင်ကြားခဲ့သည်။ စစ်ပြီးကာလတွင် မော်လမြိုင်မြို့ ဒိုင်ဝန်းကွင်း အစိုးရကျောင်းတွင် နဝမတန်းအထိ ပညာသင်ယူခဲ့သည်။ ၁၉၄၇- တွင် ဗဟန်းအစိုရကျောင်းမှ ကျောင်းထွက်လက်မှတ် ရစာမေးပွဲနှင့် ၁၉၅၁-တွင် တက္ကသိုလ်တွင် တက်ရောက်သင်ယူခဲ့ရာ ၁၉၅၄-ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရခဲ့သည်။


ဂုဏ်ဝင်း၏ ဘာသာပြန်စာအုပ်များ အနက်မှ တစ်အုပ်ဖြစ်သော အရိုင်းခေါ်သံစာအုပ်(၁၉၅၈)

အငြိမ်းစားဘဝနှင့်စာရေးဖြစ်ပုံ[ပြင်ဆင်ရန်]

၁၉၅၄-ခုနှစ်တွင်စာပေဗိမ္မာန်၌စာပြုအဖြစ်အမှုထမ်းခဲ့သည်။၁၉၅၈-တွင် လက်ထောက်အယ်ဒီတာ ထို့နောက် လက်ထောက်စာကြည့်တိုက်မှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၆၁-ခုနှစ်မှစ၍ ဘီအိုစီကုမဏီတွင် သတင်းနှင့်ပြန့်ကြားရေးဝန်အရာရှိ ၁၉၆၃-ခုနှစ်တွင် ပြည်သူ့[[ရေနံ လုပ်ငန်း]](နေင်မြန်ာ့ရေနံကော်ပိုရေးရှင်း)နှင့်အုပ်ချုပ်မှုအရာရှိအဖြစ် ဝင်ရောက်အမှုထမ်းဆောင်ခဲ့သည်။ ထို့နောက် ၁၉၈၅ ခုတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းရုံးအဖွဲ့မှူးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။ ၁၉၄၇-ခုနှစ်မှစ၍ ဒီးဒုတ်ဂျာနယ်တွင် စာစရေးသည်။ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်း(၁၉၅၂-၅၃)တွင် မြန်မာစာတည်းအဖြစ်ဆောင်ရွက် ခဲ့သည်။ ၁၉၅၄-ခုနှစ်တွင်စတင်တည်ထောင်သည့် ကလောင်အသင်း၏ အထွေထွေအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံစာရေးဆရာ စာပေကလပ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံစာရေးဆရာ သမဂ္ဂ တို့တွင် အမှုဆောင် အဖြစ်တာဝန်ယူခဲ့သည်။

ရေးသားပြုစုခဲ့သောဝတ္ထုများ[ပြင်ဆင်ရန်]

ကဗျာ၊ဆောင်းပါး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ စုံထောက်ဝတ္ထု ဘာသာပြန် များစွာရေးသားခဲ့သည်။ ပြား (၆၀)တန် ဝတ္ထုခေတ်တွင် ထိုက္ကတ္ထိ (၁၉၆၀)၊ ချစ်လျှက်နှင့်ပင် (၁၉၆၁)၊ ပင်လယ်လမ်းတို့ကို ရေးခဲ့သည်။ အရိုင်း ခေါ်သံ[၁]Jack London ၏ call of the wild (၁၉၅၈)၊ တွမ်ဆောယား (၁၉၅၆)၊ မဟာပထဝီ(၂)တွဲ (၁၉၆၀) ကိုလည်းဘာသာပြန်ခဲ့သည်။ တရစ္ဆာန်ရုံကဗျာများ (၁၉၆၈) ကိုပြုစုခဲ့သည်။ ဂုဏ်ဝင်းအပြင် အေးမွန်ကလောင် အမည်ဖြင့်လည်း ရေးခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂ဝဝ၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ကွယ်လွန်သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. http://www.sagarwarmyae.org/?p=234