ဂဏ္ဌိပုပ္ဖိယ

ဝီကီပီးဒီးယား မှ

အရှင်ဂဏ္ဌိပုပ္ဖိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

ဝိပဿီမြတ်စွာဘုရား လက်ထက်တော်အခါက ဖြစ်၏။ ထိုမြတ်စွာဘုရားသည် ကျောင်းအရံမှ ထွက်တော်မူသောအခါ အရှင်ဂဏ္ဌိပုပ္ဖိယထေရ် သည် ခရီးလမ်း၌ ညဉ့်မွှေးပန်းဖြင့် ဖြန့်ကြဲကာ ပူဇော်၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာတို့ပတ်လုံး မြတ်စွာဘုရားအား ပန်းပူဇော်ခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ လေးဆယ့်တစ်ကမ္ဘာထက်တွင် “စရဏ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဂဏ္ဌိပုပ္ဖိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သေရေယျဝဂ်၊ ပဏ္ဌိပုပ္ဖိယတ္ထေရအပဒါန်