ရေဝက်
Dugong Temporal range: Miocene-recent[၁]
| |
---|---|
A dugong photographed underwater | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Sirenia |
မျိုးရင်း: | Dugongidae |
မျိုးရင်းသေး: | Dugonginae Simpson, 1932 |
မျိုးစု: | Dugong Lacépède, 1799 |
မျိုးစိတ်: | D. dugon
|
ဒွိနာမ | |
Dugong dugon (Müller, 1776)
| |
![]() | |
Dugong range |
ရေဝက်များသည် ပင်လယ်ပြင်နေ နို့တိုက်သတ္တဝါ (Marine Mammals) များဖြစ်ကြပြီး သိပ္ပံအမည်မှာ Dugong Dugon ဟုအမည်ရပြီး မြန်မာလို “ရေဝက်”ဟု ခေါ်ဆိုကြပါသည်။ ရေဝက်ကို “ရေနွား“၊ “ရေကုလားအုတ်” ဟုလည်း ခေါ်ဆိုကြတာကိုတွေ့ရပါသည်။ ပင်လယ်ပြင်နေ နို့တိုက်သတ္တဝါမျိုးနွယ်စိတ် လေးမျိုးရှိသည့်အနက်ရေဝက်သည်လည်း တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ရေဝက်ကို အင်္ဂလိပ်လို "sea cow" or "manatee" ဟု သိရပါသည်။[၃]
ရေဝက်မျိုးစိတ်၏ ခန္ဓာဗေဒ အချက်အလက်များ
[ပြင်ဆင်ရန်]ရေဝက်များသည် သက်တမ်းရှည်ကြာနေထိုင်နိုင်သော မျိုးစိတ်များဖြစ်ကြပါသည်။ မှတ်တမ်းမှတ်ရာများအရ ရေဝက်မျိုးနွယ်စိတ်သည် သက်တမ်း နှစ် ၇၀ ခန့်အထိ နေထိုင်နိုင်သည့် သက်တမ်းရှည်မျိုးနွယ်စိတ်ဖြစ်သလို ယနေ့အချိန်တွင် မျိုးသုဉ်းရှားပါးလုနီးပါးစာရင်းတွင်လည်း ပါဝင်နေပါသည်။ မွေးကင်းစရေဝက်သားငယ်သည် အလေးချိန် ကီလိုဂရမ် ၂၀ ခန့်ရှိပြီး အရွယ်ရောက်ရေဝက်သည် ၂ ဒသမ ၂ မီတာမှ ၃ ဒသမ ၅ မိတာအထိ ရှည်လျားပါသည်။ အကြီးဆုံးတွေ့ရှိရသော အရွယ်အစားမှာ ၃ ဒသမ ၃ မီတာနှင့်အလေးချိန် ကီလိုဂရမ် ၄၀၀ ဖြစ်ပြီး အလျား ၄၀၆ မီတာနှင့် အလေးချိန် ၁၀၁၆ ကီလိုဂရမ်အထိ ရှိပါသည်။ ခန္ဓာကိုယ်ဖွဲ့စည်းမှုအနေအထားအရ ရေဝက်မျိုးစိတ်တစ်ကောင်၏ မျက်နှာပြင်ဖွဲ့စည်းမှုနှင့် မလိုက်ဖက်သည့် တိုတောင်းပြီး ပြန့်ကားသော နှုတ်သီး၊ ကျဉ်းမြောင်းသော မျက်ဝန်းတစ်စုံတို့မှာ ရုပ်ဆိုးအကျည်းတန်လှသည်ဟု သတ်မှတ်ရမလို ဖြစ်နေပါသည်။ သို့သော် ၎င်း၏ အမြီးမှာမူတိုတောင်းသော်လည်း အလျားရှည်သည်ကို တွေ့ရပါသည်။ နို့တိုက်သတ္တဝါမျိုးနွယ်စိတ်ဖြစ်သည့်နည်းတူ လူသားတို့ကို ရန်မပြုတတ်သည့် ချစ်စဖွယ်ကောင်းသော မျိုးနွယ်စိတ်ဝင်ဖြစ်ပါသည်။
အပြုအမူနှင့် ဓလေ့စရိုက်များ
[ပြင်ဆင်ရန်]ရေဝက်မျိုးနွယ်စိတ်တို့သည် သီးခြားနေထိုင်လေ့ရှိကြသည့် မျိုးနွယ်စိတ်ပင်ဖြစ်သည်။ ယေဘုယျအားဖြင့် မွေးဖွားပြီးနောက် တစ်နှစ်ခန့်သာ မိဘများနှင့်အတူနေထိုင်လေ့ရှိကြပြီး ၎င်းင်းနောက်ပိုင်းတွင် သီးခြားနေထိုင်လေ့ရှိပါသည်။ နို့တိုက်သတ္တဝါမျိုးနွယ်စိတ်ဖြစ်သည်နှင့်အညီ သဘာဝလေကို ရှူရှိုက်ရန်အတွက် ရေမျက်နှာပြင်ပေါ်သို့တစ်နေ့လျှင် အနည်းဆုံး မိနစ် ၂၀ ခန့် တက်လာလေ့ရှိတတ်ပါသည်။ ထို့ပြင် ၎င်းတို့သည် ပင်လယ်ရေအနက် ၁၀ မီတာ (၃၃ ပေ) အတွင်း၌သာ ကျင်လည်လေ့ရှိကြပါသည်။ ခန္ဓာကိုယ်အလေးချိန် ကြီးမားသော်လည်း ၎င်းတို့၏ ရေကူးအလျင်နှုန်းမှာ ၁ နာရီလျှင် ၁၀ ကီလိုမီတာအထိ ကူးနိုင်စွမ်းရှိပါသည်။ ပုံမှန်အားဖြင့် နှစ်နှစ်လျှင်တစ်ကြိမ် သားပေါက်လေ့ရှိပြီး မွေးဖွားရာတွင်လည်း တစ်ကောင်းတည်းသာ မွေးဖွားလေ့ရှိပါသည်။ ထိုသို့မွေးဖွားနိုင်ရန်အတွက် မိခင်သည် သန္ဓေသားလောင်းကို ၁၃ လမှ ၁၅ လအတွင်း လွယ်ထားရလေ့ရှိပါသည်။ ရေဝက်များသည် ပင်လယ်မြက်များကို စားသုံးကြပါသည်။ ထို့ပြင် ရေစီးကြောင်းနှင့်အတူ မျောပါနေသော သစ်ရွက်နုများ၊ ပန်းပွင့်များ၊ ပေါင်းပင်များနှင့် ရေဆလတ်ရွက်များကိုလည်း စားသုံးလေ့ရှိပါသည်။ တစ်နေ့တာ အစားအစာစားသုံးမှု ပမာဏမှာလည်း ၎င်းတို့၏ ခန္ဓာကိုယ်အလေးချိန်နှင့်မလိုက်ဖက်သည့် အစားအစာအနည်းငယ်ကိုသာ စားသုံးလေ့ရှိပါသည်။
ပျံ့နှံ့တည်ရှိရာနှင့် ဓလေ့သဘာဝ
[ပြင်ဆင်ရန်]ရေဝက်မျိုးစိတ်တို့ကို အင်ဒိုပစိဖိတ်ဒေသ၊ အပူပိုင်းနှင့် သမအပူပိုင်းဒေသများရှိ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ရေတိမ်ပိုင်းတွင်နေထိုင်ကျက်စားကြပါသည်။ သမအပူပိုင်း ကမ်းရိုးတန်းဒေသတစ်လျှောက် အာဖရိကတိုက်တောင်ပိုင်း၊ ပင်လယ်နီဒေသ၊ ပါရှန်းပင်လယ်အော်အတွင်း သီရိလင်္ကာနိုင်ငံနှင့် အိန္ဒိယနိုင်ငံနောက်ပိုင်း၊ အင်ဒိုနီးရှားနိုင်ငံ၊ ပစိဖိတ်ပင်လယ်အတွင်းမှ ကျွန်းများ၊ ဂျပန်နိုင်ငံ၊ ကျူရှူးကျွန်း၊ သြစတြေးလျတိုက်တောင်ပိုင်း၊ အလယ်ပိုင်း၊ မြောက်ပိုင်းဒေသများတွင် နေထိုင်ကျက်စားကြပါသည်။
အသက်အန္တရာယ် ခြိမ်းခြောက်မှုများ
[ပြင်ဆင်ရန်]ယခုအခါ နို့တိုက်သတ္တဝါမျိုးနွယ်စိတ်များထဲတွင် မျိုးသုဉ်းရှားပါးစာရင်းဝင်ဖြစ်နေရသည့် ရေဝက်မျိုးစိတ်တို့မှာ အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း ခံနေရပါသည်။ ၎င်းမှာ လွန်ခဲ့သောနှစ်များစွာကတည်းက လူသားတို့က ရေဝက်များကို သတ်ဖြတ်ကာ အဆီ၊အသား၊ အရိုးနှင့် အရေခွံရယူမှုတို့ကြောင့် ယနေ့အချိန်တွင် ရေဝက်များ မျိုးသုဉ်းလုနီးပါး ဖြစ်လာခဲ့ရသည်ကိုတွေ့ရှိလာရပါသည်။အထူးသဖြင့် ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာသည့် အပူချိန် မြင့်မားမှု၊ ပင်လယ်ရေထုညစ်ညမ်းမှုတို့ကလည်း ၎င်းတို့ အသက်ရှင်ရပ်တည်မှုအတွက် အခက်အခဲဖြစ်ပေါ်လျက် ရှိနေပါသည်။ တစ်ဆက်တည်းမှာပင် ကမ်းရိုးတန်းသွား သင်္ဘောကြီးများ၏ အန္တရာယ်နှင့် ငါးဖမ်းသင်္ဘောများ၏ အန္တရာယ်များကလည်း ၎င်းတို့၏ မျိုးဆက်ပျက်သုဉ်းမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ထို့ကြောင့်လည်း ရေဝက်ငါးများကို ကာကွယ်စောင့်ရှောက်ပေးရန် သက်ဆိုင်ရာနိုင်ငံများက ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်လာကြပါသည်။ရေဝက်မျိုးစိတ်ဝင်အားလုံးလိုလိုမှာ အပြည်ပြည်ဆိုင်ရာ ထိန်းသိမ်းမှုအဆင့် (CITES) တွင် ပါဝင်ပြီး အန္တရာယ်ကျရောက်နေသော မျိုးစိတ်စာရင်းတွင် ပါဝင်ပါသည်။ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ ဘေးအန္တရာယ်ပြုခြင်းတို့မပြုလုပ်ကြရန် တားမြစ်ပိတ်ပင်ထားသောမျိုးစိတ်တစ်ခုလည်း ဖြစ်ပါသည်။
ရေဝက်မျိုးစိတ်များ မျိုးသုဉ်းရသည့် အကြောင်းရင်းများ
[ပြင်ဆင်ရန်]ရေဝက်များကို ကမ်းခြေတွင် ပိုက်ဝမ်းပူများ (ကမ်းဆွဲပိုက်များ)၊ လိပ်ကျောက်ပိုက်၊ ကျောက်ပုစွန်ပိုက်၊ မျှောပိုက်များဖြင့်သာ တစ်ခါတစ်ရံ ဖမ်းဆီးရမိကြောင်း သိရှိရပါသည်။ ပင်လယ်မြက်ခင်းပြင်များအတွင်းရှိ ထောင်ထားသော လိပ်ကျောက်ပိုက်၊ ကျောက်ပုစွန်ပိုက်၊မျှောပိုက်များနှင့်သာ အများဆုံးငြိတွယ်မိပြီး သေဆုံးတတ်ကြပါသည်။ ပင်လယ်ပြင်အတွင်းသို့ အမှိုက်များ စွန့်ပစ်ခြင်းကြောင့် ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာပြီး ၎င်းင်းတို့ဂေဟစနစ်နှင့် မူရင်းဒေသများ ပျက်စီးခြင်း၊ ပင်လယ်မြက်ခင်းများအပေါ် နုန်းနှင့် အနည်အနှစ်များ ဖုံးလွှမ်းခြင်းကြောင့် ပင်လယ်မြက်ခင်းများ ပျက်စီးသွားခြင်းတို့ဖြစ်ကြပါသည်။ ရှားပါးမျိုးစိတ်ဝင် ရေဝက်များကြောင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများမှာ သဘာဝအခြေခံခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းမှတစ်ဆင့် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါသည်။ သို့ပါသောကြောင့် ရှားပါးပင်လယ်ရေနေ နို့တိုက်သတ္တဝါဖြစ်သော ရေဝက်အကြောင်း စုစည်းရေးသားလိုက်ရပါသည်။
![]() | ဤ နို့တိုက်သတ္တဝါအကြောင်း ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |
ကိုးကား
[ပြင်ဆင်ရန်]- ↑ Dugong။ 24 September 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 June 2020 တွင် ပြန်စစ်ပြီး။
- ↑ "Dugong dugon" (2019). IUCN Red List of Threatened Species 2019 (amended version of 2015 assessment). IUCN.
- ↑ ပင်လယ်ပြာ(ငါးဦးစီး) မြန်မာတောင်သူကြီးများ ဂျာနယ် ( ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်သည် ။ ) အောင်ဆန်းဘို (ပျဉ်းမနား )
၃။ ပင်လယ်ပြာ(ငါးဦးစီး) ၊ မြန်မာတောင်သူကြီးများ ဂျာနယ်