ချိုးသိမ်း
| ချိုးသိမ်း (အင်္ဂလိပ်: Shikra) | |
|---|---|
| အရွယ်ရောက်စ ချိုးသိမ်းငှက် အမ (dussumieri) | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Animalia |
| မျိုးပေါင်းစု: | Chordata |
| မျိုးပေါင်း: | Aves |
| မျိုးစဉ်: | Accipitriformes |
| မျိုးရင်း: | Accipitridae |
| မျိုးရင်းသေး: | Accipitrinae |
| မျိုးစု: | Accipiter |
| မျိုးစိတ်: | A. badius |
| ဒွိနာမ | |
| Accipiter badius Gmelin, 1788 | |
| မျိုးစိတ်ခွဲများ | |
| |
| ကျက်စားသည့် နယ်မြေဒေသများ A. badius သားပေါက်ချိန် ဒေသရင်း သားမပေါက်ချိန် | |
| Synonyms | |
|
Astur badius | |
ချိုးသိမ်း သည် သိမ်းငှက်အငယ်စားတစ်မျိုးဖြစ်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးလိုလိုပင် တွေ့ရသည်။ အလျား ၁၂ လက်မမှ ၁၄ လက်မအထိရှိ၍ ငှက်မသည် ငှက်ဖိုထက် ကိုယ်လုံးကိုယ်ထည်ကြီးသည်။ ငှက်ငယ်ကလေး၏ အထက်ပိုင်းအရောင်မှာ အညိုရင့်ရောင်ဖြစ်၍ ကိုယ်အောက်ပိုင်း၌ ဖြူကာ အညိုစင်းများရှိသည်။ ချိုးသိမ်းသည် 'တီတူးတီတူး'ဟု စူးစူးရှရှနှင့် ဆင့်၍ ဆင့်၍ အော်တတ်သည်။
ကျွန်းတောများ၊ သစ်ပင်ထူထပ်သော စိုက်ခင်းများတွင် ကျက်စားသည်။ အလွန်မြင့်သောနေရာတွင် ပျံဝဲနေတတ်၍ ဖွတ်၊ ပုတတ်၊ နှံကောင်နှင့် ငှက်ငယ်ကလေးများ စသည်တို့ကို ဖမ်းယူစားသောက်တတ်သည်။ အလွန်ဆူညံစူးရှစွာ အော်တတ်၍၊ သားပေါက်ချိန်တွင် ယင်းတို့၏အသံကို ပို၍ကြားရသည်။ ချိုးသိမ်းသည် မတ်လနှင့် ဧပြီလများတွင် သားပေါက်သည်။ အသိုက်ကို သစ်ကိုင်းခွတွင် တုတ်ချောင်း၊ မြက်ခြောက်တို့ဖြင့် ပြုလုပ်သည်။ တစ်မြုံလျှင် ပြာလဲ့လဲ့ဥ ၃ လုံးမှ ၅ လုံးအထိ ရှိတတ်သည်။ ဥအရွယ်မှာ ပျမ်းမျှအလျား ၁.၅၅ လက်မနှင့် ပြက် ၁.၂၂ လက်မ ရှိသည်။[၂]

ကိုးကား
[ပြင်ဆင်ရန်]- ↑ BirdLife International (2012). "Accipiter badius". IUCN Red List of Threatened Species 2012. IUCN.
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
| ဤ ငှက်နှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |