ချားလ်စ် သီအိုဒို ပက်ချယ်ဘဲလ်

ဝီကီပီးဒီးယား မှ

ချားလ်စ် သီအိုဒို ပက်ချယ်ဘဲလ် (အင်္ဂလိပ်: Charles Theodore Pachelbelဂျာမန်: Carl Theodorus (Karl Theodor) Pachelbel) သည် ဘားရော့ခ်ခေတ်နှောင်းပိုင်းကာလ ဂျာမန်လူမျိုး တေးရေးဆရာနှင့်အော်ဂန်တီးခတ်သူဖြစ်သည်။ နာမည်ကြီးတေးရေးဆရာဖြစ်သူ ယိုဟန် ပက်ချယ်ဘဲလ်၏ သားငယ်လည်းဖြစ်သည်။ အမေရိကသို့ရွှေ့ပြောင်းသွားခဲ့သော ဥရောပတေးရေးဆရာများအနက် တစ်ဦးအပါအဝင်ဖြစ်သည်ဟုလည်းဆိုကြသည်။

ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

ချားလ်စ် သီအိုဒို ပက်ချယ်ဘဲလ်သည် ၁၆၉၀ ခုနှစ်တွင် ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့၌ ဖွားမြင်ခဲ့သည်။ ၁၆၉၅ တွင် မိဘများနှင့်အတူ နုရင်ဘတ်ဂ်မြို့သို့ပြောင်းရွှေ့ခဲ့သည်။ ဖခင်ကွယ်လွန်ပြီးသောအခါ အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။

၁၇၃၃ ခုနှစ်တွင် မက်ဆာချူးဆက်ပြည်နယ်ဘော့စတွန်မြို့သို့ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ထိုအချိန်တွင် သူ့အားရုဒ်အိုင်းလန်းပြည်နယ်မှ အော်ဂန်တပ်ဆင်ရန်အတွက် အကူအညီတောင်းခဲ့ကြသည်။ ထို့ကြောင့်သူသည် အော်ဂန်ဆရာအဖြစ် ခေတ္တလုပ်ကိုင်ခဲ့သည်။ ၁၇၃၆ ခုနှစ်တွင် နယူးယောက်မြို့၌ဖြော်ဖြေပွဲနှစ်ပွဲကျင်းပခဲ့သည်။

သူသည်နောက်ပိုင်းတွင် တောင်ကယ်ရိုလိုင်းနားပြည်နယ်သို့နောက်ဆုံးပြောင်းရွှေ့ခဲ့သည်။ ထိုနေရာ၌ပင် ဟာနာ ပွိုင့်တီဗင် (Hanna Poitevin) နှင့်လက်ထပ်ခဲ့၍ သားတစ်ယောက်ဖွားမြင်ခဲ့သည်။ ၁၇၄၀ နှင့် ၁၇၄၉ ခုနှစ်တွင် စိန့်ဖစ်လစ် (St.Phillip's) ဘုရား‌ကျောင်း၏ အော်ဂန်ဆရာဖြစ်ခဲ့သည်။ ချားလ်စ် သီအိုဒို ပက်ချယ်ဘဲလ်သည် ၁၇၅၀ တွင်အဖျားရောဂါဖြင့်ကွယ်လွန်ခဲ့‌လေသည်။ သူ၏မယားသည် ၁၇၆၉ ခုနှစ် စက်တင်ဘာ ၆ ရက်နေ့တွင်ကွယ်လွန်ခဲ့သည်။

သီချင်းများ[ပြင်ဆင်ရန်]

ချားလ်စ် သီအိုဒို ပက်ချယ်ဘဲလ်တွင် သီချင်းအနည်းငယ်ရှိရာ ယခုအခါတွင်မူပျောက်ဆုံးသွားလေသည်။

အခြားဖတ်ရှုရန်[ပြင်ဆင်ရန်]

ကျမ်းကိုး[ပြင်ဆင်ရန်]

  • Butler, H. Joseph: "Charles Theodore Pachelbel", Grove Music Online ed. L. Macy (Accessed March 2, 2005), (subscription access)Archived 16 May 2008 at the Wayback Machine.
  • Cienniwa, Paul: "Music at Trinity" (Accessed July 25, 2011)
  • Redway, Virginia Larkin: "Charles Theodore Pachelbell, Musical Emigrant", Journal of the American Musicological Society, Vol. 5, No. 1. 1952. pp. 32–36
  • Redway, Virginia Larkin: "A New York Concert in 1736", The Musical Quarterly, Vol. 22, No. 2. 1936. pp. 170–177
  • Welter, Kathryn Jane: Johann Pachelbel: Organist, Teacher, Composer. A Critical Reexamination of His Life, Works, and Historical Significance. Harvard University, Cambridge, Massachusetts, 1998, dissertation. Available through UMI Dissertation Services, 2001. 384p
  • Williams, G.W.: "Early Organists at St Philip's, Charleston", South Carolina Historical Magazine, liv (1953), 83–87