ချဒ်သမ္မတနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက်များ စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။
This article may require cleanup to meet Wikipedia's quality standards. Please improve this article if you can. The talk page may contain suggestions.
ချဒ်သမ္မတနိုင်ငံ
Flag of Chad.svg Coat of arms of Chad.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
နိုင်ငံတော်ဆောင်ပုဒ် - "Unity, Work, Progress"
ပထဝီ
Location Chad AU Africa.svg
မြို့တော် N'Djamena
အကြီးဆုံးမြို့ မြို့တော်
ဧရိယာ
  • ဧရိယာ - ၁,၂၈၄,၀၀၀ km² (အဆင့်: ၂၁)
  • ရေဖုံးလွှမ်းမှု - ၁.၉%
စံတော်ချိန်ဇုန် UTC +၁
လူနေမှု
ရုံးသုံးဘာသာများ ပြင်သစ်ဘာသာ ၊ အာရပ်ဘာသာ
လူဦးရေ
နိုင်ငံရေး
အမျိုးအစား ပါလီမန် သမ္မတစနစ်
အစိုးရခေါင်းဆောင်များ
  • သမ္မတ - Idriss Déby
  • ဝန်ကြီးချုပ် - အင်မန်နျူရယ် မာဒင်ကာ
ထူထောင်မှု
  • လွတ်လပ်ရေး (ပြင်သစ်ထံမှ) - ၁၉၆၀ ဩဂုတ် ၁၁
စီးပွားရေး
GDP(PPP) US $ ၁၆.၀၇၄ ဘီလီယံ (အဆင့် - )
GDP(PPP) US $ ၁,၆၁၁ (အဆင့် - )
HDI ၀.၂၉၅(အနိမ့်) (အဆင့် - ၁၆၃)
ငွေ CFA ဖရန့်စ် ("XAF")
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .td
Calling code +235

ချဒ်သမ္မတနိုင်ငံ[ပြင်​ဆင်​ရန်​]

ချဒ်သမ္မတနိုင်ငံသည် အာဖရိကတိုက်အာဖရိက အလယ်ပိုင်းရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်သည်။ မြောက်ဘက်တွင်လစ်ဗျားနိုင်ငံ အရှေ့ဘက်တွင်ဆူဒန်နိုင်ငံ၊ တောင်ဘက်တွင် အလယ်ပိုင်းအာဖရိက သမ္မတနိုင်ငံ၊ အနောက်တောင်ဘက်တွင် ကင်မရွန်းနိုင်ငံနှင့် အနောက်ဘက်တွင် နိုင်ဂျာနိုင်ငံတို့ တည်ရှိသည်။ ပင်လယ်နှင့်လည်း အလှမ်းဝေးပြီး သဲကန္တာရများ ထူထပ်စွာ ရှိနေသောကြောင့် ချဒ်နိုင်ငံကို အာဖရိက၏သေဆုံးနေသောနှလုံးသား ('"Dead Heart of Africa"') ဟု တင်စားခေါ်ဆိုကြသည်။ ချဒ်နိုင်ငံသည် ၄၉၅,၇၅၂ စတုရန်းမိုင် ကျယ်ဝန်းသည်။

ချဒ်နိုင်ငံကို တိုင်းဒေသပေါင်းများစွာ ပိုင်းခြားထားသည်။ မြောက်ပိုင်းတွင် သဲကန္တာရဇုန်၊ အလယ်ပိုင်းတွင် မိုးခေါင်ခြောက်သွေ့သော ဆာဟဲလ်ဇုန်(Sahelian belt) နှင့် တောင်ပိုင်းတွင် မြေဩဇာကောင်းမွန်သော ဆူဒန်ဆားဗားနားမြက်ခင်းဇုန် (Sudan savanna) တို့ဖြစ်သည်။ ချဒ်ရေကန်ကြီး (Lake Chad) သည် ချဒ်နိုင်ငံတွင် အကြီးဆုံးသော စိုစွတ်သောမြေဧရိယာဒေသဖြစ်ပြီး အာဖရိကတိုက်တစ်ခုလုံးတွင် ဒုတိယအကြီးဆုံးဖြစ်သည်။ အမြင့်ဆုံးတောင်ထွတ်မှာ ဆာဟာရသဲကန္တာရအတွင်းရှိ အင်မီကူစီ (Emi Koussi) တောင် ဖြစ်သည်။ မြို့တော်မှာ အကြီးဆုံးမြို့ဖြစ်သော အင်ဂျမီနာ (N'Djamena) (ယခင်အခေါ် - Fort-Lamy) ဖြစ်သည်။ ချဒ်နိုင်ငံတွင် လူမျိုးစုပေါင်း (၂၀၀)ကျော်ရှိပြီး ဘာသာစကားများလည်း ကွဲပြားနေသည်။ တရားဝင် ရုံးသုံးဘာသာစကားမှာ ပြင်သစ်နှင့် အာရပ် ဘာသာစကားတို့ဖြစ်သည်။ အစ္စလမ်ဘာသာနှင့် ခရစ်ယန်ဘာသာတို့ကို ကိုးကွယ်ယုံကြည်ကြသည်။

ဘီစီ(၇,၀၀၀)ခန့်မှစ၍ ချဒ်ဒေသတွင်းသို့ လူအများအပြား ရောက်ရှိနေထိုင်ခဲ့ကြသည်။ ဘီစီ(၁,၀၀၀)ခန့်တွင် ချဒ်ဒေသ၊ ဆာဟယ်လ်ကမ်းမြောင်ဒေသ (Chad's Sahelian strip) မြောက်မြားစွာသော တိုင်းပြည်များနှင့် အင်ပါယာများ ပေါ်ထွန်းလာခဲ့သည်။ ဒေသတွင်းဖြတ်သွားသော ဆာဟာရဖြတ်ကုန်သွယ်လမ်းကြောင်းကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ကြသည်။ ၁၉၂၀တွင် ပြင်သစ်တို့က သိမ်းပိုက်ခဲ့ပြီး ပြင်သစ်ပိုင်အီကွေတာအာဖရိက (French Equatorial Africa) အဖြစ် သွတ်သွင်းခဲ့သည်။

၁၉၆၀တွင် ဖရန်ကိုစ်တွမ်ဘော်လ်ဘေး (François Tombalbaye) ၏ ဦးဆောင်မှုဖြင့် လွတ်လပ်ရေးရခဲ့သည်။ မူဆလင်များအပေါ် မမျှတစွာ ဆက်ဆံသော သူ၏ မူဝါဒများကြောင့် ၁၉၆၅တွင် ပြည်တွင်းစစ်ဖြစ်ခဲ့ရသည်။ ၁၉၇၉တွင် သူပုန်အဖွဲ့မှ မြို့တော်ကို သိမ်းပိုက်ပြီး တောင်ပိုင်းသားတို့၏ လွှမ်းမိုးမှုကို အဆုံးသတ်စေခဲ့သည်။ သို့ရာတွင် သူပုန်ခေါင်းဆောင်များကြား အချင်းချင်း စစ်ခင်းခဲ့ကြပြန်သည်။ နောက်ဆုံးတွင် သူပုန်ခေါင်းဆောင်ဟစ်ဆင်ဟေဘရယ်(Hissène Habré) က အနိုင်ရခဲ့သည်။ ၁၉၉၀တွင် သူ၏ လက်ထောက်ဖြစ်သူ ဗိုလ်ချုပ်အီဒရစ်စ်ဒေဘီ (Idriss Déby) က ဖြုတ်ချလိုက်ပြန်သည်။ မကြားသေးမီကဖြစ်ပွားခဲ့သော ဒါဖာအရေးအခင်းကြောင့် ဆူဒန်နိုင်ငံဘက်မှ စစ်ပြေးဒုက္ခသည်များ နိုင်ငံရေးမတည်ငြိမ်သော ချဒ်နိုင်ငံ အရှေ့ပိုင်းသို့ လှိမ့်ဝင်လာကြသည်။

နိုင်ငံရေးပါတီ အများအပြားရှိသော်လည်း လက်ရှိ သမ္မတဖြစ်သူ ဒေဘီ နှင့် သူ၏ ပါတီဖြစ်သော မျိုးချစ်ကယ်တင်ရေးလှုပ်ရှားမှုပါတီ (Patriotic Salvation Movement) ၏ လက်ထဲတွင်သာ အာဏာမြဲလျှက်ရှိနေသည်။ ချဒ်နိုင်ငံသည် နိုင်ငံရေး အကြမ်းဖက်မှုများ၊ အဓိကရုဏ်းများ၊ အာဏာသိမ်းရန်ကြိုးပမ်းမှုများဖြင့် မတည်မငြိမ်မှုများ ဖြစ်နေဆဲဖြစ်သည်။

ချဒ်နိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ အကျင့်ပျက်ခြစားမှု အဆိုးဆုံးနိုင်ငံများစာရင်းတွင်လည်း ပါဝင်သည်။ ချဒ်နိုင်ငံသားအများစုမှာ ဆင်းရဲစွာ အသက်မွေးလျှက် ရှိနေကြသည်။ ၂၀၀၃ခုနှစ်မှစပြီး ရေနံထုတ်လုပ်ရေးလုပ်ငန်းသည် ရိုးရာအစဉ်အလာအရ ထိပ်တန်းနေရာဖြစ်ခဲ့သော ဝါဂွမ်းစိုက်ပျိုးထုတ်လုပ်ရေး ထက် ကျော်လွန်ကာ ချဒ်နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။

ချဒ်နိုင်ငံ၏ ရာသီဥတုမှာ ဆဟာရ သဲကန္တာရနှင့်နီးကပ်သဖြင့် ခြောက်သွေ့သည်။ တစ်နှစ်တွင် မိုးရေချိန် ၂၉.၅% ခန့်သာ ရွာသွန်းသည်။ စိုက်ပျိုးရေးသည် နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းဖြစ်သည်။ ဝါဂွမ်း၊ ဆန်စပါးနှင့် မြေပဲတို့ကို စိုက်ပျိုးသော်လည်း ဝါဂွမ်းမှာ အဓိကစိုက်ပျိုးပင် ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းအပြင် ကျွဲ၊ နွား၊ သိုးနှင့် ကုလားအုပ်မွေးမြူရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ ကင်မရွန်းနိုင်ငံ အလယ်ပိုင်းအာဖရိက ပြည်သူ့သမ္မတနိုင်ငံနှင့် နိုင်ဂျာနိုင်ငံတို့ကို ရေကြောင်းလမ်းဖြင့် ဆက်သွယ်ထားသည်။ အဓိက ပြည်တွင်း ပြည်ပ လေကြောင်းနှစ်ခုရှိပြီး ကြီးကျယ်သောလေဆိပ်ကြီးများလည်းရှိသည်။ ချဒ်နိုင်ငံ၏ မြို့တော်မှာ အင်ဂျမီနာဖြစ်သည်။

ချဒ်နိုင်ငံကို ၁၈၂၂ ခုနှစ်တွင် ဗြိတိသျှခရီးသည် နှစ်ဦးဖြစ်သူ ဒန်ဟန်နှင့် ကလက်ပါတန်တို့က စတင်တွေ့ရှိ ခဲ့ကြခြင်း ဖြစ်သည်။ ၁၈၉ဝ ပြည့်နှစ်နောက်ပိုင်းတွင် ပြင်သစ် စူးစမ်းရှာဖွေသူများက ချဒ်ရေကန်၏ အရှေ့ဘက်နှင့် တောင်ဘက်ရှိ နယ်မြေများကို ပြင်သစ်အုပ်ချုပ်မှု အောက်သို့ သွတ်သွင်းခဲ့ကြသည်။ ၁၉၁ဝ မှအစပြု၍ တူဗန်ဂီရှရီးနယ် တစ်စိတ် တစ်ဒေသအဖြစ် ပြင်သစ် အီကွေတာပိုင်းအာဖရိက ကိုလိုနီနယ်ကြီး အတွင်းသို့ သွတ်သွင်းခြင်းခံခဲ့ရသည်။ ၁၉၂ဝ ပြည့်နှစ်တွင် သီးခြားကိုလိုနီ နယ်တစ်ခု ဖြစ်လာသည်။


၁၉၄၆ ခုနှစ်တွင် ချဒ်နယ်သည် လူထုမဲဆန္ဒပေးပွဲဖြင့် ပြင်သစ် ပြည်ထောင်စုတွင်း အပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ထို့နောက် ချဒ်နိုင်ငံ၏ သမ္မတဖြစ်သော ဖရန်ဆွာတွမ်ဗာလဗာယေး ခေါင်းဆောင်လျက် လုံးဝလွတ်လပ်ရေးအတွက် ကြိုးပမ်းလာခဲ့ရာ ၁၉၆ဝ ပြည့်နှစ် ဩဂုတ်လ ၁၁ ရက် နေ့တွင် လွတ်လပ်သော သမ္မတနိုင်ငံ ဖြစ်လာခဲ့သည်။ ထိုနှစ်အတွင်းတွင်ပင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။


၁၉၆၃ ခုနှစ်အတွင်းတွင် မအောင်မြင်သော အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားပြီးနောက် သမ္မတ တွမ်ဗာလဗာယေးသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ် တစ်ခုကို ထုတ်ပြန်ကြေငြာကာ အစိုးရအဖွဲ့သစ်ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ လစ်ဗျ၏ ထောက်ပံ့မှုရနေသော အာရပ်သူပုန်များသည် ၁၉၆၆ ခုနှစ်မှ အစပြု၍ ချဒ်အစိုးရနှင့် ပြင်သစ်စစ်တပ်များကို တိုက်ခိုက်ခဲ့သည်။

၁၉၇၂-၇၄ ခုနှစ်တွင် ဆဟာရနိုင်ငံများတွင် မိုးခေါင်မှုဖြစ်ပွားရာ လူပေါင်း နှစ်သောင်းကျော် အစာငတ်မွတ် ခေါင်းပါး ခြင်း ဘေးဒုက္ခကို ခံစားခဲ့ရပြီး လူထောင်ပေါင်းများစွာ သေကြေပျက်စီးခဲ့ကြရသည်။

၁၉၇၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့တွင် အာဏာသိမ်းမှုတစ်ခု ဖြစ်ပွားပြန်ရာ သမ္မတတွမ် ဗာလဗာယေး အသတ်ခံခဲ့ ရသည်။ အာဏာသိမ်းပြီးနောက် အဖွဲ့ဝင်ကိုးဦး ပါဝင်သော စစ်ကောင်စီက ဥပဒေပြု လွတ်တော် အပါအဝင်အစိုးရ၏ လုပ်ငန်းတာဝန် အားလုံးကို လွှဲယူခဲ့သည်။ နိုင်ငံရေး ပါတီများကိုလည်း တားမြစ်ခဲ့သည်။ စစ်ကောင်စီကို ဗိုလ်ချုပ်ဗဲလစ်မောလွမ်ကခေါင်းဆောင်သည်။ ၁၉၇၅ ခုနှစ် မေလတွင် မောလွမ်သည် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခြင်း ခံရသည်။ လစ်ဗျနိုင်ငံကူညီခံ အာရပ်သူပုန်များ၏ တိုက်ခိုက်မှုမှာလည်း ပိုမိုပြင်း ထန်လာခဲ့သည်။

၁၉၇၆ ခုနှစ်တွင် ချဒ်နိုင်ငံမြောက်ပိုင်းရှိ ယူရေနီယမ်နှင့် သံသတ္တုတွင်းများကို လစ်ဗျနိုင်ငံ အကူအညီခံ သူပုန်များက သိမ်းယူခဲ့ကြလေသည်။ ၁၉၇၈ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဗိုလ်ချုပ်ဖဲလစ်မော လွမ်အား ချဒ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတအဖြစ်တင်မြှောက်ခဲ့သည်။ တစ်ချိန်ထဲမှာပင် အချုပ်အခြာအာဏာ ပိုင်သော စစ်ကောင်စီကို ရုပ်သိမ်းလိုက်ပြီး မြောက်ပိုင်းလက်နက်ကိုင် အင်အားစုကောင်စီမှ သူပုန်ခေါင်းဆောင် မစ္စတာဟစ်ဆန်နီ ဟာဗရီကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ [၁]

ချဒ်နိုင်ငံသည် ၁၉၆ဝ ပြည့်နှစ် ဩဂုတ်လတွင် ပြင်သစ် တို့ထံမှ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ချဒ်နိုင်ငံမြောက်ပိုင်းမှ အစ္စလာမ်ဘာသာဝင် မူဆလင်များနှင့် တောင်ပိုင်းမှ ခရစ်ယာန်ဘာသာဝင်များ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ကြသည်။ ၁၉၇၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ပြင်သစ်အကူအညီဖြင့် အုပ်ချုပ်နေသော သမ္မတဂါတာတွမ်ဗာလဗာယေး၏ ခရစ်ယာန် လူနည်းစုအစိုးရအား ချဒ်စစ်တပ်မှ ဖြုတ်ချ၍ စစ်ဦးစီးချုပ်ဟောင်း ဖဲလစ်မောလွမ် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် အဖွဲ့ဝင် ကိုးဦးပါဝင်သော စစ်ကောင်စီကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၅ ခုနှစ် မေလတွင် စစ်ကောင်စီကို ဖျက်သိမ်းပြီး ဗိုလ်ချုပ်ကြီး ဖဲလစ် မောလွမ်က သမ္မတနှင့် ဝန်ကြီးချုပ်အဖြစ် ဦးဆောင်သော ယာယီအစိုးရကို ဖွဲ့စည်းခဲ့သည်။ သို့ရာတွင် ချဒ်နိုင်ငံ မြောက်ပိုင်းမှ မူဆလင်သူပုန် ၁၁ ဖွဲ့ကို ပေါင်းစည်းထားသည့် ချဒ်အမျိုးသား လွတ်မြောက်ရေးတပ်ဦးက ဖဲလစ်မောလွမ်၏ အစိုးရ အဖွဲ့အား ပြင်သစ်၏ အားပေးကူညီမှုဖြင့် အာဏာသိမ်းခြင်း ဖြစ်သည်ဟု စွပ်စွဲကာ ပြည်တွင်း စစ်မှာလည်း ဆက်လက် ဖြစ်ပွားနေခဲ့သည်။ ထို့ကြောင့် ဖဲလစ်မောလွမ် အစိုးရက ပြင်သစ်နိုင်ငံနှင့် ၁၉၇၆ ခုနှစ် မတ်လတွင် စာချုပ်ချုပ်ဆို၍ ပြင်သစ်စစ်တပ်များ ထားရှိကာ သူပုန်များကို နှိမ်နင်းခဲ့လေ သည်။

၁၉၇၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် လစ်ဗျနိုင်ငံနှင့် နိုင်ဂျာနိုင်ငံတို့၏ စေ့စပ်ပေးမှုကြောင့် သူပုန်တပ်များနှင့် အစိုးရတပ် များ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရရှိခဲ့ပြီးနောက် ၁၉၇၈ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ယာယီ အစိုးရသစ် ဖွဲ့စည်းခဲ့သည်။ ယင်းအစိုးရအဖွဲ့တွင် ဖဲလစ်မောလွမ်ကို ချဒ်ပြည်သူ့ သမ္မတအဖြစ် တင်မြှောက်၍ ချဒ်အမျိုးသား လွတ်မြောက်ရေးတပ်ဦးခေါင်းဆောင် မစ္စတာဟစ်ဆန်ဟာဗရီကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။

၁၉၇၉ ခုနှစ် ဇန္နဝါရီလတွင် သမ္မတနှင့် ဝန်ကြီးချုပ်တို့၏ ဆက်ဆံရေးပဋိပက္ခ ဖြစ်လာပြီးနောက် ထိုနှစ် ဖေဖေါ်ဝါရီလ တွင် နှစ်ဘက်တပ်များ ပြန်လည်ပစ်ခတ်လာကြပြန်သည်။ နိုင်ဂျီးရီးယားနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ၁၉၇၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် နိုင်ဂျီးရီးယားနိုင်ငံ ကာနိုမြို့တွင် နှစ်ဘက်စေ့စပ် ဆွေးနွေးကာ ဒျဒ်အမျိုးသား လွတ်မြောက်ရေး တပ်ဦး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဂေါက်ကိုနီအူအေဒီ ဦးဆောင်သော အမျိုးသားပြန်လည်ပေါင်းစည်းရေး ယာယီ ကောင်စီကို ဖွဲ့စည်းခဲ့သည်။ သမ္မတဖဲလစ်မောလွမ်လည်း ရာထူးမှ နုတ်ထွက်သွားသည်။

၁၉၇၉ ခုနှစ် ဩဂုတ်လတွင် စတုတ္ထအကြိမ် စေ့စပ်ရေး ကွန်ဖရင့်ကို နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့တွင် ကျင်းပရာ အမျိုးသားလွတ်မြောက်ရေးတပ်ဦး အဖွဲ့ဝင် ပြောက်ကျား (၁၁)ဖွဲ့မှ ခေါင်းဆောင်များသည် အချက်ခြောက်ချက်ပါ သဘောတူ ညီချက်တစ်ရပ်ကို ရရှိခဲ့သည်။ထိုသဘောတူညီချက်အရ မြောက်ပိုင်းသား ၁၂ ဦးနှင့် တောင်ပိုင်းသား ဆယ်ဦးတို့ ပါဝင်သော အမျိုးသား ပြန်လည်ပေါင်းစည်းရေး ကြားဖြတ်အစိုးရကို ဖွဲ့စည်းခဲ့သည်။ ယင်းအစိုးရအဖွဲ့တွင် ဂေါက်ကိုနီက သမ္မတ အဖြစ်လည်းကောင်း၊ ဟာဗရီက ကာကွယ်ရေးဝန်ကြီး အဖြစ်လည်းကောင်း ပါဝင်ခဲ့သည်။

ထိုလာဂို့စ် သဘောတူညီချက်တွင် အထွေထွေ အပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ရန်အတွက် အာဖရိက ညီညွတ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးဆောင်သော ကော်မရှင်က ကြီးကြပ်ဆောင်ရွက်ရန် ပါဝင်သည်။ သမ္မတ ဂေါက်တိုနီအား လစ်ဗျနိုင်ငံက ထောက်ခံအားပေးသည်။ ယင်းသို့ လစ်ဗျ၏အားပေးကူညီမှုကို ကာကွယ်ရေး ဝန်ကြီးဟာဗရီက ဆန့်ကျင်သည်။ ထိုသို့ သဘောထားကွဲလွဲမှုကြောင့် သမ္မတ၏တပ်များနှင့် ကာကွယ်ရေးဝန်ကြီး၏ တပ်များသည် ၁၉၈ဝ ပြည့်နှစ် မတ်လတွင် တိုက်ပွဲများ ဖြစ်ပွားလာပြန်သောကြောင့် လာဂို့စ် သဘောတူညီချက်မှာ ပျက်ပြားသွားခဲ့ပြီး ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားလာခဲ့သည်။ ချဒ်ပြည်တွင်းစစ်မှာ ခရစ်ယာန်နှင့် မူဆလင်အုပ်စုချင်း စစ်ပွဲမှ မူဆလင်အချင်းချင်း စစ်ပွဲအသွင်သို့ ပြောင်းလဲလာခဲ့သည်။ ချဒ်နိုင်ငံပြည်တွင်းစစ်ပွဲတစ်လျှောက်တွင် လစ်ဗျနိုင်ငံသည် မူဆလင်သူပုန်များဘက်မှ ဝင်ရောက်ကူညီခဲ့သည်။ သမ္မတ ဂေါက်ကိုနီနှင့် ကာကွယ်ရေးဝန်ကြီး ဟာဗရီတို့ နှစ်အုပ်စု တိုက်ပွဲများ ဖြစ်ပွားရာ လစ်ဗျနိုင်ငံသည် သမ္မတဂေါက်တိုနီ ဘက်မှ အားပေးကူညီခဲ့သည့်ပြင် လာဂို့စ်သဘောတူညီချက်အရ ဖွဲ့စည်းထားခဲ့သော ချဒ်အမျိုးသား ပြန်လည်ပေါင်းစည်းရေး အစိုးရအဖွဲ့ အတွင်း၌လည်း လစ်ဗျနိုင်ငံက သမ္မတဘက်မှ အကူအညီ ပေးခဲ့သဖြင့် ဟာဗရီ၏တပ်များနှင့် သမ္မတ၏တပ်များသည် ၁၉၈ဝ ပြည့်နှစ် မတ်လတွင် တိုက်ပွဲများ ဖြစ်ပွားကြပြန်သည်။ ယင်းသို့ ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားနေစဉ်အတွင်း ၁၉၈ဝ ပြည့်နှစ် ဇွန်လ ၁၅ ရက်နေ့တွင် သမ္မတ ဂေါက်ကိုနီသည် လစ်ဗျနိုင်ငံသို့ သွားရောက်၍ လစ်ဗျ-ချဒ်နှစ်နိုင်ငံ ချစ်ကြည်ရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်အရ ပြည်တွင်းလုံခြုံမှုနှင့် နိုင်ငံခြားကျူးကျော်မှုများ၊ ခြိမ်းခြောက်မှု များကို နှစ်နိုင်ငံ ပူးတွဲကာကွယ်ရန် ဖြစ်သည်။ ယင်းစာချုပ်ကြောင့် ကာကွယ်ရေးဝန်ကြီးဟာဗရီ၏ သူပုန်တပ်များ လှုပ်ရှားမှု ပိုမိုပြင်းထန်လာရာ အာဖရိကညီညွတ်ရေးအဖွဲ့မှ ဦးဆောင်လျက် ချဒ်ပြည်တွင်း စစ်ရပ်စဲရေးအတွက် စေ့စပ်ဖျန်ဖြေပေးမှုကြောင့် ၁၉၈ဝ ပြည့်နှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် တိုဂိုနိုင်ငံ လိုမီမြို့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သမ္မတဂေါက်ကိုနီက ရေးထိုးခဲ့သော်လည်း ဟာဗရီက ငြင်းဆန်ပြီး ဆက်လက်တိုက်ခိုက်ခဲ့သည်။


သမ္မတဂေါက်ကိုနီဘက်မှ ဒုတိယသမ္မတကာမူနှင့်နိုင်ငံခြားရေးဝန်ကြီး အာမက်တို့၏ တပ်များက ပါဝင်တိုက်ခိုက်ပေး ခဲ့ကြသဖြင့် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် မြို့တော်အင်ဂျာမီနာ၏ သုံးပုံနှစ်ပုံကို အစိုးရတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် မြို့တော် အင်ဂျာမီနာတစ်မြို့လုံးကို အစိုးရတပ်များက သိမ်းပိုက်လိုက်နိုင်သဖြင့် သူပုန်တပ်ခေါင်းဆောင် ဟာဗရီသည် ကမ္မရွန်းနိုင်ငံတွင်းသို့ ဆုတ်ခွာသွားခဲ့သည်။ ချဒ်အစိုးရတပ်များက မြို့တော်ကို သိမ်းပိုက်လိုက်နိုင်ခြင်းကြောင့် ချဒ်ပြည်တွင်းစစ် ပြီးဆုံးသွားခဲ့သည်။ နောက်နှစ်ရက်အကြာတွင် သူပုန်တပ်ခေါင်းဆောင် ကာကွယ်ရေးဝန်ကြီး ဟာဗရီသည် အပစ်အခတ်ရပ်စဲရေး လိုမီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့လေသည်။ သို့သော် ဟာဗရီက ချဒ်အစိုးရသည် တရားမဝင်ကြောင်း၊မိမိတပ်များသည် နည်းဗျူဟာ အရ ဆုတ်ခွာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲကို ဆက်လက်ဆင်နွဲရန် ချဒ်နိုင်ငံသို့ ပြန်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။ [၂]


ချဒ်သမ္မတနိုင်ငံသည် အာဖရိကတိုက် အလယ်ပိုင်း၌တည်ရှိသည်။ အရှေ့ဘက်တွင် ဆူဒန်နိုင်ငံ၊ အနောက်ဘက်တွင် ကမ္မရွန်း၊ နိုင်ဂျာ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ တောင်ဘက်တွင် အလယ်ပိုင်းအာဖရိက သမ္မတနိုင်ငံနှင့် မြောက်ဘက်တွင် လစ်ဗျနိုင်ငံတို့ ဝန်းရံတည်ရှိသည်။

၁၉၆ဝ ပြည့်နှစ် ဩဂုတ်လတွင် ပြင်သစ်ထံမှလွတ်လပ်ရေး ရရှိခဲ့ပြီးနောက် မြောက်ပိုင်းမှ အစ္စလာမ် ဘာသာဝင်များနှင့် တောင်ပိုင်းမှ ခရစ်ယာန်ဘာသာဝင်များ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ရာ ယနေ့ထက်တိုင်အောင်ပင် ဖြစ်လေသည်။ ၁၉၇၅ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ပြင်သစ်အကူအညီဖြင့် ခရစ်ယာန်လူနည်းစုအစိုးရကို ချဒ်စစ်တပ်မှဖြုတ်ချ အာဏာသိမ်းခဲ့သည်။ သို့ရာတွင် ချဒ်နိုင်ငံမြောက်ပိုင်းမှ မူဆလင်သူပုန် ၁၁ ဖွဲ့ကို ပေါင်းစည်းထားသည့် ဖရိုလီနက်ခေါ် ချဒ်အမျိုးသားလွတ်မြောက်ရေးတပ်ဦးက ယင်းအာဏာသိမ်းမှုသည် ပြင်သစ်၏ အားပေးလုပ်ဆောင်ချက်ဖြစ်သည်ဟု စွပ်စွဲကာ ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ၁၉၇၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် လစ်ဗျနိုင်ငံနှင့် နိုင်ဂျာနိုင်ငံတို့၏ စေ့စပ်ပေးမှုကြောင့် သူပုန်တပ်များနှင့် အစိုးရတပ်များ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော်လည်း သမ္မတနှင့် ဝန်ကြီးချုပ်တို့ ဆက်ဆံရေးပဋိပက္ခ ဖြစ်လာပြီး ၁၉၇၉ ခုနှစ် ဖေဖေါ်ဝါရီလတွင် နှစ်ဘက်စစ်တပ်များ ပြန်လည်ပစ်ခတ်ခဲ့သည်။ မတ်လ ၁၁ ရက်နေ့တွင် နိုင်ဂျီးရီးယားနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် နှစ်ဘက်စေ့စပ်ဆွေးနွေးကာ ချဒ်အမျိုးသားလွတ်မြောက်ရေးတပ်ဦးခေါင်းဆောင်တစ်ဦးဖြစ်သူ ဂေါက်ကိုနီ ဦးဆောင်သော အမျိုးသားပြန်လည်ပေါင်းစည်းရေး ယာယီကောင်စီကို ဖွဲ့စည်းခဲ့သည်။ သမ္မတမာလွန်း ရာထူးမှ နုတ် ထွက်သွားခဲ့လေသည်။

၁၉၇၉ ခုနှစ် ဩဂုတ်လတွင် စတုတ္ထအကြိမ် စေ့စပ်ရေးကွန်ဖရင့်ကို နိုင်ဂျီးရီးယားနိုင်ငံ လေဂို့စမြို့၌ ကျင်းပပြီး အချက်ခြောက်ချက်ပါ သဘောတူညီချက်တစ်ရပ် ရရှိခဲ့သည်။ ယင်းသဘောတူညီချက်အရ မြောက်ပိုင်းသား ၁၂ ဦးနှင့် တောင်ပိုင်းသား ၁ဝ ဦးတို့ပါဝင်သော အမျိုးသားပြန်လည် ပေါင်းစည်းရေးကြားဖြတ် အစိုးရကို ဖွဲ့စည်းခဲ့ရာ ဂေါက်ကိုနီ သည် သမ္မတအဖြစ် ဆောင်ရွက်ခွင့်ရသည်။


အကျယ်အဝန်း။ ။၄၈၈ဝဝဝ စတုရန်းမိုင်။ လူဦးရေ။ ။၄၂ဝဝဝဝဝဝ။ မြို့တော်။ ။အင်ဂျာမီနာမြို့


သမ္မတဂေါက်ကိုနီကို လစ်ဗျနိုင်ငံက အားပေးထောက်ခံပြီး ယင်းသို့ အားပေးကူညီမှုကို ကာကွယ်ရေး ဝန်ကြီး ဟာဗရီက ဆန့်ကျင်သည်။ ထိုသို့ သဘောကွဲလွဲမှုကြောင့်ပင် သမ္မတ၏ တပ်များနှင့် ကာကွယ်ရေး ဝန်ကြီး၏ တပ်များသည် ၁၉၈ဝ ပြည့်နှစ် မတ်လတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့၍ လေဂို့စသဘောတူညီချက် ပျက်ပြားပြီး ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားခဲ့သည်။

ချဒ်သမ္မတ ဂေါက်ကိုနီနှင့် ကာကွယ်ရေးဝန်ကြီး ဟာဗရီတို့ ဦးဆောင်တိုက်ခိုက်နေသည့် ချဒ်ပြည်တွင်းစစ် ပွဲသည် ၁၉၈၁ ပြည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သမ္မတ၏အစိုးရတပ် များက မြို့တော် အင်ဂျာမီနာ တစ်မြို့လုံးကို သိမ်းပိုက်လိုက် နိုင်ခြင်းဖြင့် ပြီးဆုံးသွားခဲ့သည်။

ချဒ်သမ္မတ ဂေါက်ကိုနီသည် လျစ်ဗျနိုင်ငံသို့ ၁၉၈၁ ခုနှစ် ဇန္နဝါရီလ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ သွားရောက်လည် ပတ်ခဲ့ပြီး ၆ ရက်နေ့တွင် နှစ်နိုင်ငံ ပူးတွဲကြေငြာချက်တစ်ရပ် ကို ထုတ်ပြန်ရာ၌ ချဒ်နှင့် လစ်ဗျနှစ်နိုင်ငံ အပြည့်အဝ ပေါင်း စည်းတော့မည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ချဒ်အရေးအခင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးကြရန် အိုအေယူအဖွဲ့ဝင် အာဖရိက ၁၃ နိုင်ငံတို့၏ တစ်ရက်ကြာ ထိပ်သီး အစည်းအဝေးကို တိုဂိုနိုင်ငံ လိုမေမြို့၌ ဇန္နဝါရီလ ၁၄ ရက်နေ့က ကျင်းပခဲ့ပြီး ချဒ်-လစ်ဗျ ပေါင်းစည်းရေးကို ရှုတ်ချ သည်။ အလယ်ပိုင်းအာဖရိကနိုင်ငံက လစ်ဗျတပ်များ အဆောတလျင်ဆုတ်ခွာပေးရန်လည်းတောင်းဆိုခဲ့လေသည်။ ဆူဒန်နိုင်ငံနှင့် အီဂျစ်နိုင်ငံသည် လစ်ဗျနိုင်ငံ၏ ချဒ်-လစ်ဗျပူးပေါင်းရေးအစီအစဉ်များကို ရှုတ်ချပြီး ချဒ်နိုင်ငံတွင် ရွေးကောက်ပွဲများ ပြုလုပ်ရန်နှင့် အိုအေယူငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်များထားရှိရန် တိုက်တွန်းခဲ့ကြသည်။ ၁၉၈၁ ခုနှစ် မေလ ၂၁ ရက်နေ့တွင် နိုင်ဂျီးရီးယားသမ္မတ ရှဂါရီသည် ချဒ်နိုင်ငံမှ လျစ်ဗျတပ်များ ရုပ်သိမ်းပေးရေး ဆွေးနွေးရန်အတွက် ချဒ်နိုင်ငံမြို့တော် အင်ဂျာမီနာသို့ ရောက်ရှိခဲ့သည်။

ပြင်သစ်နိုင်ငံသည် ချဒ်သမ္မတ ဂေါက်ကိုနီ၏တပ်များအတွက် စစ်လက်နက် အကူအညီများပေးခဲ့သည်။ ထိုအတော အတွင်း၌ ချဒ်နိုင်ငံတွင် သမ္မတဂေါက်ကိုနီကို သစ္စာခံသောတပ်များနှင့် နိုင်ငံခြားရေးဝန်ကြီး အေစီအာမက်ကို သစ္စာခံသောတပ်များ အကြိတ်အနယ်တိုက်ခိုက်ခဲ့ကြပြန်သည်။ သို့ဖြင့် ချဒ်နိုင်ငံမှ ဝန်ကြီးအဆင့်ကော်မတီနှင့် လစ်ဗျ အာဏာပိုင်တို့ ဆွေးနွေးပြီးနောက် လစ်ဗျတပ်များ ရုပ်သိမ်းမှုကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အပြီးသတ် ဆောင်ရွက်သင့်သည်ဟု ချဒ်အစိုးရကြေငြာချက်၌ ဖော်ပြခဲ့သည်။ ချဒ်နိုင်ငံအတွင်း၌ ရောက်ရှိနေသည့် အင်အား ၄၅ဝဝ ရှိလစ်ဗျတပ်များ ရုပ်သိမ်းပေးရန်ဟူသော သမ္မတဂေါက်ကိုနီ၏ မေတ္တာရပ်ခံချက်ကို ချဒ်နိုင်ငံရေးနှင့် စစ်ရေးအဖွဲ့အစည်းအဝေး အများအပြားက ထောက်ခံကြိုဆိုခဲ့ကြလေသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှစတင်၍ ၄၈ နာရီအတွင်း ချဒ်နိုင်ငံ အရှေ့ပိုင်းရှိ ဂွရီဒါ၊ အေဒရီနှင့် အီရီဘာမြို့များမှ လစ်ဗျတပ်စခန်းအားလုံး ရွှေ့ပြောင်းခဲ့ကြသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် လစ်ဗျနိုင်ငံ ချဒ်နိုင်ငံအရှေ့ပိုင်းမှ မိမိတို့တပ်များ ရုတ်သိမ်းပြီးစီးကြောင်းနှင့် ထိုဒေသများတွင် ချဒ်အစိုးရတပ်များက တစ်ဘက်၊ ဆူဒန်တပ်နှင့် ချဒ်ကာကွယ်ရေးဝန်ကြီးဟောင်း ဟာဗရီ၏ သူပုန်တပ်များကတစ်ဘက် အပြင်းအထန်တိုက်ပွဲ ဖြစ်ပွားနေသော်လည်း မိမိတို့က ကာကွယ်ပေးတော့မည် မဟုတ်ကြောင်း ကြေညာခဲ့သည်။ ထို့နောက် ချဒ်နိုင်ငံမှ လစ်ဗျတပ်များကို နိုဝင်ဘာလ တတိယရက်သတ္တပတ်တွင် လုံးဝရုပ်သိမ်းပြီးစီးကြောင်း လစ်ဗျနိုင်ငံက ကုလသမဂ္ဂသို့ စာဖြင့်တင်ပြခဲ့သည်။

၁ဝ လကြာဖြစ်ပွားခဲ့သော ချဒ်နိုင်ငံပြည်တွင်းစစ်ကြောင့် အိမ်နီးချင်း ကမ္မရွန်း၊ နိုင်ဂျီးရီးယားနှင့် အလယ်ပိုင်းအာဖရိက သမ္မတနိုင်ငံများသို့ ထွက်ပြေးခိုလှုံနေခဲ့ကြသည့် ချဒ်ဒုက္ခသည် ၂ဝဝဝဝဝ ခန့်အနက် ၅၁ဝဝဝ ကျော်ကို ချဒ်နိုင်ငံသို့ အောက်တိုဘာလ စောစောပိုင်းမှစတင်၍ ပြန်လည်ပေးပို့ခဲ့သည်ဟု ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးမှ နိုဝင်ဘာလ ၂၇ ရက်နေ့က ကြေညာခဲ့လေသည်။ ချဒ်နိုင်ငံမှ လစ်ဗျတပ်များ ရုပ်သိမ်းသွားပြီးနောက် အစိုးရတပ်များနှင့် သူပုန်တပ်များသည် ဆက်လက်၍ တိုက်ခိုက်နေကြဆဲဖြစ်သည်။ [၃]


ချက်သမ္မတနိုင်ငံ အစိုးရ၏ ဖိတ်ခေါ်ချက်အရ ၁၉၈ဝ ပြည့်နှစ်ကတည်းက ချက်နိုင်ငံတွင် ရောက်ရှိနေသော လစ်ဗျ တပ်များသည် ၁၉၈၁ ခုနှစ် ပြည်တွင်းစစ်အပြီးတွင် ပြည်တွင်း နှင့် ပြည်ပမှ ဝိုင်းဝန်း၍ အကြီးအကျယ် ကန့်ကွက်ခဲ့ခြင်း ကြောင့် ၁၉၈၁ ခုနှစ် နိုဝင်ဘာလတွင် ချက်နိုင်ငံမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။

လစ်ဗျတပ်များ ထွက်ခွာသွားပြီးနောက် ပြည်တွင်း ပြိုကွဲ မှုကို တားဆီးထိန်းချုပ်နိုင်ရေးအတွက် အာဖရိက ညီညွတ်ရေး အဖွဲ့ (အိုအေယူ)မှ ငြိမ်းချမ်းရေးတပ်များကို ချက်နိုင်ငံသို့ နိုဝင်ဘာလနှင့် ဒိဖင်ဘာလ များ၌ စေလွှတ်ခဲ့သည်။ သို့ရာတွင် ချက်နိုင်ငံတွင်း၌မူ နိုင်ငံရေး မငြိမ်မသက် ဖြစ်ပွးနေဆဲပင် ဖြစ်သည်။

၁၉၈၂ ခုနှစ် ဇန္နဝါရီလတွင် အိုအေယူတပ်ဖွဲ့များသည် စစ်ရေးအထောက်အပံ့နှင့် ငွေကြေး အခက်အခဲများကို ရင်ဆိုင် ခဲ့ရသည်။ ချက်နိုင်ငံသည် ထိုတပ်များကို လုံလောက်စွာ ထောက်ပံ့နိုင်ခြင်း မရှိခဲ့ချေ။

ဇန္နဝါရီလ ၁၉ ရက်နေ့တွင် ဖေရာလာဂူမြို့သည် ကာကွယ် ရေးဝန်ကြီးဟောင်း ဟာဗရီဦးဆောင်သော အက်ဖအေအင် တပ်များ လက်တွင်းသို့ ကျရောက်ခဲ့သည်။ ထို့ကြောင့် ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့တွင် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှ ၁၁ ရက်နေ့အထိ ချက်နိုင်ငံ အရေးအခင်းနှင့် စပ်လျဉ်း၍အဖြေရှာရန် အာဖရိက ညီညွတ်ရေးအဖွဲ့ (အိုအေယူ) အစည်းအဝေးတရပ် ကျင်းပခဲ့သည်။

သမ္မတဂေါက်ကိုနီ၏ ညွန့်ပေါင်းအစိုးရသည် ဟာဗရီ၏ တပ်များကို ထိရောက်အောင် မနှိမ်နင်းနိုင်ခဲ့ချေ။ လစ်ဗျ နိုင်ငံကလည်း ဂေါက်ကိုနီအစိုးရကို ငွေကြေးအထောက်အပံ့ တစ်ခုတည်းသာ ပေးခဲ့သည်။ ဟာဗရီ၏တပ်များကို ဆူဒန် နိုင်ငံက ထောက်ပံ့လျက်ရှိသည်။

ဧပြီလ ၂၈ ရက်နေ့တွင် သမ္မတဂေါက်ကိုနီသည် ဝန်ကြီး အဖွဲ့ကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်ကြောင်း ကြေငြာပြီး မေလ ၉ ရက်နေ့တွင် အဖွဲ့ဝင် ၁၅ ဦးပါ နိုင်ငံတော်ကောင်စီကို ဖွဲ့စည်း သည်။

ချက်နိုင်ငံအရေးအခင်းနှင့် စပ်လျဉ်း၍ ဒုတိယအကြိမ် အိုအေယူအစည်းအဝေးကို ဇိုင်ယာနိုင်ငံ ကင်ရှာဆာမြို့တွင် ၁၉၈၂ ခုနှစ် မေလ ၂၁ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပ သည်။ ယင်းအစည်းအဝေး၏ နှစ်ဘက်တပ်များ စေ့စပ် ပြေငြိမ်းရေးအဆိုကို သမ္မတဂေါက်ကိုနီက ငြင်းပယ်ခဲ့သည်။ ဧပြီလမှစ၍ ဟာဗရီ၏တပ်များသည် မြောက်ဘက်နှင့် အရှေ့ဘက်ဒေသများတွင် အရေးသာနေခဲ့ပြီး နိုင်ငံ၏ သုံးပုံ တပုံခန့်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထို့နောက် ဆက်တိုက်ပင် မြို့တော် အင်ဂျာမီနာသို့ ရှေးရှု၍ ၁၉၈၂ ခုနှစ် မေလ ၁၉ ရက်နေ့တွင် မော်ဆိုရိုမြို့၊ မေလ ၂၄ ရက်နေ့တွင် မော်မြို့၊ မေလ ၂၇ ရက်နေ့တွင် မက်ဆာကိုရီမြို့နှင့် ဇွန်လ ၅ ရက်နေ့တွင် မက်ဆာဂူရက်မြို့များကို ဟာဗရီ၏ တပ်များက သိမ်းပိုက်နိုင်ခဲ့သည်။ ဇွန်လ ၇ ရက်နေ့တွင် ဟာဗရီ၏တပ်များ သည် အင်ဂျာမီနာမြို့တော်ကို သိမ်းပိုက်လိုက် ကြသည်။ ထို့ကြောင့် သမ္မတဂေါက်ကိုနီသည် ကမ္မရွန်းနိုင်ငံသို့ ထွက်ပြေး ခိုလှုံနေခဲ့သည်။

ဇွန်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်ကောင်စီကို ပြန်လည် ဖွှုဲ့စည်းပြီး မစ္စတာဟာဗရီသည် ၁၉၈၂ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ချက်နိုင်ငံ၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို သည်။

ချက်နိုင်ငံခြားရေးဝန်ကြီး အိုင်ဒရစ်မစ်စကီနီက ဂျီနီဗာမြို့၌ ကျင်းပခဲ့သော ကုလသမဂ္ဂအထူးထောက်ပံ့ ရေး ကွန်ဖရင့်တွင် မိမိတို့နိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် မာရှယ်စီမံကိန်း အသေးစားတစ်ခု လိုအပ်နေ၍ နိုင်ငံတကာမှ ကူညီထောက်ပံ့ကြ ပါရန် သမ္မတဟာဗရီ၏ သဝဏ်လွှာကို နိုဝင်ဘာလ ၂၉ ရက် နေ့၌ ဖတ်ကြား တင်ပြခဲ့သည်။ ချက်နိုင်ငံသည် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံများအနက် တနိုင်ငံဖြစ်ပြီး ၁၇ နှစ်မျှ ပြည်တွင်းစစ်ဒဏ်ကို ခံနေခဲ့ရသည်။ ထို့ပြင် မိုးခေါင်ရေရှား ဒဏ်ကိုလည်း နှစ်ပေါင်းများစွာ ခံခဲ့ရသဖြင့် ၁၉၇၅ ခုနှစ်က လူတဦးချင်းဝင်ငွေ ၁၂ဝ ဒေါ်လာရှိရာမှ ယခုအခါ ဒေါ်လာ ၁ဝဝ ခန့်သာ ရှိတော့သည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေး ညွှန်ကြား ရေးမှူး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သမ္မတဟာဗရီ၏ ကြေငြာချက်တွင် ချက်နိုင်ငံ အချို့ ဒေသ၌ အစားအသောက် ထုတ်လုပ်မှုများ ရပ်ဆိုင်းနေခဲ့ရပြီး အရေးတကြီးထောက်ပံ့ရန် လိုအပ်နေကြောင်း၊ ၁၉၈၂-၈၃ ခုနှစ် ရာသီတွင်လည်း လွန်ခဲ့သည့် လေးနှစ်ကထက် သီးနှံ ထွက်နှုန်း ၁ဝ ရာခိုင်နှုန်းခန့်လျော့နည်းမည်ဟု ခန့်မှန်း ရကြောင်း၊ အင်ဂျာမီနာ မြို့တော်ရှိ အိမ်ခြေ ၆ဝ ရာခိုင်နှုန်းနှင့် အစိုးရအဆောက်အအုံ ၇၅ ရာခိုင်နှုန်းသည် ပြန်လည်ပြုပြင် ရမည် ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးရှိ မော်တော်ကားလမ်းများကို ပြုပြင်ရန်နှင့် လေဆိပ် ၄၄ ခု အနက် တစ်ခုတည်းကိုသာ အသုံးပြု၍ ရကြောင်း စသည်ဖြင့် ဖော်ပြပါရှိလေသည်။ [၄]


ချဒ်သမ္မတနိုင်ငံတွင် ၁၉၈၂ ခုနှစ် ဇွန်အတွင်းက အာဏာ ရရှိခဲ့သော ပြင်သစ် အထောက်အပံ့ခံ သမ္မတဟစ်ဆန်ဟာဗရီ၏ အစိုးရတပ်များနှင့် လစ်ဗျနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေသော သမ္မတ ဟောင်းဂေါက်ကိုနီ၏ သူပုန်တပ်များသည် ယနေ့ထက် တိုင် ဆက်လက်တိုက်ပွဲ ဝင်နေကြဆဲ ဖြစ်သည်။

ချဒ်နိုင်ငံမြောက်ပိုင်း နယ်စပ်တစ်လျှောက်တွင် လစ်ဗျတပ် များ ချထားလျက်ရှိသည်ဟု ချဒ်သမ္မတ ဟာဗရီက ၁၉၈၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် စွပ်စွဲခဲ့ပြီး ချဒ်နိုင်ငံ မြောက်ပိုင်းရှိ အိုဇူဒေသကို လစ်ဗျတို့က တိုက်ခိုက်သိမ်းယူခဲ့ ခြင်းအား ကန့်ကွက်သော ဆုံးဖြတ်ချက်မူကြမ်းကို ချဒ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ မတ်လ ၃၁ ရက်နေ့တွင် တင်သွင်းခဲ့သည်။ အိုဇူဒေသသည် ယူရေနီယမ်သတ္တုသိုက်များ ကြွယ်ဝသော ဒေသတစ်ခု ဖြစ်သည်။

ဇွန်လ ၂၃ ရက်နေ့တွင် လစ်ဗျ ကျောထောက်နောက်ခံရှိ သော သမ္မတဟောင်းဂေါက်ကိုနီ၏ သူပုန်တပ်များနှင့် သမ္မတ ဟာဗရီ၏ အစိုးရတပ်များသည် ချဒ်နိုင်ငံမြောက်ပိုင်းရှိ အိုအေ စစ် မြို့ဖြစ်သော ဖာယာလာဂူမြို့တွင် အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ သူပုန်တပ်များက ဖာယာလာဂူမြို့ကို သိမ်းပိုက် ခဲ့သည်။

ဖာယာလာဂူမြို့သည် သူပုန်တပ်များလက်တွင်းကျရောက်ပြီး ၄၈ နာရီအကြာတွင် ပြင်သစ်နိုင်ငံမှ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ခရစ်တီယာန်နူစီသည် ချဒ်နိုင်ငံသို့ သွားရောက်၍ ချဒ် နိုင်ငံ သမ္မတဗဟာရီနှင့် ဆွေးနွေးသည်၊ ပြင်သစ်နိုင်ငံသည် ချဒ်နိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ကူညီရန် သဘောတူညီချက် ပေးခဲ့သည်။

ချဒ်နိုင်ငံ အရှေ့မြောက်ပိုင်း၌ အပြင်းအထန်တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အဓိက အချက်အချာမြို့ဖြစ်သော အေဘက်ချီမြို့ သည် သူပုန်လက်တွင်းသို့ ကျရောက်ခဲ့သည်။

ဖာယာလာဂူမြို့တွင် အရေးနိမ့်ခဲ့သော သမ္မတ ဟာဗရီ၏ အစိုးရတပ်များသည် ပြင်သစ်နှင့် အမေရိကန်နိုင်ငံတို့မှ ထောက်ပံ့သော စစ်လက်နက်အကူပစ္စည်းများဖြင့် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ထိုးစစ်ဆင်နွှဲခဲ့ရာ ချဒ်နိုင်ငံ အရှေ့ပိုင်းတစ်ခုလုံးကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ သမ္မတဗဟာရီ၏ တပ်များသည် ဇူလိုင်လ ၃ဝ ရက်နေ့တွင် ဖာယာလာဂူမြို့ကို သူပုန်များလက်တွင်းမှ ပြန်လည်သိမ်းယူနိုင်ခဲ့ ပြီးမှ ချဒ်သမ္မတ ဟာဗရီက ပြင်သစ်အစိုးရအား လေကြောင်းမှ တိုက်ရိုက်ပါဝင် တိုက်ခိုက်ပေးပါရန် တရားဝင် တောင်းဆိုခဲ့ သည်။ ပြင်သစ်အစိုးရက လေယာဉ်ပစ်လက်နက်များ ထပ်မံ ပေးပို့ရန် သဘောတူညီခဲ့သည်။

0x100သဂုတ်လ ၁ဝ ရက်နေ့တွင် ဖာယာလာဂူမြို့သည် အစိုးရ တပ်များလက်မှ သူပုန်တပ်များလက်တွင်းသို့ ပြန်လည် ကျ ရောက်ခဲ့ပြန်သည်။ သူပုန်တပ်များသည် ဖာယာလာဂူမြို့အပြင် နောက်ထပ် မြို့သုံးမြို့ကိုပါ ထပ်မံသိမ်းပိုက်နိုင်ခဲ့ပြီး အင်ဂျာ မီနာမြို့မှ မိုင် ၃၅ဝ အကွာအထိ ချီတက်နိုင်ခဲ့သည်။

သမ္မတဟာဗရီက ပြင်သစ်နှင့် အမေရိကန်နှစ်နိုင်ငံအား မိမိတို့ဘက်မှ တိုက်ရိုက်ပါဝင်တိုက်ခိုက်ပေးပါရန် ပန်ကြား ခဲ့သည်။ အိုအေယူနှင့် ကုလသမဂ္ဂသို့လည်း လစ်ဗျနိုင်ငံသည် သူပုန်တပ်များဘက်မှ ဝင်ရောက် တိုက်ခိုက်နေမှုကို ရပ်ဆိုင်း ပေးပါရန် တောင်းဆိုခဲ့သည်။

ပြင်သစ်နိုင်ငံမှ တပ်ကူများစေလွှတ်ခဲ့ပြီး အင်ဂျာမီနာမြို့မှ မိုင် ၂၅ဝ အကွာရှိ အရှေ့အနောက်အမှတ် ၁၅ မျဉ်းပြိုင် ခံစစ် ကြောင်းတွင် ချဒ်အစိုးရတပ်သားများနှင့်အတူ ပြင်သစ်တပ်သား ၃၅ဝ ခန့်နှင့် ဇိုင်ယာတပ်သား ၂၂ဝဝ ခန့် ပါဝင် တိုက်ခိုက်ခဲ့ ကြသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် အစိုးရတပ်များက သူပုန် တပ်များအပေါ် အောင်ပွဲခံနိုင်သည်။ သူပုန်တပ် ခေါင်းဆောင် ဂေါက်ကိုနီက အတိုက်အခိုက် ရပ်စဲရေးအတွက် စေ့စပ်ဆွေးနွေး ရန် သဘောတူညီကြောင်းဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကြေငြာခဲ့သည်။

သို့ရာတွင် သမ္မတ ဟစ်ဆန်ဟာဗရီကမူ သူပုန်တပ် ခေါင်း ဆောင် ဂေါက်ကိုနီနှင့် မဆွေးနွေးလိုဘဲ လစ်ဗျနိုင်ငံနှင့်သာ တိုက်ရိုက်ဆွေးနွေးလိုသည်ဟု ပြောခဲ့သည်။

သမ္မတ ဟာဗရီနှင့် သူပုန်တပ်ခေါင်းဆောင် ဂေါက်ကိုနီတို့ ၏ ငြိမ်းချမ်းရေး ဆွေးနွေးမည့် အစီအစဉ်ကို ၁၉၈၄ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ ရွှေ့ဆိုင်းလိုက်ကြောင်းဖြင့် အိုအေယူ ဥက္ကဋ္ဌက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ကြေငြာခဲ့ သည်။ [၅]


တစ်ဦးချင်း တိုင်းပြည်ထွက်ကုန်တန်ဖိုးသည် ဒေါ်လာ ၈ဝ မျှသာရှိ၍ ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်သော ချဒ်နိုင်ငံ၌ ၁၉၆ဝ ပြည့်နှစ် ဩဂုတ်လတွင် လွတ်လပ်ရေးရရှိခဲ့ပြီး နောက် မြောက်ပိုင်းမှ အစ္စလာမ် ဘာသာဝင်တို့နှင့် တောင်ပိုင်းမှ ခရစ်ယာန် ဘာသာဝင်တို့သည် အာဏာခွဲဝေမှုကို အကြောင်းပြု ၍ ပြည်တွင်း စစ်ဖြစ်ပွားခဲ့ရာ ၁၉၈၇ ခုနှစ်တိုင် အပြီးသတ် ပြေငြိမ်းမှုမရှိကြသေးချေ။

ချဒ်အစိုးရ၏ မေတ္တာရပ်ခံချက် အရဟုဆိုကာ လစ်ဗျားတပ်များ ၁၉၈ဝ ပြည့်နှစ် ဒီဇင်ဘာလက ချဒ်နိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့ကြ ပြီး ၁၉၈၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် လစ်ဗျားနှင့် ချဒ်တို့နှစ်နိုင်ငံ ပေါင်းစည်းရန် ရည်ရွယ်ကြောင်းကြေညာခဲ့သည်။

ထို့နောက် လစ်ဗျားကထောက်ခံအားပေးသော သမ္မတဂေါက်ကိုနီ အွတ်ဒေအီနှင့် လစ်ဗျားကို ဆန့်ကျင်သော ကာကွယ်ရေး ဝန်ကြီး ဟစ်ဆန်ဟာဗရီတို့ သဘောထား ကွဲလွဲကြရာမှ ချဒ်ပြည်တွင်း စစ်သည် ခရစ်ယာန်နှင့် အစ္စလာမ်ဘာသာဝင် လူမျိုးစုချင်းတိုက် ပွဲအသွင်းမှ အစ္စလာမ် ဘာသာဝင် အချင်းချင်းစစ်ပွဲ အသွင်သို့ ပြောင်းသွားသည်။ ပြင်သစ်အကူအညီဖြင့် ပုန်ကန်သောဟာဗရီ ၏တပ်များသည် ၁၉၈၂ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် အင်ဂျာမီ နာမြို့တော်ကို သိမ်းပိုက်နိုင်၍ သမ္မတဂေါက်ကိုနီပြုတ်ကျခဲ့သည်။

ဂေါက်ကိုနီသည် ပြည်ပတွင် ယာယီအစိုးရ အဖွဲ့ဖွဲ့စည်းခဲ့ပြီး ချဒ်နိုင်ငံ အော်ဇော့ (အိုဇူ)ဒေသ၌အခြေစိုက်ကာ အာဏာပြန် လည်ရရှိရေးအတွက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။ ယင်းဒေသ ပိုင်ဆိုင်မှုအတွက် လစ်ဗျားနှင့်ချဒ်တို့ အငြင်းပွား လာခဲ့သည်မှာ ၁၄ နှစ်ခန့် ရှိပြီဖြစ်သည်။

သမ္မတ ဟာဗရီသည် အာဏာရပြီးနောက်ပိုင်း အစိုးရအဖွဲ့ကို အင်အားတောင့်တင်း ခိုင်မာအောင်ကြိုးစားခဲ့ရာ ၁၉၈၄ခုနှစ် ဒီဇင်ဘာလမှ ၁၉၈၅ ခုနှစ် စက်တင်ဘာလအတွင်း၌ ချဒ်နိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းဒေသများအထိ အစိုးရအာဏာ လွှမ်းမိုး လာစေခဲ့သည်။ စည်းရုံးရေးအတွက် ကွင်းဆင်း လှည့် လည်ရင်း ညီညွှတ်ရေးမိန့်ခွန်းများ ပြောကြားခြင်း၊ ဒေသဆိုင်ရာ ခေါင်းဆောင်များနှင့် ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့သည်။ ထိုအချိန် တွင် မြောက်ပိုင်းဒေသ၌ လစ်ဗျား တပ်ဖွဲ့များ ရှိနေကြောင်းကို အမေရိကန် ပြည်ထောင်စု၏ ဂြိုဟ်တုထောက်လှမ်းရေး ဓာတ်ပုံ အရသိရှိရသည်။ ဂေါက်ကိုနီ၏ တပ်များနှင့်မဟာမိတ် ပြုထား သော ကိုဒို (ကွန်မန်ဒို) သူပုန်တပ်ဖွဲ့ဝင် ၃ယ၃ဝဝ ကျော်သည် ၁၉၈၅ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် အစိုးရဘက်သို့ ကူး ပြောင်းလာခဲ့သည်။ ချဒ်နိုင်ငံ မြောက်ပိုင်းရှိ ချဒ်ပြည်သူ တို့ကို လစ်ဗျားတပ်များက နှိပ်စက်ညှဉ်းပန်းကြခြင်းကြောင့် ဂေါက်ကိုနီ ၏ တပ်များအတွင်း မကျေနပ်မှုများ ပေါ်ပေါက်ခဲ့သည်။ ထို အချိန်မှစ၍ ဂေါက်ကိုနီသည် လစ်ဗျားကို တစ်စတစ်စဆန့်ကျင် လာခဲ့သည်။ ၁၉၈၆ ခုနှစ် အောက်တိုဘာလတွင် လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ရှိ လစ်ဗျားခေါင်းဆောင် ကဒါဖီ၏ အိမ်ဝင်းအတွင်း၌ ဂေါက်ကိုနီသည် သေနတ်ပစ်ခြင်း ခံခဲ့ရသည်။ ဂေါက်ကိုနီ၏ ပေါ်ပြူလာ လက်နက်ကိုင်တပ်ဖွဲ့ (အက်ဖ်အေပီ) သည် သမ္မတ ဟာဗရီ၏ သစ္စာခံတပ်များနှင့် လက်တွဲလိုက်ကြသည်။ လစ်ဗျား သည် ချဒ်နိုင်ငံ အနောက် မြောက်ပိုင်းရှိ အခြားသူပုန် အဖွဲ့ဖြစ် သော ဒီမိုကရက်တစ် တော်လှန်ရေး ကောင်စီ (စီဒီအာ) ကို ထောက်ခံအားပေး နေပြန်သည်။ အာချစ်အီ ဘင်အိုမာ ခေါင်း ဆောင်သော စီဒီအာတပ်များကို လစ်ဗျားတပ်အင်အား ၈ဝဝဝခန့် နှင့် အစ္စလာမ္မစ် လက်ဂျင်းအမည်ခံ အာဖရိကကြေးစားတပ်သား ၅ဝဝ ခန့်က ကျောထောက်နောက်ခံ ပြုထားသည်ဟု ဆိုသည်။

ဤသို့ဖြင့် ချဒ်အစိုးရက မျိုးချစ်တော်လှန်ရေးသမားများ အဖြစ် ကြိုဆိုသော ဂေါက်ကိုနီ သစ္စာခံတပ်များနှင့် လစ်ဗျားတပ် များအကြား တိုက်ပွဲများဖြစ်ပွားလာသည်။ အမေရိကန် အစိုးရက ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် သမ္မတ ဟာဗရီ၏ မေတ္တာရပ်ခံချက်အရ ဒေါ်လာ ၁၅ သန်း တန်ဖိုးရှိအရေးပေါ်စစ် ရေး အထောက်အပံ့ ပစ္စည်းများ ပေးအပ်သည်။ ပြင်သစ်နိုင်ငံက စစ်သည် အင်အား ၁ယ၂ဝဝ၊ ဂျက်ဂွာ ဗုံးကြဲလေယာဉ် များနှင့် မီးရပ်ချ် စစ်လေယာဉ်များကို ပေးပို့ခဲ့သည်။ ထို့နောက်ဂေါက်ကို နီ၏ တပ်များနှင့် ဟာဗရီ၏တပ်များ လက်တွဲမိပြီး စစ်ရှိန်မြှင့် လာခဲ့သည်။ ၁၉၈၇ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် အော်ဇော့ ဒေသကို ချဒ်နိုင်ငံက သိမ်းပိုက်မိသည်။၁၉၇၃ ခုနှစ်ကတည်းက လစ်ဗျတို့ သိမ်းပိုက်ထားခဲ့သော အိုအေစစ်ဒေသဖြစ်သည်။၁၉၈၇ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ချဒ်နိုင်ငံ တပ်များသည် လစ်ဗျား နယ်မြေထဲသို့ ပထမဆုံး အကြိမ်ကျူးကျော် ဝင်ရောက် သည်။ လစ်ဗျား သတင်းဌာန အဆိုအရ ချဒ်တပ်ဖွဲ့ များသည် လစ်ဗျား နယ်မြေအတွင်း ၁၈၆ မိုင်ခန့်အထိဝင်ရောက်ပြီး အရပ် ဘက် လေဆိပ်တစ်ခုကို တိုက်ခိုက်သည်ဟုဆိုသည်။ အော်ဇော့ ဒေသကို လစ်ဗျားကပြန်လည် သိမ်းပိုက်မိပြီဟုသတင်းထွက်ပေါ် နေဆဲတွင် နှစ်ပေါင်းများစွာ ခံစစ်နွဲလာခဲ့သော ချဒ်နိုင်ငံက လစ်ဗျားနိုင်ငံ အတွင်းဝင်တိုက်သည်ထိ စစ်ကျယ်ပြန့်လာခြင်းဖြစ် သည်။ ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင်မူအာဖရိ က ညီညွတ်ရေးအဖွဲ့ (အိုအေယူ)၏ ကမကထပြုချက်ဖြင့်ချဒ်နှင့် လစ်ဗျားတို့ အပစ်အခတ် ရပ်စဲလိုက်ကြောင်း သတင်းထွက်ပေါ် လာပြန်သည်။

  • အကျယ်အဝန်း။ ။၄,၉၅,၇၅၅ စတုရန်းမိုင်
  • လူဦးရေ။ ။၅ဝ,၁၈,ဝဝဝ (၁၉၈၅)
  • မြို့တော်။ ။အင်ဂျာမီနာမြို့ [၆]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၂)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၁)
  3. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၂)
  4. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၃)
  5. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၄)
  6. စွယ်စုံကျမ်းနှစ်ချုပ်၊ (၁၉၈၈)