ခေလီယံ မာဖီ

ဝီကီပီးဒီးယား မှ
ခေလီယံ မာဖီ
Cillian Murphy  (အင်္ဂလိပ်)
၂၀၁၇ ခုနှစ်တွင် ရိုက်ကူးခဲ့သော ဓာတ်ပုံ
ဇာတိ အမည်Cillian Murphy
မွေးဖွား (1976-05-25) ၂၅ မေ၊ ၁၉၇၆ (အသက် ၄၇)
ကော့ခ်မြို့အိုင်ယာလန်နိုင်ငံ
အလုပ်အကိုင်သရုပ်ဆောင်
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၆ – လက်ရှိ
ဖန်တီးမှုများစာရင်းအပြည့်အစုံ
အိမ်ထောင်ဖက်(များ)Yvonne McGuinness (လက်ထပ် 2004)
သားသမီး

ခေလီယံ မာဖီ (အင်္ဂလိပ်: Cillian Murphy, /ˈkɪliən/; ၂၅ မေ ၁၉၇၆ ဖွား) သည် အိုင်းရစ်လူမျိုး ရုပ်ရှင်နှင့် ပြဇာတ်မင်းသားဖြစ်သည်။ မာဖီသည် ခရစ္စတိုဖာ နိုလန်၏ ရုပ်ရှင်ကားများဖြစ်သည့် လင်းနို့လူသားရုပ်ရှင်ကားများဖြစ်သော The Dark Knight Trilogy (၂၀၀၅ – ၂၀၁၂) တွင် သူ ပါဝင်သရုပ်ဆောင်ခဲ့သည့် Scarecrow ကဲ့သို့သော ဇာတ်ရုပ်များကြောင့် နာမည်ကျော် လူသိများသည်။ Inception နှင့် Dunkirk တို့ကဲ့သို့ ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။ ဘီဘီစီ မှ ထုတ်လွှင့်ခဲ့သော ဒရာမာရုပ်သံဇာတ်လမ်းတွဲ ပီကီ ဘလိုင်ဒါ တွင်လည်း အဓိကဇာတ်ကောင်ဖြစ်သည့် တွမ်မီ ရှဲလ်ဘီ နေရာတွင် သရုပ်ဆောင်ခဲ့သည်။ Breakfast on Pluto ဇာတ်ကားတွင် Patrick/Patricia "Kitty" Braden ဇာတ်ကောင်အဖြစ် ဇာတ်ရုပ် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သောကြောင့် ၂၀၀၅ ခုနှစ်တွင် ရွှေကမ္ဘာလုံးဆုအတွက် ဆန်ခါတင်အမည်စာရင်း တင်သွင်းခြင်းခံခဲ့ရသည်။

ဘဝအစပိုင်း[ပြင်ဆင်ရန်]

မာဖီကို ၁၉၇၆ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် အိုင်ယာလန်ရှိ ကော့ခရိုင်၊ ဒေါ့ဂလတ်(စ်)တွင်မွေးဖွားခဲ့သည်။[၁][၂] ကော့၏ ဆင်ခြေဖုံးဖြစ်သော ဘောလင်းတမ်ပယ်တွင်ကြီးပြင်းခဲ့သည်။ သူ့၏ဖခင်ဖြစ်သူ ဘရန်ဒန် မာဖီသည် အိုင်ယာလန် ပညာရေးဌာနမှ ဝန်ထမ်းဖြစ်သည်။ မိခင်ဖြစ်သူမှာ ပြင်သစ်ဘာသာ ဆရာမဖြစ်သည်။ သူသည် ကော့ ကောလိပ်တက္ကသိုလ်တွင် အဆင့်မြင့်ပညာသင်ကြားခဲ့သည်။[၃]

အသက်မွေးဝမ်းကြောင်း[ပြင်ဆင်ရန်]

မာဖီ သည် ရော့ခ်ဂီတသမားအဖြစ် အသက်မွေးဝမ်းကြောင်းမှုကို စတင်ခဲ့သည်။ အသံသွင်း စာချုပ်ကို ဖျက်သိမ်းပြီးနောက် ၁၉၉၆ ခုနှစ်တွင် Disco Pigs ဇာတ်ကားဖြင့် ၎င်း၏ သရုပ်ဆောင်အသက်မွေးဝမ်းကြောင်းမှုကို စတင်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များနှင့် ၂၀၀၀ ပြည့်နှစ်အစောပိုင်းများတွင် ဗြိတိန်နှင့် အိုင်ယာလန်ရုပ်ရှင်နှင့် စင်တင် ထုတ်လုပ်ရေးတို့တွင် သရုပ်ဆောင်ခဲ့သည်။ သူ၏ ပထမဆုံး ကမ္ဘာတစ်ဝန်းအသိအမှတ်ပြုမှုခံခဲ့ရသော ဇာတ်ရုပ်မှာ ၂၀၀၃ ခုနှစ်တွင် ထွက်ရှိခဲ့သော 28 Days Later ဇာတ်ကား၌ လူစွမ်းကောင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မာဖီ ၏ လူသိများကျော်ကြားခဲ့သော ဇာတ်ကောင်စရိုက်များမှာ ဇာတ်ကားနှစ်ကားတွင် ဗီလိန်ဇာတ်ကောင်များဖြစ်သည့်- လင်းနို့လူသား စူပါဟီးရိုးရုပ်ရှင်ဇာတ်ကားဖြစ်သော Batman Begins တွင် သရုပ်ဆောင်ခဲ့သည့် Scarecrow ဇာတ်ရုပ် နှင့် သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်သော Red Eye တွင် သရုပ်ဆောင်ခဲ့သည့် Jackson Rippner ဇာတ်ရုပ်တို့ဖြစ်သည်။ သူသည် နောက်ထပ် လင်းနို့လူသား ဇာတ်ကားနှစ်ကားဖြစ်သည့် The Dark Knight နှင့် The Dark Knight Rises တို့တွင်လည်း Scarecrow အဖြစ်ပင် သရုပ်ဆောင်ခဲ့သည်။[၄] သူသည် ၂၀၀၅ ခုနှစ်ထွက် Breakfast on Pluto ရုပ်ရှင်ကားတွင် မိဘမဲ့ဆယ်ကျော်သက်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ထိုဇာတ်ရုပ်အတွက် ရွှေကမ္ဘာလုံးဆုအတွက် ဆန်ခါတင် အမည်စာရင်းတင်သွင်းခြင်းခံခဲ့ရသည်။ သူသည် The Wind That Shakes the Barley ဇာတ်ကားတွင် ၁၉၂၀ ခုနှစ်များမှ အိုင်းရစ်တော်လှန်ရေးသမားတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သေးသည်။

သူသည် ဘီဘီစီ၏ ဒရာမာရုပ်/သံဇာတ်လမ်းတွဲ ပီကီ ဘလိုင်ဒါ တွင် အဓိကဇာတ်ကောင်ဖြစ်သော သောမတ်(စ်) ရှဲလ်ဘီ အဖြစ် သရုပ်ဆောင်ခဲ့မှုတွင်လည်း နာမည်ကျော်လူကြိုက်များခဲ့သည်။

ကိုယ်ပိုင်ဘဝ[ပြင်ဆင်ရန်]

မာဖီ သည် ၂၀၀၁ ခုနှစ်မှ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့သို့ ပြောင်းရွှေ့နေထိုင်ခြင်းမပြုမီ ၂၀၁၅ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် နေထိုင်ခဲ့သည်။[၅][၆] သူသည် သူနေထိုင်ရာ မြို့နယ်အတွင်း သို့မဟုတ် ၎င်းအနီးအနားတွင်သာ အလုပ်လုပ်လေ့ရှိသည်။ ဟောလိဝုဒ်သို့ ပြောင်းရွှေ့ဖို့ရန်ကိုမူ စိတ်ကူးထားခြင်းမရှိပေ။ သူသည် အောင်မြင်ကျော်ကြားသူ ဆယ်လီ အသိုင်းအဝိုင်းတွင် နေထိုင်ရန် နှစ်သက်ခြင်းမရှိပေ။ သူ၏ရုပ်ရှင်တွေအကြောင်း မကြာခဏ အင်တာဗျူးတွေ မေးခဲ့သော်လည်း သူ၏ ပုဂ္ဂလိက ဘဝအကြောင်း အချက်အလက်များ ပေးခဲ့ခြင်းမျိုး မရှိခဲ့ပေ။ သူသည် ၂၀၀၇ ခုနှစ်တွင် အိုင်းရစ် ရုပ်ရှင် နှင့် ရုပ်/သံ ထူးချွန်ဆုကို ရရှိခဲ့သည်။ ထို့မျှမက ၂၀၁၂ ခုနှစ်တွင်လည်း Drama Desk Award ကို ရရှိခဲ့ပြန်သည်။[၇]

မာဖီ သည် ၂၀၀၄ ခုနှစ်တွင် Yvonne McGuinness နှင့် လက်ထပ်ခဲ့သည်။[၈] သူတို့တွင် သားနှစ်ယောက် ထွန်းကားခဲ့ပြီး Malachy (၂၀၀၅ ဖွား) နှင့် Carrick (၂၀၀၇ ဖွား) ဟူ၍ အမည်ရသည်။ လက်ရှိတွင် အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင် မိသားစုနှင့်အတူ နေထိုင်လျှက်ရှိသည်။

ရိုက်ကူးရေး[ပြင်ဆင်ရန်]

၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် တွေ့ရသော ခေလီယံ မာဖီ

ပြဇာတ်ရုံ နှင့် တီဗွီဖန်သားပြင်ထက်၌ တွေ့မြင်ခဲ့ရသော ခေလီယံ မာဖီ၏ သရုပ်ဆောင်မှုများ :

ရုပ်ရှင်[ပြင်ဆင်ရန်]

ခုနှစ် ဇာတ်ကားအမည် ဇာတ်ကောင်အမည် မှတ်ချက်
1997 Quando Pat Short film[၉]
1998 The Tale of Sweety Barrett Pat the Barman
1999 Eviction Brendan McBride Short film
Sunburn Davin McDerby
At Death's Door Grim Reaper, Jr. Short film
The Trench Rag Rookwood
2000 Filleann an Feall Ger Short film
A Man of Few Words Best man Short film
2001 On the Edge Jonathan Breech
How Harry Became a Tree Gus
Disco Pigs Darren / Pig
Watchmen Phil Short film
2002 28 Days Later Jim
2003 Intermission John
Girl with a Pearl Earring Pieter
Cold Mountain Bardolph
Zonad Guy Hendrickson Short film
2005 Batman Begins Dr. Jonathan Crane / Scarecrow
Red Eye Jackson Rippner
Breakfast on Pluto Patrick "Kitten" Braden
2006 The Silent City Short film
The Wind That Shakes the Barley Damien O'Donovan
2007 Sunshine Robert Capa
Watching the Detectives Neil[၁၀]
2008 The Dark Knight Dr. Jonathan Crane / Scarecrow Cameo
The Edge of Love William Killick
Waveriders Narrator Voice
Documentary
2009 Perrier's Bounty Michael McCrea
The Water Son Short film
2010 Peacock John / Emma Skillpa
Hippie Hippie Shake Richard Neville Unreleased
Inception Robert Fischer
Tron: Legacy Edward Dillinger, Jr. Uncredited cameo
2011 Retreat Martin
In Time Raymond Leon
2012 Red Lights Tom Buckley
Broken Mike Kiernan
The Dark Knight Rises Dr. Jonathan Crane / Scarecrow Cameo
2013 Harriet and the Matches Cat Voice
Short film
2014 Aloft Ivan
Transcendence Agent Donald Buchanan
From the Mountain Narrator Voice
Short film
2015 In the Heart of the Sea Matthew Joy
2016 Anthropoid Jozef Gabčík
Free Fire Chris
2017 The Party Tom
Dunkirk Shivering Soldier
2018 The Delinquent Season Jim
The Overcoat Akaky Voice
Short film
2019 Anna Lenny Miller
2020 A Quiet Place Part II Emmett
2021 All of This Unreal Time Man Short film
2023 Kensuke's Kingdom Dad Voice
Oppenheimer J. Robert Oppenheimer Post-production
TBA Small Things Like These[၁၁] Bill Furlong Also producer; Post-production

ရုပ်/သံ ဇာတ်လမ်းတွဲ[ပြင်ဆင်ရန်]

ခုနှစ် ဇာတ်လမ်းအမည် ဇာတ်ကောင်အမည် မှတ်ချက်
2001 The Way We Live Now Paul Montague 4 episodes
2013–2022 ပီကီ ဘလိုင်ဒါ Thomas Shelby 36 episodes; also executive producer
2015 Atlantic: The Wildest Ocean on Earth Narrator (voice) 3 episodes
2019 The Irish Revolution 3 episodes
2020 Fight for First: Excel Esports 5 episodes

တေးဂီတ ဗီဒီယို[ပြင်ဆင်ရန်]

ခုနှစ် တေးသီချင်းအမည် အဆိုတော် မှတ်ချက်
2009 The Water Feist
2011 Winter Beats I Break Horses
2013 Hold Me Forever Money Director only
2015 The Clock Paul Hartnoll
2016 Stages The Frank and Walters Voice
2017 The Ways Allred and Broderick
The Meetings Of The Waters Fionn Regan
2022 Pana-vision The Smile

ဗီဒီယို ဂိမ်း[ပြင်ဆင်ရန်]

ခုနှစ် ဂိမ်းအမည် အသံဖြင့်သရုပ်ဆောင်သည့် ဇာတ်ကောင်အမည်
2005 Batman Begins Dr. Jonathan Crane / Scarecrow
2023 Peaky Blinders: The King's Ransom Thomas Shelby

ပြဇာတ်[ပြင်ဆင်ရန်]

ခုနှစ် ပြဇာတ်အမည် ဇာတ်ကောင်အမည် ပွဲတော် / ပြဇာတ်ရုံ
1996–1998 Disco Pigs Darren/"Pig" World tour[၁၂]
1998 Much Ado About Nothing Claudio Kilkenny Castle[၁၃]
1999 The Country Boy Curly Town Hall Theatre[၁၃]
1999 Juno and the Paycock Johnny Boyle Gaiety Theatre
2002 The Shape of Things Adam Gate Theatre[၁၄]
2003 The Seagull Konstantine Edinburgh International Festival[၁၅]
2004 The Playboy of the Western World Christy Mahon Town Hall Theater[၁၆]
2006 Love Song Beane Ambassadors Theatre[၁၇]
2010 From Galway to Broadway and back again. Christy Mahon Town Hall Theatre[၁၈]
2011–2012 Misterman Thomas Magill Galway Arts Festival
Royal National Theatre
St. Ann's Warehouse
2014 Ballyturk No. 1 Galway Arts Festival
Olympia Theatre
Cork Opera House
Royal National Theatre
2018–2019 Grief is the Thing with Feathers Crow, Dad Black Box Theatre
O’Reilly Theatre[၁၉]
Barbican Centre
St. Ann's Warehouse

ထူးချွန်ဆု ရရှိမှုများနှင့် ဆန်ခါတင်စာရင်းဝင်မှုများ[ပြင်ဆင်ရန်]

ခုနှစ် အမည်စာရင်းတင်သွင်းခြင်းခံရသည့် သရုပ်ဆောင်မှု ထူးချွန်ဆုပေးပွဲ အခမ်းအနား ဆုအမျိုးအစား ရလဒ် ကိုးကား
2002 Disco Pigs Ourense Independent Film Festival Award Best Actor ဆုရရှိ [၂၀]
2003 28 Days Later Empire Award Best Newcomer ဆန်ခါတင် [၂၁]
Irish Film & Television Award Best Actor in a Lead Role – Film ဆန်ခါတင်
2004 MTV Movie Award Best Breakthrough Performance ဆန်ခါတင် [၂၂]
2005 Batman Begins Irish Film & Television Award Actor in a Supporting Role – Film ဆန်ခါတင် [၂၃]
Red Eye Best Actor in a Lead Role – Film ဆန်ခါတင်
Breakfast on Pluto Satellite Award Outstanding Actor in a Motion Picture, Comedy or Musical ဆန်ခါတင် [၂၄]
2006 Batman Begins London Film Critics' Circle Award British Supporting Actor of the Year ဆန်ခါတင်
Breakfast on Pluto Golden Globe Award Best Actor – Motion Picture Musical or Comedy ဆန်ခါတင် [၂၅]
Red Eye Saturn Award Best Supporting Actor ဆန်ခါတင် [၂၆]
Breakfast on Pluto, The Wind That Shakes the Barley European Film Award Best Actor ဆန်ခါတင် [၂၇]
The Wind That Shakes the Barley British Independent Film Award Best Performance by an Actor in a British Independent Film ဆန်ခါတင် [၂၂]
Dublin Film Critics' Circle Award Best Actor ဆန်ခါတင် [၂၂]
GQ UK Award Actor of the Year ဆုရရှိ [၂၈]
2007 BAFTA Award Rising Star ဆန်ခါတင် [၂၉]
Irish Film & Television Award Best Actor in a Lead Role – Film ဆန်ခါတင် [၃၀]
Breakfast on Pluto Best Actor in a Lead Role – Film ဆုရရှိ
Sunshine British Independent Film Award Best Performance by an Actor in a British Independent Film ဆန်ခါတင် [၃၁]
2008 Irish Film & Television Award Best Actor in a Lead Role – Film
ဆန်ခါတင် [၃၂]
2010 Inception Washington D.C. Area Film Critics Association Award Best Ensemble ဆန်ခါတင် [၃၃]
Irish Film & Television Award Actor in a Supporting Role – Film ဆန်ခါတင် [၃၄]
Perrier's Bounty Actor in a Leading Role – Film ဆန်ခါတင်
2012 Misterman Irish Times Theatre Award Best Actor ဆုရရှိ [၃၅]
Drama Desk Award Outstanding One-Person Show ဆုရရှိ [၃၆]
Broken British Independent Film Award Best Supporting Actor ဆန်ခါတင် [၃၇]
2015 ပီကီ ဘလိုင်ဒါ Irish Film & Television Award Best Actor in a Lead Role in Drama ဆန်ခါတင် [၃၈]
2017 National Television Award Best Drama Performance ဆန်ခါတင် [၃၉]
Anthropoid Czech Lion Award Best Actor in Leading Role ဆန်ခါတင် [၄၀]
2018 ပီကီ ဘလိုင်ဒါ Irish Film & Television Award Best Actor in a Lead Role in Drama ဆုရရှိ [၄၁]
2020 National Television Awards Best Drama Performance ဆုရရှိ [၄၂]
Irish Film & Television Award Best Actor in a Lead Role in Drama ဆန်ခါတင် [၄၃]
2021 A Quiet Place Part II Hollywood Critics Association Midseason Film Award Best Supporting Actor ဆုရရှိ [၄၄]
2022 Critics' Choice Super Award Best Actor in a Horror Movie ဆန်ခါတင် [၄၅]
ပီကီ ဘလိုင်ဒါ National Television Awards Best Drama Performance ဆုရရှိ [၄၆]
2023 ပီကီ ဘလိုင်ဒါ British Academy Television Awards Leading Actor ဆန်ခါတင် [၄၇]

ကိုးကား[ပြင်ဆင်ရန်]

  1. "Horoscope"၊ TV Guide၊ August 16, 2021၊ စာ- 72။ 
  2. Lytal, Cristy. "The 24 Finest Performances of 2005: Cillian Murphy" Archived 2008-12-05 at the Wayback Machine., Premiere, February 2006. Retrieved 19 July 2007.
  3. Walsh, John။ "Murphy's lore: Meet the action hero who looks on the verge of tears"၊ The Independent၊ 31 March 2007။ 
  4. Jackson, Joe။ "From Cork to Gotham"၊ 8 February 2004။ 
  5. "Cillian Murphy: If you're an actor, it's essential to live like a normal person"၊ 24 September 2014။ 
  6. Lorna Siggins (3 February 2014)။ 'Persevere...and keep having a laugh,' actor Cillian Murphy tells youth groups in Galway။ 20 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 November 2016 တွင် ပြန်စစ်ပြီး။
  7. "The 50 greatest Irish film actors of all time"၊ 13 June 2020။ 
  8. McLean, Craig။ "A Close Shave"၊ 24 December 2005။ 
  9. Cillian Murphy Bio, Tribute.ca. Retrieved 25 February 2014.
  10. "Watching the Detectives (2008)", RottenTomatoes.com. Retrieved 26 May 2008.
  11. Cillian Murphy To Star In & Produce ‘Small Things Like These’ Backed By Ben Affleck & Matt Damon’s Artists Equity
  12. Disco Pigs Archived 2013-12-07 at the Wayback Machine., Corcadorca.com. Retrieved 19 July 2007.
  13. ၁၃.၀ ၁၃.၁ "Cillian Murphy" Archived 2011-01-01 at the Wayback Machine., LisaRichards.ie (Murphy's agent's website). Retrieved 10 April 2007.
  14. The Shape of Things (archived link), Gate-Theatre.ie. Retrieved 26 February 2014.
  15. The Seagull (archived link), EdinburghGuide.com. Retrieved 25 June 2007.
  16. The Playboy of the Western World, 2004, DruidTheatre.com. Retrieved 25 June 2007.
  17. Love Song, MusicOMH.com. Retrieved 25 February 2014.
  18. "From Galway to Broadway and back again 2010 - Galway", Druid Theatre, 21 May 2010. Retrieved 26 February 2014.
  19. Complicite,Complicite.org. Retrieved 30 November 2017
  20. BBC - Cillian Murphy - Media Centre။ 17 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2020 တွင် ပြန်စစ်ပြီး။
  21. "The 1st Annual Irish Film & Television Awards Winners", IFTA.ie. Retrieved 21 October 2007.
  22. ၂၂.၀ ၂၂.၁ ၂၂.၂ Cillian Murphy · BIFA · British Independent Film Awards (in en-GB) (12 October 2018)။ 9 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2020 တွင် ပြန်စစ်ပြီး။
  23. Winners 2005 | IFTA | Irish Film & Television Academy | Irish Film & Television Awards။ 9 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2020 တွင် ပြန်စစ်ပြီး။
  24. "10th Annual Satellite Awards Nominations Announcement", PressAcademy.com, 17 December 2005. Retrieved 21 September 2007.
  25. Cillian Murphy (in en)။ 14 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2020 တွင် ပြန်စစ်ပြီး။
  26. "Star Wars:Episode III – Revenge of the Sith leads the nomination list for The 32nd Annual Saturn Awards", SaturnAwards.org, 15 February 2006. Retrieved 18 October 2007.
  27. "European Film Award nominations for Murphy" (6 November 2006). RTÉ. 
  28. "McCartney is GQ's Man of the Year"၊ BBC News၊ 6 September 2006။ 
  29. "The Orange Rising Star Award 2007" Archived 14 September 2012 at the Wayback Machine., BAFTA.org. Date 9 February 2007, Retrieved 25 February 2014.
  30. Winners 2007 | IFTA | Irish Film & Television Academy | Irish Film & Television Awards။ 9 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2020 တွင် ပြန်စစ်ပြီး။
  31. Kemp, Stuart. "Brit indie film noms favor Control", The Hollywood Reporter. Retrieved 23 October 2007.
  32. "Nominees of the 5th Annual Irish Film & Television Awards" Archived 8 December 2013 at the Wayback Machine., IFTA.ie. Retrieved 9 January 2008.
  33. "The 2010 WAFCA Award Winners" Archived 8 December 2019 at the Wayback Machine., dcfilmcritics.com, 6 December 2010. Retrieved 22 March 2011.
  34. Winners of the 8th Annual Irish Film & Television Awards 2011 | IFTA | Irish Film & Television Academy | Irish Film & Television Awards။ 9 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2020 တွင် ပြန်စစ်ပြီး။
  35. Inception actor Cillian Murphy wins theatre award for Misterman။ Irishcentral.com (29 February 2012)။ 18 June 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 May 2012 တွင် ပြန်စစ်ပြီး။
  36. Cillian Murphy wins Drama Desk Award for Misterman။ Cultureireland.ie (7 June 2012)။ 27 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 June 2012 တွင် ပြန်စစ်ပြီး။
  37. Broken · BIFA · British Independent Film Awards (in en-GB) (11 October 2012)။ 17 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2020 တွင် ပြန်စစ်ပြီး။
  38. IFTA | Irish Film & Television Academy | Irish Film & Television Awards။ 9 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2020 တွင် ပြန်စစ်ပြီး။
  39. The National Television Awards 2017 – winners in full (in en) (26 January 2017)။ 7 January 2021 တွင် ပြန်စစ်ပြီး။
  40. McNeice၊ Katie (20 January 2017)။ War-drama 'Anthropoid' starring Cillian Murphy & Jamie Dornan earns 12 Czech Lion Awards Nominations | The Irish Film & Television Network။ 10 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2020 တွင် ပြန်စစ်ပြီး။
  41. IFTA | Irish Film & Television Academy | Irish Film & Television Awards။ 9 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2020 တွင် ပြန်စစ်ပြီး။
  42. Jeffery၊ Morgan (29 January 2020)။ Cillian Murphy wins best Drama Performance award at the National Television Awards (in en)။ 9 June 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 October 2020 တွင် ပြန်စစ်ပြီး။
  43. IFTA Academy | Irish Film & Television Academy | Irish Film & Television Awards။ 7 January 2021 တွင် ပြန်စစ်ပြီး။
  44. The 2021 Hollywood Critics Association (HCA) Midseason Awards Winners (in en)။ 11 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2022-02-24 တွင် ပြန်စစ်ပြီး။
  45. Couch၊ Aaron (2022-02-22)။ 'Spider-Man,' 'Shang-Chi' Lead Critics Choice Super Awards Film Nominations (in en-US)။ 2022-02-24 တွင် ပြန်စစ်ပြီး။
  46. NTAs 2022 nominations in full as Holly Willoughby and Phillip Schofield snubbed (in en) (2022-08-23)။ 2022-08-24 တွင် ပြန်စစ်ပြီး။
  47. Cillian Murphy Receives First BAFTA TV Award Nomination For 'Peaky Blinders' (in en) (2023-03-22)။ 2023-03-22 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်များ[ပြင်ဆင်ရန်]