ခိုင်ရဲခိုင်

ဝီကီပီးဒီးယား မှ
ခိုင်ရဲခိုင်
ကိုယ်ရေး အချက်အလက်များ
နိုင်ငံရေးပါတီရခိုင်ပြည်လွတ်မြောက်ရေးပါတီ

ခိုင်ရဲခိုင် သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ၏ ဥက္ကဋ္ဌ တစ်ဦး ဖြစ်သည်။[၁]

၁၉၇၄ ခုနှစ် ဇွန်လ ၁ ရက်နေ့ ကရင်ပြည်နယ်တွင် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ကို ခိုင်မိုးလင်းက ဦးဆောင်တည်ထောင်ခဲ့ပြီး စစ်ဦးစီးချုပ်နှင့် ဥက္ကဋ္ဌ တာဝန်တို့ကိုယူခဲ့ကာ ခိုင်ရဲခိုင် က ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည်။[၂] ၁၉၇၆ ခုနှစ် ဇွန်လနောက်ဆုံးအပတ်တွင် ခိုင်မိုးလင်း၊ ခိုင်ဘကျော်၊ ခိုင်ရဲခိုင်နှင့် ခိုင်နီလင်းတို့ဦးဆောင်ပြီး အင်အား (၁၂၀)ကျော်တို့က "မိုးလင်းရာဇာစစ်ကြောင်း" ဟုအမည်ပေးကာ ကရင်ပြည်နယ်မှ ရခိုင်ပြည်နယ်သို့ ခရီးထွက်ရာတွင် ကရင်ပြည်၊ ကရင်နီပြည်၊ ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းမြောက်၊ ကချင်၊ ချင်းတွင်းမြစ်၊ နာဂတောင်တန်း စသည့်တောတောင်အထပ်ထပ်ကို ဖြတ်ကျော်ခဲ့ပြီးနောက် ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီလတွင် ချင်းပြည်သို့ ရောက်ရှိခဲ့သည်။ မဆလအစိုးရက "မြရတနာစစ်ဆင်ရေး"ဖြင့် ဖြိုခွင်းခဲ့ရာ ၁၉၇၇ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ခိုင်ရဲခိုင် အပါအဝင် ၅၂ ဦး ဖမ်းဆီးခံခဲ့ရသည်။ နိုင်ငံတော်ပုန်ကန်မှုဖြင့် ခိုင်ရဲခိုင်အပါအဝင် ၇ ဦးအား သေဒဏ်ချမှတ်ခံခဲ့ရသည်။ ၁၉၈၃ ဦးနေဝင်း လက်ထက် သံဃဂိုဏ်းပေါင်းစုံဖွဲ့စည်းခြင်းအောင်မြင်မှု အထိမ်းအမှတ်အဖြစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ALP/ALA။ ၁၆ အောက်တိုဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ "ရခိုင့်တော်လှန်ရေး စာမျက်နှာထဲက ဇွန် ၄ ရက်" (in my)၊ နိုင်ငံတကာမြန်မာ့သတင်း၊ ၆ ဇွန် ၂၀၂၂။