မာတိကာသို့ ခုန်သွားရန်

ခင်ခင်ထူး

ဝီကီပီးဒီးယား မှ
ခင်ခင်ထူး
မွေးဖွား (1965-12-17) ၁၇ ဒီဇင်ဘာ၊ ၁၉၆၅ (အသက် ၅၉)
မြင်းခြံမြို့ ဥဒယရွာမန္တလေးတိုင်း
ကလောင်အမည်ခင်ခင်ထူး
အလုပ်အကိုင်အလယ်တန်းပြ ဆရာမ၊ စာရေးဆရာ
ပညာရေးဓာတုဗေဒ သိပ္ပံဘွဲ့
ကာလ၁၉၉၃ – လက်ရှိ
စာပေအမျိုးအစားအချစ် အလွမ်းနှင့် ဝတ္ထုတို
ထင်ရှားသည့်လက်ရာများမအိမ်ကံ
                             အညာသူအညာသား ကျွန်မဆွေမျိုးများ
ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများ
ရရှိသည့်ဆုများအမျိုးသား စာပေဆု (၂၀၀၃) ထွန်းဖောင်ဒေးရှင်းစာပေဆု (၂၀၀၇)
အိမ်ထောင်ဖက်နေဝင်းမြင့်
သားသမီးဖွေးဖွေးနေဝင်းမြင့်

ခင်ခင်ထူး[] []သည် မြန်မာအမျိုးသမီး စာရေးဆရာတစ်ဦးဖြစ်ကာ ဝတ္ထုတို၊ ဝတ္ထုရှည် များစွာရေးသား ထုတ်ဝေထား၍ အမျိုးသား စာပေဆု ရရှိထားသော သူလည်းဖြစ်သည်။ကျေးလက်နောက်ခံ အချစ်ဝတ္ထုများကို ရိုးရာအတွေးများဖြင့် ဖော်ကျူးရေးတတ်သူ၊ မအိမ်ကံ အခန်းဆက် ဝတ္ထုရှည်ကနေ ပရိသတ်ကြား ပေါက်သွားခဲ့သူဟု ဘီဘီစီသတင်းက ဖော်ပြသည်။ဆရာမခင်ခင်ထူး၏ အောင်မြင်ကျော်ကြားခဲ့သည့် ဝတ္ထုများစွာထဲမှ ပန်းကြာဝတ်မှုန် ဝတ္ထုသည် ရုပ်ရှင်အဖြစ် ရိုက်ကူးရာတွင် အကယ်ဒမီဆု ၂ဆုအထိရရှိခဲ့သည်။ယင်းအပြင် “ဆူးပန်းခွေသွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်” ကို “ခသုံးလုံး” ရုပ်ရှင် ထုတ်လုပ်ရေးက ဇာတ်လမ်းတွဲအဖြစ်၂၀၁၉ ခုနှစ်တွင် ပုံဖော်ရိုက်ကူးသည်။ [] []

ဘဝအကျဉ်း

[ပြင်ဆင်ရန်]

၁၉၆၅ ဒီဇင်ဘာ(၁၇)ရက်နေ့တွင် မြင်းခြံမြို့ဥဒယရွာ ၌ အဖ-ဦးညို၊ အမိ-ဒေါ်မြတင်တို့က မွေးဖွားသည်။ မွေးချင်း(၆)ယောက်တွင် တတိယမြောက် တစ်ဦးတည်းသော သမီးဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ထူးထူး ပင်ဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင် ပညာသင်ကြားခဲ့သည်။

၁၉၈၅၌ မန္တလေးတက္ကသိုလ်မှ ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ကာ ၁၉၈၉တွင် မူလတန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉ဝပြည့်နှစ်တွင် အလယ်တန်းပြဆရာမဖြစ်လာကာ ၁၉၉၂၌ မန္တလေးသို့ ပြောင်းရွှေ့ခဲ့သည်။ ဧပြီလထုတ် ရွှေဝတ်မှုန် မဂ္ဂဇင်းတွင် ပါရှိသော ပန်းပန်ပါရစေ ဝတ္ထုတိုဖြင့် စာပေနယ်သို့ စတင်ဝင်ရောက်ခဲ့ သည်။

၁၉၉၃မှစ၍ မဂ္ဂဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်များရေးသားကာ အားကစားဂျာနယ်များတွင်လည်း ဘောလုံးဆောင်းပါးများ ရေးသားခဲ့၏ ။ အချို့ဝတ္ထုတိုများကို ဂျပန်ဘာသာ၊ ဂျာမန်ဘာသာသို့ ပြန်ဆိုခဲ့ကြသည်။ ၁၉၉၉တွင် မဂ္ဂဇင်းပါဝတ္ထုတိုများကို စုစည်းလျှက် သနပ်ခါးပွင့် ဝတ္ထုတိုများထွက်ရှိခဲ့ကာ သူမ၏ ပထမဆုံး လုံးချင်းစာအုပ်ဖြစ်သည်။

၂၀၀၁ ရောက်သောအခါ အလယ်တန်းပြဆရာမအဖြစ်မှ နုတ်ထွက်၍ နောင်တစ်နှစ်တွင် 'ကျမချစ်သော ဘောလုံးသူရဲကောင်းများ' (စတားပလေယာကောက်ကြောင်း) စာအုပ်ထွက်ခဲ့သည်။ စာရေးဆရာ နေဝင်းမြင့် နှင့် အိမ်ထောင်ပြုခဲ့သည်။ ၂၀၀၃ ခုနှစ်၌ ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများ ဝတ္ထုတိုများစာအုပ် ဖြင့် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်၌ "အညာသူအညာသားကျွန်မဆွေမျိုးများ" ဝတ္ထုရှည်စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင်းစာပေဆုကိုရရှိခဲ့သည်။

စာနယ်ဇင်းများတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများ အပုဒ်(၁၀၀)ကျော်ရေးသားခဲ့ပြီး ဖြစ်လေသည်။

ထင်ရှားသောစာအုပ်များ

[ပြင်ဆင်ရန်]

ဆရာမ ခင်ခင်ထူး၏ ထင်ရှားသော စာအုပ်များမှာ :

  1. မအိမ်ကံ
  1. ပန်းကြာဝတ်မှုန်
  2. ဆူးပန်းခွေသွယ်ဘယက်နှင့်ပေရွက်လိပ်နားတောင်ဆင်
  3. ခမည်းကြိုး
  4. အညာသူအညာသား ကျွန်မဆွေမျိုးများ (၂၀၀၇ ထွန်းဖောင်ဒေးရှင်း စာပေဆု)
  5. ‌တောမင်းသမီး
  6. ဝတ်လဲတော် ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်
  7. ကျေးတစ်ရာ ရသစာစုများ
  8. မောင်ရှင်ဆိုင်းထမ်း ရသစာစုများ
  9. ပဲသင်းကောက် ရသစာစုများ
  10. သုံးချက်စည်း ဝတ္ထုလတ်များ
  11. သုံးဖန်လှ ဝတ္ထုလတ်များ
  12. သုံးလွန်းတင့် ဝတ္ထုလတ်များ
  13. စည်းကုံးကြိုး မဂ္ဂဇင်းဝတ္ထုရှည်များ
  14. ကြာဆစ်ကြိုး မဂ္ဂဇင်းဝတ္ထုရှည်များ
  15. ပန်းစည်းကြိုး မဂ္ဂဇင်းဝတ္ထုရှည်များ
  16. ပိုးရည်တောက်စာ မဂ္ဂဇင်းဝတ္ထုရှည်များ
  17. ဆံရစ်ဝိုင်း ဝတ္ထုတိုများ
  18. ဇော်နီကွမ်းသွေး ဝတ္ထုတိုများ
  19. ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများ (၂၀၀၃ အမျိုးသားစာပေ ဝတ္ထုတိုများ ဆု)
  20. ပါးကွက်ကြား ဝတ္ထုတိုများ
  21. ‌သျှောင်ပေစူး ဝတ္ထုတိုများ
  22. ဈေးခြင်းတောင်း ဝတ္ထုတိုများ
  23. လှည်းယဉ်ကြော့ ဝတ္ထုတိုများ
  24. ခင်ခင်ထူး (လက်ရွေးစင်ဝတ္ထုတိုများ)
  25. ရက်ကန်းလွန်း ဝတ္ထုတိုများ
  26. သနပ်ခါးပွင့် ဝတ္ထုတိုများ
  27. ကျမချစ်သော ဘောလုံးသူရဲကောင်းများ
  28. မြို့ကလေးရဲ့ကော်ဖတ်စက္ကူ ( ဆရာသိုက်ထွန်း နှင့်)
  29. ပင်လယ်ဖြတ်တဲ့လှည်း (ဆရာစိုးဘားဒိုင် နှင့်)
  30. စပယ်တင်မှဲ့ (ဆရာနေဝင်းမြင့် နှင့်)[]

ဆုတံဆိပ်များ

[ပြင်ဆင်ရန်]

၂၀၀၃ ခုနှစ်တွင် အမျိုးသားစာပေဆု ကို ဖက်စိမ်းကွမ်းတောင် ရွှေဝတ္ထုတိုများ ဝတ္ထုတိုစာအုပ် ဖြင့်ရရှိခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်းစာပေဆု ကို ""အညာသူအညာသားကျွန်မဆွေမျိုးများ" ဝတ္ထုရှည်စာအုပ်ဖြင့်ရရှိခဲ့သည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. ခင်ခင်ထူး ကိုယ်ရေးအကျဉ်း Burma Reader 17 January 2022 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. နန်းတွင်းမှ မော်ဒန်သို့၊ နှစ် ၁ဝဝ အတွင်း ထင်ရှားတဲ့ မြန်မာ ဝတ္ထုရေးဆရာမ ၁ဝ ဦး BBC Burmese (၆ဒီဇင်ဘာ၂၀၁၈)။ ၃၁မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. "ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ဝတ္ထုကို ပြန်ရိုက်ရတာ တာဝန် အရမ်းကြီးတယ်" ဧရာဝတီသတင်း (၁ဇွန်၂၀၁၉)။ ၃၁မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုကို ပရိသတ် ကြည့်ရကျိုးနပ်အောင် ရိုက်ကူးသွားမယ်လို့ ခန့်စည်သူ ပြော ဧရာဝတီသတင်း (၃၀မေ၂၀၁၉)။ ၃၁မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။
  5. အလုံမြို့နယ်တွင် စာဖတ်ဝိုင်းပြုလုပ် Myanmar Digital News (၃၁ဩဂုတ်၂၀၁၉)။ 31 March 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၃၁မတ်၂၀၂၃ တွင် ပြန်စစ်ပြီး။