နေဝင်းမြင့်

ဝီကီပီးဒီးယား မှ
နေဝင်းမြင့်
မွေးဖွားဝင်းမြင့်၊ ခင်မောင်ဝင်း
(၁၉၅၂-0၂-0၆) ဖေဖော်ဝါရီ ၆၊ ၁၉၅၂ (အသက် ၇၂)
ကုန်းဇောင်းရွာ၊ ပွင့်ဖြူမြို့နယ်၊ မကွေးတိုင်း
ကလောင်အမည်ဝင်းဖွေး၊ အောင်မောင်း
ရရှိသည့်ဆုများ
အိမ်ထောင်ဖက်ခင်ခင်ထူး

နေဝင်းမြင့် (၆ ဖေဖော်ဝါရီ ၁၉၅၂ မွေးဖွား) သည် မြန်မာ အမျိုးသား စာရေးဆရာတစ်ဦးဖြစ် အမျိုးသားစာပေဆု ၃ ကြိမ်ရရှိထားသူ ဖြစ်သည်။

၁၉၅၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် မကွေးတိုင်း ကုန်းဇောင်းရွာ၊ ပွင့်ဖြူမြို့နယ်တွင် အဖ-ဦးဘရွှေ၊ အမိ-ဒေါ်သိန်းတို့က မွေးဖွားသည်။ အမည်ရင်းမှာ ဝင်းမြင့်(ခ)ခင်မောင်ဝင်းဖြစ်သည်။ ဇနီး- စာရေးဆရာမ ခင်ခင်ထူးနှင့်အတူ မန္တလေးမြို့တွင်နေထိုင်ရင်း စာပေများ ရေးသားပြုစုနေသည်။ ကလောင်အမည်ကွဲများမှာ ဝင်းဖွေး၊ အောင်မောင်း စသည်တို့ ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

၁၉၅၇ - ငယ်စဉ်က ကုန်းဇောင်းကျေးရွာ အလယ်တန်းကျောင်းတွင် ပဉ္စမတန်းအထိ ပညာသင်ကြားခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အင်းစိန်သို့ ပြောင်းရွှေ့လာခဲ့ပြီး အင်းစိန်မြို့ အစိုးရအထက်တန်းကျောင်း အမှတ်(၄)တွင် ဒဿမတန်းအထိ ပညာသင်ကြားခဲ့သည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၆၈ ခုနှစ်တွင် အင်းစိန် ဒညင်းကုန်းအုတ်စက်ရုံအမှတ်(၁)တွင် ဝန်ထမ်းအဖြစ် အမှုထမ်းခဲ့သည်။ ပညာသည်(ထုတ်လုပ်ရေး)အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

စာပေဆုများ[ပြင်ဆင်ရန်]

  1. ၁၉၈၅ - စာပေဗိမာန်စာမူဆု ဝတ္ထုတိုပေါင်းချုပ်(တတိယ)ဆု - ဗျိုင်းမည်းနှင့်အခြားဝတ္ထုတိုများ
  2. ၁၉၉၂ - အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) - ဆယ့်နှစ်ကြိုးဝတ္ထုတိုများ (အားမာန်သစ်စာပေ)
  3. ၂၀၀၇ - အမျိုးသားစာပေဆု (ဝတ္ထုတိုပေါင်းချုပ်) - အိမ်ကလေး ၁၆ လုံး (ပုဂံစာအုပ်တိုက်)
  4. ၂၀၁၀ - အမျိုးသားစာပေဆု (ဘာသာပြန် (ရသ)) - ရေကန်သာ ကြာတိုင်းအေး (ပုဂံစာအုပ်တိုက်)

ရေးသားပြီးသော စာအုပ်အချို့[ပြင်ဆင်ရန်]

30em


ကိုးကား[ပြင်ဆင်ရန်]

  1. ရွှေရည်မြတ်မွန် (၂၀၁၈)။ နေဝင်းမြင့်၏ ဝတ္ထုတိုများမှ စကားအသုံးအနှုန်းဟန်[လင့်ခ်သေ] J. Myanmar. Acad. Arts Sci Vol. XVI No. 6B, Myanmar Academy of Arts and Science, p. 415-435.