ကြံ့သူတော်

ဝီကီပီးဒီးယား မှ
ကြံ့သူတော်
Schabrackentapir Tapirus indicus Tiergarten-Nuernberg-1.jpg
မျိုးရိုးခွဲခြားခြင်း
လောက:
Animalia
မျိုးပေါင်းစု:
မျိုးပေါင်း:
မျိုးစဉ်:
မျိုးရင်း:
Tapiridae
မျိုးစု:
Tapirus
ဒွိနာမ
Tapirus indicus
Malayan Tapir area.png
ကြံ့သူတော်
Temporal range: 33–0 Ma
OligoceneHolocene
South American tapir (Tapirus terrestris).JPG
South American tapir
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Mammalia
မျိုးစဉ်: Perissodactyla
Superfamily: Tapiroidea
မျိုးရင်း: Tapiridae
Brünnich, 1772
Genera

ကြံ့သူတော်သည် အရွယ်အစားကြီးမားသော အသီးအရွက်စားသတ္တဝါ ဖြစ်သည်။ ဝက်နှင့် ပုံပန်းသဏ္ဌာန်ချင်း ဆင်တူ သည်။ တိုပြီး လှုပ်ယိမ်းနိုင်သော နှာတံ ရှိသည်။ ကြံ့သူတော်ကို တရရှူးဟုလည်း ခေါ်ကြသည်။ ကြံ့သူတော်များကို တောင်အမေရိကတိုက်ဗဟိုအမေရိကနှင့် အရှေ့တောင်အာရှတို့ရှိ သစ်တောများနှင့် တောအုပ်များတွင် တွေ့ရလေသည်။ မျိုးစိတ်ငါးမျိုး ရှိပြီး အားလုံးသည် တာပီရီဒေးမျိုးရင်းတွင် ပါဝင်လေသည်။ ယင်းတို့မှာ ဘရာဇီးကြံ့သူတော်မလေးကြံ့သူတော်ဗဟိုအမေရိကကြံ့သူတော်ကာဘိုမာနီကြံ့သူတော်နှင့် တောင်ကြံ့သူတော်တို့ ဖြစ်သည်။ ကြံ့သူတော်များ၏ အနီးစပ်ဆုံးဆွေမျိုးများမှာ ခွာမစုံသောစားမြုံ့ပြန်နို့တိုက်သတ္တဝါများဖြစ်ပြီး မြင်းမြည်းမြင်းကျားနှင့် ကြံ့များ ဖြစ်သည်။

သွင်ပြင်လက္ခဏာ[ပြင်ဆင်ရန်]

ကြံ့သူတော်သည် ဆင်လည်းမမည်၊ ဝက်လည်းမကျ ဖြစ် သောကြောင့်၊ ပုံပန်းသဏ္ဌာန်မှာ အတော်ပင် အချိုးမကျချေ။ ယင်းတွင် နှာမောင်းတစ်ခုပါရှိရာ၊ ထိုနှာမောင်းမှာ အတိုစား ဖြစ်သဖြင့်၊ ခပ်လှမ်းလှမ်းမှ ကြည့်လျှင် ကြံ့သူတော်သည် ဦးချို မပါသော ကြံ့နှင့် ဆင်တူသည်။ ကြံ့သူတော်၏ကိုယ်တွင် ချော မွတ်သော အမွေးတိုများ ဖုံးလွှမ်းလျက်ရှိ၏။ အာရှတိုက်ရှိ ကြံ့ သူတော်မျိုးတွင် ခြေလက်နှင့် ကိုယ်ရှေ့ပိုင်းတို့သည် အနက် သို့မဟုတ် အညိုရင့်ရောင်ရှိ၍၊ ကိုယ်ဘေးနှင့် နောက်ပိုင်းတို့၌ ဖြူညစ်ညစ်အရောင်ရှိသည်။ အမေရိကတိုက်ရှိ ကြံ့သူတော်များ၌ တစ်ကိုယ်လုံးပင် အညိုရောင် သို့မဟုတ် အနက်ရောင် ရှိကြ သည်။ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံရှိ ကြံ့သူတော်မျိုးမှာ တောထူထပ်သောဒေသများတွင်သာ နေလေ့ရှိသည်။ အန်းဒီးတောင်တန်း၌ တွေ့ရသောအမျိုးမှာ ပေ ၇ဝဝဝ၊ ၈ဝဝဝ ကျော် မြင့်သော ကုန်းမြင့်ဒေသများ၌ နေလေ့ ရှိသည်။ အမေရိကတိုက် အလယ်ပိုင်း၌လည်း လူသိနည်းသော ကြံ့သူတော် တစ်မျိုးရှိသေးသည်။

အစားအစာ[ပြင်ဆင်ရန်]

ကြံ့သူတော်တို့၏ အဓိကအစာမှာ သစ်ရွက်နုနှင့် သစ်သီး သစ်ဖုများ ဖြစ်သည်။ ကြံ့သူတော်သည် ရှေးကျသော တိရစ္ဆာန် ဖြစ်၏။ ယင်းတို့သည် တစ်ခါက မြောက်ကမ္ဘာလုံးခြမ်းတွင် အနှံ့အပြားနေထိုင်ခဲ့ကြဘူးသည်။ ထို့နောက်မှ အမေရိကတိုက် နှင့် မလေးရှားကျွန်းဆွယ် အစွန်အဖျားဒေသတို့သို့ အပျံ့အနှံ့ ရောက်ရှိ သွားကြခြင်း ဖြစ်လေသည်။

အလေ့စရိုက်[ပြင်ဆင်ရန်]

ကြံ့သူတော်သည် ကြောက်တတ်သော တိရစ္ဆာန်မျိုး ဖြစ်၍ တောနက်ကြီးများထဲ၌ တစ်ကောင်ချင်း အေးအေးဆေး ဆေး နေတတ်သည်။ နွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် ယင်းတို့ကို ကမ္ဘာဟောင်းကမ္ဘာသစ်ရှိ ပူအိုက်သောဒေသများတွင် တွေ့ရလေ့ရှိသည်။ ယင်းတို့ကို မလေးရှားကျွန်းဆွယ်၊ အမေရိကတိုက်အလယ်ပိုင်းနှင့် တောင်အမေရိကတိုက်တွင် အတွေ့ရများ လေသည်။ ကမ္ဘာဟောင်းရှိ ကြံ့သူတော်တို့သည် ကမ္ဘာသစ်ရှိ ကြံ့သူတော်များထက် ပိုမိုကြီးမားကြသည်။ မလေးရှားကျွန်းဆွယ်ရှိ ကြံ့သူတော်သည် အလျား ၈ ပေခန့်ရှိ၍ ပခုံးအထိ အမြင့်မှာ ၃ ပေ ၃ လက်မမျှ မြင့်၏။ မြန်မာနိုင်ငံ၌၊ ထားဝယ်နယ်၊ မြိတ်နယ်ဖက်တွင် ကြံ့သူတော်များကို တွေ့ရသည်။

ကြံ့သူတော်တို့သည် တစ်ကြိမ်လျှင် တစ်ကောင်ကျသာ မွေးလေ့ရှိသည်။ အရွယ်မရောက်သေးသော ကြံ့သူတော် ကလေး များတွင် အနက်ရောင်ရှိသော ကိုယ်ပေါ်၌ အဝါနှင့်အဖြူအစင်း ကျားများ ပါရှိလေသည်။ ကြံ့သူတော်တို့သည် အကြောက် အလန့်ကြီးသည်မှာ မှန်သော်လည်း၊ ကြံ့သူတော်သားအုပ်မ တို့ကား၊ မိမိတို့၏သားငယ်များကို အသက်ပေး၍ ကာကွယ် စောင့်ရှောက်လေ့ရှိကြသည်။ [၁]

ရှင်သန်ဆဲ မျိုးစိတ်များ[ပြင်ဆင်ရန်]

!Image Scientific name Common name Distribution Notes
Bairds Tapir.jpg Tapirus bairdii(Gill, 1865) Baird's tapir (also called the Central American tapir) Mexico, Central America and northwestern South America Includes Kabomani tapir(Tapirus kabomani).
Lowland Tapir (Tapirus terrestris) male (27546923604).jpg Tapirus terrestris(Linnaeus, 1758) South American tapir(also called the Brazilian tapir or lowland tapir) Venezuela, Colombia, and the Guianas in the north to Brazil, Argentina, and Paraguay in the south, to Bolivia, Peru, and Ecuador in the West.
Tapirus pinchaque portrait.jpg Tapirus pinchaque(Roulin, 1829) Mountain tapir (also called the woolly tapir) Eastern and Central Cordilleras mountains in Colombia, Ecuador, and the far north of Peru.
Schabrackentapir Tapirus indicus Tiergarten-Nuernberg-1.jpg Tapirus indicusDesmarest, 1819 Malayan tapir (also called the Asian tapir, Oriental tapir or Indian tapir) Indonesia, Malaysia, Myanmar, and Thailand May be placed in Acrocodia

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)