ကြောင်မြွေ

ဝီကီပီးဒီးယား မှ
ကြောင်မြွေ
en:Boiga dendrophila, mangrove snake
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Reptilia
မျိုးစဉ်: Squamata
မျိုးစဉ်သေး: Serpentes
မျိုးရင်း: Colubridae
မျိုးရင်းသေး: Colubrinae
မျိုးစု: Boiga
Fitzinger, 1826

ကြောင်မြွေ (Boiga) သည် Colubridae မျိုးရင်းဝင်ဖြစ်ပြီး လူကိုအန္တရာယ်မဖြစ်စေနိုင်သော အဆိပ်ပျော့ရှိကြသည်။ ကြောင်မြွေ မျိုးစိတ်များသည် အရှေ့တောင်အာရှအိန္ဒိယနှင့် သြစတြေးလျတို့၏ ဒေသရင်း မျိုးစိတ်များဖြစ်သော်လည်း ၎င်းတို့၏ အလွန်ဒဏ်ခံနိုင်သော သဘာဝနှင့် လိုက်လျောညီထွေရှိမှုများကြောင့် ကမ္ဘာတစ်ဝှမ်းရှိ သင့်တင့်လျောက်ပတ်သော နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။ ဤမြွေမျိုးစုတွင် အသိအမှတ်ပြုထားပြီး မျိုးစိတ် ၃၈ မျိုးရှိသည်။ ခေတ်ဟောင်း ကြောင်မြွေများနှင့်ပတ်သက်၍ Jiří Smíd မှ ပြုလုပ်ခဲ့သည့် လေ့လာမှုအရ ကြောင်မြွေ၏ မျိုးရိုးသည် အာဖရိကမှအစပြုကာ အခြားနိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ကွဲပြားမှုများရှိသော်လည်း မတူညီသောမျိုးစိတ်များ တည်ရှိနေမှုသည် အပူချိန်နှင့် မိုးရွာသွန်းမှုကဲ့သို့ အလွန်တူညီသောလိုအပ်ချက်များရှိသည်။[၁]

မျိုးစိတ်များ နှင့် မျိုးစိတ်ခွဲများ[ပြင်ဆင်ရန်]

အမေရိကန်ပြည်ထောင်စု၊ အမျိုးသားသတ္တဗေဒဥယျာဉ်ရှိ ဒီရေတောမှ ကြောင်မြွေတစ်ကောင်

အောက်ဖော်ပြပါ မျိုးစိတ်များနှင့် မျိုးစိတ်ခွဲများကို တရားဝင်အဖြစ် အသိအမှတ်ပြုထားသည်။[၂]

  • Boiga andamanensis (Wall, 1909) – အက်ဒမန် ကြောင်မြွေ
  • Boiga angulata (W. Peters, 1861) – Leyte ကြောင်မြွေ
  • Boiga barnesii (Günther, 1869) – Barnes ၏ ကြောင်မြွေ
  • Boiga beddomei (Wall, 1909) – Beddome ၏ ကြောင်မြွေ
  • Boiga bengkuluensis Orlov, Kudryavtzev, Ryabov & Shumakov, 2003
  • Boiga blandingii (Hallowell, 1844) – Blanding ၏ သစ်ပင်မြွေ
  • Boiga bourreti Tillack, Ziegler & Le Khac Quyet, 2004
  • Boiga ceylonensis (Günther, 1858) – သီရိလင်္ကာကြောင်မြွေ
  • Boiga cyanea (A.M.C. Duméril, Bibron & A.H.A. Duméril, 1854) - ကြောင်မြွေစိမ်း
  • Boiga cynodon (F. Boie, 1827) – ခွေးသွားကြောင်မြွေ
  • Boiga dendrphila (F. Boie, 1827) – ရွှေရောင်ကြောင်မြွေ၊ ဒီရေတောမြွေ
    • Boiga dendrphila annectens (Boulenger, 1896)
    • Boiga dendrphila dendrphila (F. Boie, 1827)
    • Boiga dendrophila divergens Taylor, 1922
    • Boiga dendrophila gemmicincta (A.M.C. Duméril, Bibron & A.H.A. Duméril, 1854)
    • Boiga dendrophila latifasciata (Boulenger, 1896)
    • Boiga dendrophila levitoni Gaulke, Demegillo & G. Vogel, 2005
    • Boiga dendrphila multicincta (Boulenger, 1896)
    • Boiga dendrphila occidentalis Brongersma, 1934
  • Boiga Dightoni (Boulenger, 1894) - Pirmad ကြောင်မြွေ
  • Boiga drapiezii (H. Boie in F. Boie, 1827) - အဖြူရောင် ကြောင်မြွေ
  • Boiga flaviviridis G. Vogel & Ganesh, 2013
  • Boiga forsteni (A.M.C. Duméril, Bibron & A.H.A. Duméril, 1854) - Forsten ၏ကြောင်မြွေ
  • Boiga gocool (Gray, 1835) – မြှားပစ်သစ်ပင်မြွေ
  • Boiga guangxiensis Wen, 1998
  • Boiga hoeseli Ramadhan, Iskandar & Subasri, 2010
  • Boiga irregularis (Merrem, 1802) – သစ်ပင်မြွေညို
  • Boiga jaspidea (A.M.C. Duméril, Bibron & A.H.A. Duméril, 1854) - jasper ကြောင်မြွေ
  • Boiga kraepelini (Stejneger, 1902) – Kelung ကြောင်မြွေ
  • Boiga melanota (Boulenger, 1896)
  • Boiga multifasciata (Blyth, 1861) – ကြောင်မြွေကွင်းစွပ်
  • Boiga multomaculata (F. Boie, 1827)ကြောင်မြွေပွေး
  • Boiga nigriceps (Günther, 1863) – ခေါင်းနက်ကြောင်မြွေ
  • Boiga nuchalis (Günther, 1875) - ကြောင်မြွေလည်ထောင်
  • Boiga ochracea (Günther, 1868)ကြောင်မြွေဝါ
  • Boiga philippina (W. Peters, 1867) - ဖိလစ်ပိုင်ကြောင်မြွေ
  • Boiga quincunciata (Wall, 1908)
  • Boiga saengsomi Nutphand, 1985 - ကြောင်မြွေကျား
  • Boiga schultzei Taylor, 1923 - Schultze ၏ သစ်ပင်မြွေကတုံး
  • Boiga siamensis (Nutphand, 1971) – ကြောင်မြွေမွဲ
  • Boiga tanahjampeana Orlov & Ryabov, 2002
  • Boiga thackerayi Giri, Deepak, Captain, Pawar & Tillack, 2019 - Thackeray ၏ကြောင်မြွေ
  • Boiga trigonata (Schneider, 1802) - အိန္ဒိယဂမ်မာမြွေ
    • Boiga trigonata trigonata (Schneider, 1802)
    • Boiga trigonata melanocepala (Annandale, 1904)
  • Boiga wallachi Das, 1998 - နီကိုးဘား ကြောင်မြွေ
  • Boiga westermanni Reinhardt, 1863 - အိန္ဒိယကြက်ဥစားမြွေ
  • Boiga whitakeri Ganesh, Mallik, Achyuthan, Shanker & G. Vogel, 2021 - Whitaker ၏ကြောင်မြွေ

ပုံပန်းသွင်ပြင်[ပြင်ဆင်ရန်]

ကြောင်မြွေများသည် ကြီးမားသော ဦးခေါင်းနှင့် မျက်လုံးကျယ်များရှိပြီး ခန္ဓာကိုယ်ရှည်သော မြွေများဖြစ်သည်။ ၎င်းတို့သည် ပုံစံနှင့် အရောင်အားဖြင့် များစွာကွဲပြားသည်။ မျိုးစိတ်များစွာသည် အဝိုင်းကွင်းများရှိသော်လည်း အချို့မှာ အစက်အပြောက်ရှိပြီး အချို့မှာ အရောင်တစ်ရောင်တည်းဖြစ်သည်။ အရောင်များသည် ပုံမှန်အားဖြင့် အနက်ရောင်၊ အညို သို့မဟုတ် အဖြူနှင့် အစိမ်းရောင် သို့မဟုတ် အဝါရောင် တို့ဖြစ်သည်။[ကိုးကားချက်လိုသည်]

နေထိုင်ပြုမူပုံ[ပြင်ဆင်ရန်]

ကြောင်မြွေ မျိုးစုများသည် အဓိကအားဖြင့် အပင်ပေါ်နေသည့် မြွေများဖြစ်ပြီး၊[၃] ညအမှောင်ချိန်တွင် ကျက်စားသည့် မြွေများဖြစ်သည်။[ကိုးကားချက်လိုသည်]

အဆိပ်[ပြင်ဆင်ရန်]

ကြောင်မြွေများ၏ အဆိပ်သည် မျိုးစိတ်တစ်ခုနှင့်တစ်ခု ကွဲပြားသော်လည်း လူသားများအတွက် အန္တရာယ်ရှိသည်ဟု ယေဘူယျအားဖြင့် မယူဆကြပေ။ ၎င်းတို့၏ အဆိပ်သည် အများအားဖြင့် လူကို ဒုက္ခမပေးသောကြောင့် ၎င်းတို့သည် လူကြိုက်များသော ထူးခြားဆန်းပြားသော အိမ်မွေးတိရစ္ဆာန်များလည်းဖြစ်လေသည်။[ကိုးကားချက်လိုသည်]

ကိုးကား[ပြင်ဆင်ရန်]

  1. Genus Boiga at Wikispecies. species.wikimedia.org/wiki/Boiga.
  2. တွားသွားသတ္တဝါ ဒေတာဘေ့စ်ရှိ Boiga မျိုးစုဆိုင်ရာ အချက်အလက်များ
  3. Goin CJ, Goin OB, Zug GR (1978). Introduction to Herpetology, Third Edition. San Francisco: W.H. Freeman and Company. xi + 378 pp. ISBN 0-7167-0020-4. (Genus Boiga, p. 324).